Skip to main content

Su Phone Mo

လူတွေက Short Cut ဆို အရမ်းကြိုက်ကြတယ်။
Short Cut တကယ်သွားလို့ရအောင် နည်းလမ်းတွေရှိတယ်။
ဒါပေမဲ့ မလုပ်ဘူး။
နည်းလမ်းတွေက အခြားမဟုတ်ဘူး။
အောက် က အချက်တွေကို ပြောင်းပြန်သာလုပ်ရင် အဲတာ Short Cut ပဲ။

မလုပ်သင့်တဲ့အချက်တွေက…
• ကျောင်းတက်မှ သင်ယူမယ်။
• အလုပ်ခွင်ရောက်မှ လေ့လာမယ်။
• ရာထူးတက်မှ တာဝန်ယူမယ်။
• ပိုက်ဆံရှိမှ စီမံမယ်။
• ကျန်းမာရေးချို့ယွင်းမှ အားကစားလုပ်မယ်။
• စိတ်အဆင်ပြေမှ စလုပ်မယ်။
• လူသိများမှ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်မယ်။
• အခွင့်အရေးရမှ အစွမ်းပြမယ်။


ငယ်တဲ့အရွယ်မှာ “စိတ်မပါဘူး၊ မလုပ်ချင်သေးဘူး” ဆိုပြီး ကိုယ်လုပ်ချင်တာလေးပဲ ရွေးလုပ်နေလို့ ရနိုင်ပါသေးတယ်။ ဒါပေမဲ့…

အသက်အရွယ်ရလာလို့ “စိတ်သွားတိုင်း ကိုယ်မပါတဲ့အချိန်” ရောက်လာတဲ့အခါ…
ဘာမှကြိုတင်ပြင်ဆင်မထားခဲ့ဘူးဆိုရင်တော့ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ၊ မလုပ်နိုင်ရင်တောင်မှ အတင်းရုန်းကန်လှုပ်ရှားရပါလိမ့်မယ်။ အဲဒီအချိန်ကျမှ စရရင် ဘ၀ တော်တော်ခက်ခဲမှာသိဖို့လိုတယ်။

တကယ့် Shortcut ဆိုတာ အခွင့်အရေးကို ထိုင်စောင့်နေတာမဟုတ်ဘဲ အခွင့်အရေးရောက်လာတဲ့အခါ တန်းဖမ်းနိုင်အောင် “အမြဲတမ်း သင်ယူပြင်ဆင်နေခြင်း” သာ ဖြစ်ပါတယ်။

Leave a Reply