Skip to main content

Su Phone Mo

ဘာလို့ အရေးကြီးလဲ ဆို နေ့စဥ်ဘ၀မှာရော ရေရှည် ဘ၀ပုံစံဖော်ဆောင်တဲ့ နေရာရော မှာ အသုံး၀င်လို့ပဲ။

ပြောရရင် ကိုယ်ဘာဖြစ်နေလဲဆိုတာ သိတဲ့ အခါ ဘယ်လမ်းကို သွားရမလဲ ဆိုတာ သိတဲ့ အတွက် ဘ၀မှာအချိန်တွေမဖြုန်းနေမိတော့ဘူး။

ကိုယ့်အတွက် မဟုတ်တဲ့ သူ အတွက် အချိန်မပေးမိတော့ဘူး။

ဒါလေးကို ဆု ရဲ့ လတ်တလော လုပ်ဖြစ်နေ သင်နေမိတဲ့ အကြောင်းအရာလေးနဲ့ ဥပမာပေးပါမယ်။

ဆု က သူများကို မျှ​ေ၀ ရတဲ့ အရာကို အရမ်းကြိုက်တယ်။

အကြံပေးရတာ ဆုရဲ့ ၀ါသနာပဲ။

ဒါပေမဲ့ ဆု ဘယ်တော့မှ ဆု အချိန်ကို အလကား အကုန်ဆုံးမခံ ပြီး လူတိုင်းကို အကြံတွေလိုက်မပေးနေဘူး။

ငွေကြေး သို့မဟုတ် ဒီအကြံကို Commitment level တခု နဲ့ အတူလာတဲ့ သူ သို့မဟုတ် ကိုယ်နဲ့ စကားလာပြောတဲ့သူထဲမှာ ကိုယ် တခုခု ပြန်ရတဲ့ သူတွေ ကိုပဲ အကြံပေးဖြစ်တယ်။ အခုလည်း ဆု အနေနဲ့လည်း Personal Development အတွက် လုပ်ရမဲ့ Plans တွေကို ငွေကြေးတခုနဲ့ လစဥ်ရောင်းချလျက်ရှိတယ်။ လူပေါင်း ၄၀၀၀ လောက် ဒီ Program မှာပါ၀င်လျှက်လည်းရှိတယ်။

ဘာမှပြန်မရရင်တောင်

ပြန်ရခြင်းဆိုတဲ့ နေရာမှာ Positive Energy လည်း ဖြစ်နေနိုင်တယ်။

ဘာလို့လဲ ဆိုတော့ လူ့ စိတ် က တခုခု ကိုယ်မရင်းနှီးထားရင် ပြောင်းလဲဖို့ အရွေ့ကို လည်း တခုခုရင်နှီးထားတဲ့ သူလောက် မပြင်းပြနေလို့ပဲဖြစ်တယ်။

ဒီတော့ ကိုယ့် Obession နဲ့လည်း ကိုက်ညီတဲ့ Coaching ပညာ ကို ကိုယ်လေ့လာပြီး Professional Coach တယောက် လုပ်မယ် စဥ်းစားပြီး သင်တန်းတက်ဖြစ်တယ်ဆိုပါတော့…

ဒါပေမဲ့ သင်တန်းမှာ Coach တယောက် ရဲ့ ရှိသင့်တဲ့ Personal life အကြောင်းပြောရင်းနဲ့

ကိုယ်ဟာ ဘယ်တော့မှ Coach ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်သွားရတယ်။

ထားရမဲ့ Boundary တွေက ကိုယ့်အတွက် တကူးတက လုပ်ယူစရာမလိုပေမဲ့

Freedom အရမ်းကြိုက်တဲ့ ကိုယ်ရဲ့ နေထိုင် ၀တ်ဆင်ပုံ ပြောဆိုပုံ တွေ ကို ပြောင်းလဲချင်လောက်အောင်

Professional Coaching Lifestyle ကို ကိုယ်မလိုချင်နေလို့ပဲ။ နောက်တခုက Potential Income အရကြည့်ရင်လည်း ကိုယ့်ကို တွန်းအားမဖြစ်စေတာလည်းပါမယ်။

ဆိုပါစို့ ။ မြန်မာနိုင်ငံမှာ Top-Notch Coach တယောက် ၀င်ငွေက ၁လ သိန်း ၁သောင်းဆိုတာ Coaching ၀င်ငွေတခုထဲက ရဖို့ မဖြစ်နိုင်သေးဘူး။

ဒါဟာ သင်နေတဲ့ သူရဲ့ Skill နဲ့ မဆိုင်ဘူး။

Purchasing Power အရ ရော Market Demand ကိုရော က မရှိတာ။

အဲတော့ ကိိုယ် ဟာ ဘယ်တော့မှ life coaching ကို professional အတွက်ရွေးချယ်ဖြစ်မှာမဟုတ်ဘူး။

နောက်တချက်က

ကိုယ်လိုချင်တဲ့ ဘ၀က “or” life မဟုတ်ဘူး။

“And” life ဖြစ်နေလို့ပဲ။

ဒီ အရာ သို့မဟုတ် ဒီအရာလုပ်ရမယ်ဆိုတဲ့ ဘ၀မျိုး ရမှာ က ကိုယ့်ရဲ့ အကြီးအမားဆုံး အကြောက်ဆုံး ဘ၀ပုံစံလိုပြောလို့ရတယ်။

ဒီ အရာ ရော နောက်အရာ ရော ရအောင် လုပ်မယ်ဆိုတဲ့ ဘ၀မျိုး ကိုပဲ ကိုယ်က လိုချင်တယ်။

ဆိုပါစို့။

မြန်မာနိုင်ငံမှာ Professional Coach အမျိုးသမီး တယောက်က Nude photography ရိုက်နေရင် သို့ Bikini Photos တွေ ရိုက်နေပြီး Professional Coach တယောက်လည်း လုပ်နေဖို့ ဆိုတာ မလွယ်ကူဘူး။ ဒါ မြန်မာမှာမှ မဟုတ်ပါဘူး။

ကမ္ဘာ မှာလည်း Professional Coach တွေ ရဲ့ Codes of Conduct နဲ့ အညီနေထိုင်ရတာတွေရှိပါတယ်။

အထူးသဖြင့် စိတ်ပညာ နဲ့ Directly Impact ဖြစ်တဲ့ လုပ်ငန်းတခုဖြစ်တဲ့ အတွက် ရောက်လာမဲ့ Client တယောက် ကိုယ့်အပေါ်ထားမဲ့ စိတ်ထားဆိုတာ

First impression မှာ အများကြီး သက်ဆိုင်နေတယ်။

ဒီလိုပြောလို့ ကိုယ်က Nude Photos တွေချည်းပဲ ရိုက်နေမှာ လည်းမဟုတ်သလို ရိုက်နေလို့ ဒီနယ်ပယ်ထဲ ကို လုံး၀ ၀င်မရဘူးလို့ ပြောတာလည်းမဟုတ်ဘူး။

ဘာလုပ်လုပ် ကိုယ့် အခြေအနေ သို့ အလုပ်အကိုင် သို့ အကြောင်းအရာ တခုခုကြောင့် ကိုယ် လုပ်ချင်တာတွေ မလုပ်နိုင်တော့မှာ

ကိုယ့်ကို ချုပ်နှောင်ခံလိုက်ရမှာ ကို အကြောက်ဆုံးဖြစ်လို့ ဒါ ငါ့အတွက် မဟုတ်ဘူး ဆိုတာ ကိုယ့်ဟာကို အဖြေထုတ်နိုင်တယ်ပြောလို့ရတယ်။

ကိုယ် တခါတုန်းက Six Human Needs အကြောင်း တင်ပေးဖူးသလိုပေါ့။

ကိုယ့် Human Needs မှာ ကိုယ့်အတွက်အရေးအကြီးဆုံးက Uncertainty နဲ့ Growth ဖြစ်တယ်။

ဒီတော့ ကိုယ်ဟာ ဘယ်တော့မှ ခြေဦးမလှည့်မဲ့ လုပ်ငန်းတွေ ဆိုရင်

− အသက် ၁၈ အောက် ကလေးတွေကို သင်ပြ တဲ့ ကျောင်းဆရာမ သို့ ကျောင်းအုပ်

− Professional life Coach တယောက်

အရမ်းကို အကြံပေး လုပ်ငန်းပဲ လုပ်ချင်ရင် နယ်ပယ်အသီးသီးက သိကျွမ်းတဲ့သူတွေကို ပြန်ခေါ်ပြီး Business Consultation Company က CEO တယောက်အနေနဲ့ သာ လုပ်ဆောင်ရင် လုပ်ဆောင်ဖြစ်လောက်မယ်ဆိုတာ သေချာသိသွားတယ်။

ဒါပေမဲ့ ဒီလိုပြောလို့ Coaching Class တွေ မတက်တော့ဘူးလားဆို မဟုတ်ဘူး။

Professional တယောက်လိုသာ မလုပ်ဘူး ဆုံးဖြတ်ထားတာပါ။

Coaching Skills ဆိုတာ ဘ၀မှာ တက်ကို တက်ထားသင့်တဲ့ Skill ထဲမှာ ဆုအတွက်တော့ပါတယ်။

မေးခွန်းမေးတတ်ခြင်း အတတ်ပညာ တခုဖြစ်နေလို့ပါ။

AI ခေတ် ဖြစ်လာတော့မဲ့ အနာဂတ်မှာလည်း မေးခွန်း တွေမမေးတတ်ရင် နောက်ကျ ကျန်နေမှာဖြစ်လို့ မေးခွန်းမေးတတ်ခြင်း အတတ်ပညာ နဲ့ Public Speaking ပညာ က နောက် ၁၀ နှစ် မှာ မရှိမဖြစ် အတတ်ပညာထဲမှာ ပါလာမှာဖြစ်လို့ပါ။

၀န်ထမ်းတွေကို one by one consultation လုပ်ရင်သော်လည်းကောင်း၊

လူအများနဲ့ ဆက်ဆံတဲ့ အခါ သူတို့ကို မေးခွန်းတွေမေးရင်း သူတို့ အမေးထဲမှာ အဖြေပြန်ရအောင် လုပ်တတ်ခြင်း မှာလည်း အသုံး၀င်နေပြန်တယ်။

Moral of the story ကတော့….

Professional Career တခုကို လုံး၀ မရွေးရသေးတဲ့ သူတယောက်ဆိုရင်

ကိုယ်ဘယ်လောက်ထိ ငွေရှာနိုင်ချင်တာလဲ…

ကိုယ်ဘယ်လို ဘ၀ပုံစံလိုချင်တာလဲ…

ကိုယ် ဘယ်နေရာမှာ ရှင်သန်ချင်တာလဲ…

ကိုယ် ဘယ်လိုလူတွေနဲ့ အလုပ်တူတူလုပ်ချင်တာလဲ…

လူအများကြီးနဲ့ ဆက်ဆံချင်တာလား… လူနည်းနည်းလေးနဲ့ ပဲ ပတ်သက် ပြီး အလုပ်လုပ်ချင်တာလား။

ဘယ်အရာကို ငွေ မရရင်တောင် မလုပ်ပဲ မနေနိုင်တာလဲ…

အဲအရာ ကို ကိုယ်သာလုပ်ရင် နယ်ပယ်မှာ ထိပ်ဆုံးထိ ရောက်နိုင်မှာလား (ကိုယ်က ထိပ်ဆုံးထိ မမျှော်မှန်းထားရင်လည်း ဒီမေးခွန်းချန်ခဲ့လို့ရပါတယ်)

ဒီမေးခွန်းတွေမေးပြီး Profesisonal Career ကိုရွေးချယ်နိုင်တယ်။

Professional Career ရွေးချယ်ပြီးသား ဖြစ်ပြီး

နောက် နယ်ပယ် တခုခု ကို ဆုလိုရွေးချယ်မယ်ဆိုရင်

အခု ရှာနိုင်တဲ့ ငွေထပ် ကျော်အောင်ရှာမှ ဖြစ်မှာလား…

အဲလိုရှာချင်တာလား… အဲလောက်ရှာချင်တာလား.. အဲထပ် နည်းလည်း အဆင်ပြေလား…

ကိုယ်ဘယ်လို ဘ၀ပုံစံလိုချင်တာလဲ…

ဒီ နယ်ပယ်အသစ်ကြောင့် ကိုယ် ကျေနပ်နေတဲ့ ဘ၀ပုံစံပြောင်းလဲရမှာလား…

ကိုယ် ရှင်သန်နေတဲ့ ပုံစံ အပြောင်းအလဲရှိမယ်ဆို ရင် ကောင်းသော ပြောင်းလဲခြင်းလား…

ကိုယ်မလိုချင်တဲ့ ကိုယ်မလိုအပ်တဲ့ ပြောင်းလဲမှုမျိုးလား….

ဒီနယ်ပယ်အသစ်က ကိုယ့် အခုရှိရင်းစွဲ လုပ်ငန်းကို တိုးတက်နိုင်မှာလား…

ကိုယ့် ရဲ့ တိုးတက်မှုကို တိုးမြင့်စေနိုင်လား.. လျော့ကျစေနိုင်လား…

ဒါတွေ မေးပြီး ထပ်မံရွေးချယ်နိုင်ပါတယ်။

ဒါတွေအားလုံးရဲ့ Key ကတော့ “Self Awareness” ဖြစ်ပါတယ်။

Leave a Reply