Skip to main content

Su Phone Mo

ဘာလို့ ကျောင်းတွေမှာ စာသင်ခန်းထဲ ထိုင်ခုံတွေကို တန်းစီထားရတာလဲ? စက်ဝိုင်းပုံစံ စီလို့မရဘူးလား?
ဒီလို အတွေးမျိုးက Lateral Thinkin လို့ခေါ်တယ်။
ပုံမှန်တွေးနေကြမဟုတ်တဲ့ အတွေးမျိုးပေါ့။

မြန်မာနိုင်ငံကျောင်းပညာရေးတွေက Linear Thinkin လို့ခေါ်တဲ့ တဖြောင့်တည်းတွေးပုံပဲ သင်ပေးလိုက်တယ်။
Lateral thinking တွေးဖို့ ကို တော်တော်လေ့ကျင့်ယူကြရတယ်။

Linear စဉ်းစားနည်း ဥပမာများ တွေပြောရမယ်ဆို….
• ပြဿနာ ကို step by step ဖြေရှင်းတယ်
• ငွေစုချင်ရင် အသုံးစရိတ်လျှော့ချမယ်
• အိမ်စာများရင် ညဉ့်နက်တဲ့အထိ ထိုင်လုပ်မယ်

Lateral စဉ်းစားနည်း ဥပမာ တွေက…
• Out of the box solution တွေ ရှာတယ်
• ငွေစုချင်ရင် ဝင်ငွေတိုးအောင် နည်းလမ်းရှာမယ်
• အိမ်စာများရင် အရေးကြီးတာတွေကို ခွဲချပြီး ခေါင်းထဲ အမြန်ရောက်အောင် ဘယ်လိုမှတ်ရမလဲ သိတယ်

တကယ့်လက်တွေ့မှာ Lateral Thinkin ပိုင်းကို အားသာချင်တယ်ဆိုရင် အောက်က အချက်တွေလုပ်ကြည့်ပါ။
၁။ Daily routine တစ်ခုကို ဒီနေ့ ပုံစံအသစ်နဲ့ လုပ်ကြည့်ပါ
၂။ Meeting တစ်ခုမှာ မထင်မှတ်လောက်တဲ့ အသစ်အဆန်း တစ်ခု မေးကြည့်ပါ
၃။ နေ့စဉ်ပြဿနာတစ်ခုကို ၅မိနစ် အချိန်ယူပြီး နည်းလမ်း ၃မျိုးလောက် စဉ်းစားပါ

ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်းများ တွေက….
“ဒီအရာက ဒီလိုဖြစ်နေရတာ တကယ်ပဲ အကောင်းဆုံးလား?”
“ငါ ဘာကြောင့် ဒီလိုပဲ တွေးနေတာလဲ?”
“တခြားဘယ်သူက ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?”

တခုသတိထားရမှာက… နှစ်မျိုးလုံးက အားသာချက်ရှိတယ်။ အခြေအနေပေါ် မူတည်ပြီး ရွေးချယ်သုံးစွဲတတ်ဖို့က အရေးကြီးဆုံးပါ။
————————-
Why are desks in classrooms always arranged in rows? Why not arrange them in a circular shape?
This type of thought process is called Lateral Thinking.
It involves thinking in ways that go beyond conventional patterns.

In Myanmar’s education system, Linear Thinking—a straightforward and sequential approach—is predominantly taught.
Developing lateral thinking requires consistent practice and effort.

Examples of Linear Thinking:

• Solving problems step by step.
• Reducing expenses to save money.
• Staying up late to complete homework.

Examples of Lateral Thinking:

• Coming up with out-of-the-box solutions.
• Finding ways to increase income instead of just cutting expenses.
• Breaking homework into key sections and discovering techniques to memorize them efficiently.

If you want to enhance your lateral thinking skills in real life, try the following steps:

1. Perform a daily routine in a completely new way.
2. Ask an unconventional or unexpected question during a meeting.
3. Spend 5 minutes brainstorming three different ways to solve a daily problem.

Questions to reflect on:

“Is this truly the best way to approach this task?”
“Why am I thinking about it in this particular way?”
“How might someone else solve this problem differently?”
Keep in mind that both linear and lateral thinking have their strengths.

The key is to understand the situation and choose the most suitable approach accordingly.

#CreativeThinking #ProblemSolving #Innovation #suphonemovlog #suphonemologic #suphonemoquote #curiousinsighter

Leave a Reply