Skip to main content

Su Phone Mo

တနေ့က သူငယ်ချင်းက ပြောတယ်။

“ငါစိတ်ရင်းက ဒီလိုတွေ ပြောဆိုဆက်ဆံချင်တာ မဟုတ်ဘူး။

ဒီလိုပြောတဲ့ အခြေအနေ ရောက်လာလို့ ပြောရတာ။

ငါ့ဦးနှောက်အဆင့်အတန်းနဲ့ ဒီလိုအပြောအဆိုတွေက မကိုက်ညီဘူး။

အဲလို မကိုက်ညီတဲ့ level ထိ ဆင်းပြီး ပြောရတာ — ငါနဲ့ငါ အဆင်မပြေဘူး” တဲ့။

အကြောင်းအရင်းက

ကိုယ်တွေမှာ

စိတ်တိုလို့ပြောမိတဲ့အခြေအနေတွေရှိနိုင်မယ်။

ကိုယ်နဲ့မကိုက်ညီတဲ့စကားဝိုင်းက ကောက်ထလို့မကောင်းလို့ ပါဝင်ခဲ့ရတဲ့ အခြေအနေတွေရှိမယ်။

ကိုယ့် Boundary ကို လာလာစမ်းတဲ့လူတွေရှိမယ်။

ကိုယ့် တန်ဖိုးတွေနဲ့ မကိုက်ညီတဲ့ လူတွေနဲ့ ပတ်သက်ရတာရှိမယ်။

စတဲ့ အခြေအနေမျိုးတွေတွေ့တိုင်း

ကို​ယ့်စံနှုန်းနဲ့မကိုက်ညီတဲ့ တုံ့ပြန်မှုမျိုးလုပ်မိခဲ့တာရှိနိုင်တယ်။

ကိုယ့်တန်ဖိုးနဲ့ ကိုက်ညီမှုမရှိတဲ့ တုံ့ပြန်မှုမျိုး လုပ်မိတဲ့အခါ

ပထမဆုံး ထိခိုက်တာ သူမဟုတ်ဘူး —

ကိုယ်ပဲ။

ဒီလို အဆင်မပြေခံစားရတာက “ကိုယ် level ကျသွားလို့” မဟုတ်ဘူး။

ဒါက Cognitive Dissonance ဖြစ်တယ်။

ကိုယ် ဘယ်သူဆိုတာနဲ့ ကိုယ် ဘာလုပ်လိုက်တာနဲ့

မကိုက်ညီတဲ့အခါ brain က ချက်ချင်း signal ပို့တယ်။

ချက်ချင်းအသိနဲ့သတိပြန်ကပ်ရမယ်။

ဒါဆို ဘာလုပ်မလဲ။

၀၁ — ပြောပြီးချင်း ခဏလောက် ရပ်လိုက်ပါ။

“ဒါဟာ ကိုယ်တကယ် ဖြစ်ချင်တဲ့ ပုံစံမဟုတ်ဘူး” ဆိုတဲ့ အသိတစ်ခုတည်းနဲ့တင် Character drift ဖြစ်နေတာကို ရပ်တန့်နိုင်ပါတယ်။

၀၂ — ပတ်ဝန်းကျင်ကို ပြန်ပြီးစစ်ဆေး (Environment audit) လုပ်ပါ။

ဒီလို စိတ်မသက်မသာဖြစ်မှုကို မကြာခဏ ခံစားနေရပြီဆိုရင် မေးခွန်းထုတ်ဖို့ လိုလာပါပြီ။

“ဒီပတ်ဝန်းကျင်ထဲမှာ ဘာကြောင့် ဆက်နေနေရတာလဲ”

ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးရမယ့် အချိန်ရောက်ပါပြီ။

ပြဿနာတစ်ခုချင်းစီကို လိုက်ဖြေရှင်းနေတာထက်

အရင်းအမြစ်ကို ဖြတ်တောက်လိုက်တာက ပိုထိရောက်ပါတယ်။

၀၃ — တုံ့ပြန်မှုတွေကို ကြိုတင်ပြီး Script မလုပ်ထားပါနဲ့။

“ဒီလိုလူမျိုးနဲ့ဆိုရင် ဒီလိုပြောရမယ်” ဆိုတဲ့ ပုံသေနည်းတွေ သတ်မှတ်လိုက်တာနဲ့တင် Reactive ဖြစ်သွားပါပြီ။

ဒါဟာ တစ်ဖက်လူက

ကိုယ့်ကို လှည့်စားဖို့ (Manipulate) ပိုလွယ်သွားစေပါတယ်။

ပိုကောင်းတဲ့နည်းလမ်းကတော့ အခြေအနေတိုင်းမှာ ကိုယ် Ground ဖြစ်နေမယ့် Tone တစ်ခုကိုပဲ သတ်မှတ်ထားတာပါ။

ဒါဟာ တုံ့ပြန်မှု (Response) ပေးတာမျိုး မဟုတ်ဘဲ

ကိုယ့်ရဲ့ Standard ကို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ့်အဆင့်အတန်းနဲ့ မကိုက်ညီတဲ့

situation တွေ ဘဝမှာ အမြဲပါလာမယ်။

ဒါကို ရှောင်လို့မရဘူး။

ဒါပေမဲ့ —

situation တိုင်းက ကိုယ့်ကို ပြောင်းလဲနိုင်တယ် ဆိုတဲ့ permission ကို ကိုယ်ဘာသာ မပေးမိဖို့တော့ ရတယ်။

Leave a Reply