Skip to main content

Su Phone Mo

သူစိမ်းတယောက်ကပေးတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ တိုက်ခိုက်မှုတွေ၊ စိတ်မလုံခြုံမှု၊ အပြုအမူတွေကို ဘယ်လို အေးအေးဆေးဆေးဖြတ်သန်းလဲ ဆိုတော့ သဘောတရား (၂)ခု နဲ့ ဖြတ်သန်းတယ်။

►စိတ်ပညာအရ လူတွေက အပြည့်အ၀ လက်ခံထားတဲ့ အရာ နဲ့ လုံး၀ သူတို့ နဲ့ မသက်ဆိုင်တဲ့အရာ ၊ မဖြစ်ပျက်နေတဲ့ အရာတွေကို ဝေဖန်ရင် မနာတတ်ကြဘူး။ ခေတ်စကားအရပြောရရင်တော့ မစပ်ကြဘူးပေါ့။

► ကိုယ်နဲ့ လုံး၀မသက်ဆိုင်တဲ့ အရာ၊ မဖြစ်ပျက်နေတဲ့အရာ ကို လာပြောပြီး တိုက်ခိုက်နေတဲ့ အရာကို သာဓက ပေးရရင်…

ကိုယ်ဆံပင်က တခေါင်းလုံး အမဲရောင်။ ဒါကို “နင့်ရဲ့ အဝါရောင်ဆံပင်ကြီးက ရုပ်ဆိုးလိုက်တာ” လို့ပြောရင် “ဘာတွေလာပြောနေတာလဲ။ ငါ့မှာအဝါရောင် ဆံပင်ပါ့မရှိတာ” လို့ ပြန်ပြောလိမ့်မယ်။ စိတ်ထဲလည်း ဘာကြောင့်များ ငါအပြောခံရတာပါလဲဆိုပြီး ခံစားနေရမှာမဟုတ်ဘူး။

ပိန်သွယ်နေတဲ့ အမျိုးသမီးကို “၀လိုက်တာ အရမ်းပဲ” လို့ တိုက်ခိုက်ရင်လည်း စိတ်ထိခိုက်နေမှာမဟုတ်ဘူး။ဒီသဘောတရားပဲ။

► ဒါကြောင့် တိုက်ခိုက်မှုတွေမှာ ကိုယ်လက်မခံချင်တဲ့ အမှန်တွေ ပါနေရင် နာတတ်တယ်။

► နောက် တချက်ကတော့ လုံး၀လက်ခံထားတဲ့ အရာ ၊ အထူးသဖြင့် အဲအမှန်တရားက သူများအတွက် တိုက်ခိုက်စရာလို့ မြင်ပေမဲ့ ကိုယ့်လက်ရှိဘ၀အတွက် အပြစ်အနာအဆာ လို့ ပြောမရနေတော့တဲ့ အခြေအနေ မျိုးမှာ ကိုယ်က ရှိနေရင်လည်း အဲ့အရာကို ထောက်ပြတာ၊ ဝေဖန်တာက နာချင်မှနာတော့မယ်။

ဥပမာ။ “သူက ရည်းစားတွေ သိပ်များခဲ့တာလေ… ” ဆိုတဲ့ ဝေဖန်မှုမျိုးက အတိတ်နဲ့ ပတ်သက်ပြီး အနည်းငယ်လေးတောင် သိမ်ငယ်ခြင်း ကိုမခံစားစေရတဲ့ Healthy Relationship မျိုး သို့ ပတ်၀န်းကျင် မျိုးကို ပိုင်ဆိုင်ထားတဲ့သူကို သွားပြောရင် ရယ်ချင်စရာဖြစ်နေချင်ဖြစ်နေနိုင်တယ်။

“သူက ၁၀တန်းတောင်အောင်တာမဟုတ်ဘူး ” ဆိုတဲ့ ကဲ့ရဲ့သံကို အသက်မွေး၀မ်းကြောင်း မှာ ထွန်းပေါက်နေတဲ့ လူတယောက်ကို သွားပြောရင်လည်း အဲ့လူက ဖြုံမှာတောင်မဟုတ်ဘူး။

► ဒါကြောင့် ဆုက တော့ ဒီအရာတွေ ခံနိုင်ဖို့ဆို အကြောင်းပြချက်မရှိပဲ လျစ်လျူရှုခြင်းဆိုတာကို လက်ကိုင်ထားတာထပ် လူတွေ ထောက်ပြအပြစ်တင်နိုင်မဲ့ ကိုယ့်ရဲ့ အားနည်းချက် သို့မဟုတ် သူတို့ သက်မှတ်ထားတဲ့ စံနှုန်း တွေက ကိုယ့်ဘ၀အတွက် လက်ခံပြီး ခံစားနေရမဲ့ ဘ၀စံနှုန်းလို့ကို မသက်မှတ်ထားခြင်း၊ ဆုက စိတ်ထဲမထားခြင်းကိုရွေးချယ်တယ်။

► နောက်ထပ် ဥပဒေဿ ကတော့

ခပ်ချေချေ Attitude နဲ့ ပြောရရင်တော့

“Who influences whom?” ဆိုပြီး Reality Check လုပ်လိုက်တာမျိုး လည်း လုပ်တာမျိုးလုပ်လေ့ရှိတယ်။

► “ဘယ်သူက ဘယ်သူ့ကိုလွှမ်းမိုးမှာ မလို့လဲ” ဆိုတာမျိုးပေါ့။

“သူတို့က ငါ့ အကြည်ဓာတ်ကို ဖျက်စီးနိုင်လောက်အောင် သူတို့က ဘယ်သူမလို့လဲ”

“ငါကို လွှမ်းမိုးနိုင်လောက်အောင် ပြောနေတဲ့သူက ဘာအကြောင်းတရားရှိနေလို့လဲ”

ဒီလို မျိုးလည်း ဆိုနိုင်တယ်။

► ဆုအနေနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ တိုက်ခိုက်မှုတွေ၊ စိတ်မလုံခြုံမှု၊ အပြုအမူ တွေကို လူတယောက်က လာလုပ်နေရင် ဒီလို သဘောတရား ကို လက်ကိုင်ထားတာကို ပြသင့်တယ်လည်းမြင်တယ်။

► တခုတော့ ဒီသဘောတရားမှာ သတိထားရမှာရှိတယ်။

ဒါက Negative People တွေ အတွက်သာ လက်ခံထားမျိုးလုပ်ပါ။ နင့်မို့ဆို ကိုယ့်သင်ယူနိုင်စွမ်း ၊ လူမှုဆက်ဆံရေးနဲ့ အမှန်တရားတွေကိုပါ မမြင်လာနိုင်တော့တာမျိုးတွေပါ ရှိလာနိုင်တယ်။

အနှစ်ချုပ်ပြောရရင်

ဘာတိုက်ခိုက်တိုက်ခိုက်မဖြုံတော့ဘူးဆိုတာ self-defense နဲ့အတင်းကြီး မဖြုံတော့တာ မဟုတ်ဘူး။

သူတို့ပြောနေတာ နဲ့ ကိုယ့်အမှန်တရားက လားလားမှ မသက်ဆိုင်တာတကြောင်းရယ်၊

သူတို့ ပြောနေတဲ့ သူတို့ ရဲ့ အမှန်တရားတွေက ကိုယ့် ဖြစ်တည်နေတဲ့ ဘဝ ကို ရိုက်ခတ်လောက်အောင် မပြင်းထန်နေလို့ပဲ။

ကိုယ်တိုင်ရော ဘယ်လို သဘောတရားနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ တိုက်ခိုက်မှုတွေ၊ စိတ်မလုံခြုံမှု၊ အပြုအမူ တွေကို ကျော်ဖြတ်လဲ…. ??????

When dealing with negative behaviors, insecurities, and actions from one person to another, two key principles are involved:

► According to human psychology, people are not hurt by criticism about things they fully accept about themselves or consider completely irrelevant. For instance, if your hair is actually black and someone criticizes you for having ‘ugly yellow hair,’ you’re likely to be confused rather than offended because the criticism doesn’t align with your reality. Similarly, if a medically slim person is called fat, they might dismiss the judgment as false, thus not feeling deeply hurt.

► Criticism or attacks that contain a truth or half-truth we don’t want to accept tend to offend us. Sensitivity varies from person to person regarding what triggers them.

► When criticisms target aspects we’ve accepted or no longer affect us, we’re less likely to be offended. Criticisms about past behaviors or flaws lose their impact if we’ve moved past those aspects in our lives.

For example, judgments about having had many partners lose their relevance when you’re in a healthy relationship, or when you’re part of an environment that accepts you for who you are, regardless of your past relationships.

► To manage attacks and criticisms, adopting a different standard or perspective on alleged flaws, or creating a life where these flaws no longer affect us, can be more effective than ignoring them without reason.

Another principle involves self-reflection:

► Regularly question the influence others have over your inner peace. Asking ‘Who influences whom?’ helps assess the significance of others’ opinions. While this may sound arrogant, it’s a form of self-protection against negativity.

► Caution is advised, as this mindset is best applied to negative influences. Being overly dismissive can blind you to valuable feedback from positive relationships in your life.

What strategies do you apply to confront negative attacks and insecurities to overcome them?

Leave a Reply