Skip to main content

Su Phone Mo

စနစ်တစ်ခုလား။
ပတ်ဝန်းကျင်လား။
ဒါမှမဟုတ် ကိုယ်တိုင်လား။

လူအများစုက သက်သောင့်သက်သာရှိတဲ့
နေရာမှာပဲ နေချင်ကြတယ်။

မလုပ်မဖြစ် အခြေအနေ ကြုံမှသာ
အတင်းရုန်းကန်ပြီး လုပ်ကြတာမျိုး ရှိတယ်။

Higher Hierarchy ဆိုတာ
ရာထူး၊ လူ သို့မဟုတ် စနစ်တစ်ခုခုက
ကိုယ့်ထက် မြင့်တဲ့ Level မှာ ရှိနေတာကို ပြောတာ။

အဲဒီ Level က ကိုယ့်ကို Trigger လုပ်တဲ့အခါ
တုံ့ပြန်မှု နှစ်မျိုး ထွက်လာတတ်တယ်။

  • ပထမတစ်မျိုးက ကြောက်လို့ ထွက်ပြေးတဲ့သူ။
  • ဒုတိယတစ်မျိုးက ကြောက်ရက်နဲ့ ဖြစ်အောင်လုပ်ရင်း Stronger ဖြစ်လာတဲ့သူ။

ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ခွင့်ရှိတဲ့အခါ လူတွေက ကိုယ့်ကိုယ်ကိုယ် ညှာကြတယ်။

ဒါပေမဲ့ ဆရာ/ဆရာမ၊ အလုပ်ရှင် ဒါမှမဟုတ် System တစ်ခုခုက ခိုင်းတဲ့အခါ Deadline အမှီ ဖြစ်အောင် လုပ်ကြတယ်။

အဲဒီလို ဖိအားကြောင့် လုပ်ရတဲ့အခါ
နောက်ဆုံးမှာ ကြောက်ပေမဲ့
လုပ်ဖြစ်သွားတယ်။
သင်ယူဖြစ်သွားတယ်။

ဒါပေမဲ့ လူကြီးဖြစ်လာတဲ့အခါ
အဲဒီ Role ကို ဘယ်သူ့ကိုမှ မပေးတော့ဘဲ
ကိုယ်ဖြစ်ချင်သလိုပဲ လုပ်တော့တာမျိုး ရှိလာတယ်။
မလုပ်ချင်တဲ့ အခြေအနေ
ကြုံရင် ရှောင်ပြေးတတ်လာတယ်။

ရှောင်ပြေးပါများလာတဲ့အခါ
တကယ် လုပ်ရမယ့် အချိန်မှာ မလုပ်ဖြစ်တော့ဘူး။
မလေ့ကျင့်ဖြစ်တော့ဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို တွန်းအားပေးမယ့် Environment မရှိရင် ကိုယ်တိုင်ပဲ ဖန်တီးယူဖို့တော့လိုမယ်။

SuPhoneMo #CURI

Leave a Reply