Skip to main content

Su Phone Mo

အတွေးပုံပြောင်းရင် ဘဝပြောင်းမယ် – Science proves it

အတွေးပုံပြောင်းဖို့ဆို Neuroplasticity ကို နားလည်ဖို့လိုပါတယ်။

Neuroplasticity ဆိုတာ ဘာလဲ?

Neuroplasticity ဆိုတာ ဦးနှောက်ရဲ့ ပြောင်းလဲနိုင်စွမ်းပါ။ လူတွေရဲ့ တွေးပုံ၊ လုပ်ပုံ၊ ကိုင်ပုံပေါ်မူတည်ပြီး ဦးနှောက်ထဲက ဆဲလ်တွေ ချိတ်ဆက်ပုံ ပြောင်းလဲသွားတာကို ခေါ်ပါတယ်။

ဥပမာ – မနက်စာ စားပြီးတိုင်း စိတ်ညစ်နေတယ်ဆိုပါစို့။

အဲဒီအချိန်မှာ “ဘာလို့ ဒီလိုဖြစ်နေတာလဲ” လို့ မမေးပဲ ပိုပိုပြီး စိတ်ညစ်နေရင် ဒါဟာ အမှန်တရား မဟုတ်ပါဘူး။ ကိုယ်တွေရဲ့ အတွေးက ပိုဆိုးအောင် လုပ်နေတာပါ။

Neuroplasticity ရဲ့ အဓိက အချက်တွေက…

• အဖြစ်အပျက် → အတွေး → ခံစားချက် → အပြုအမူ

• အတွေးတွေက ဦးနှောက်ဆဲလ်တွေကို ပြောင်းလဲစေတယ်

• ထပ်ခါထပ်ခါ တွေးတဲ့အတွေးတွေက ဦးနှောက်မှာ လမ်းကြောင်းဖြစ်သွားတယ်

လက်တွေ့လုပ်ဆောင်နိုင်တဲ့အချက်တွေက…

၁။ နေ့စဉ် ကိုယ့်အတွေးတွေကို သတိထားမှတ်သားပါ

၂။ အတွေးတွေကို မေးခွန်းထုတ်ပါ

၃။ ပိုကောင်းတဲ့အတွေးနဲ့ အစားထိုးပါ

ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်းတွေဆိုရင်…

• ဒီအတွေးက တကယ် အမှန်တရားလား

• တခြား ရှုထောင့်ကနေ ကြည့်လို့ရသေးလား

• ဒီအတွေးက ကိုယ့်ကို ရှေ့ဆက်စေလား၊ နောက်ပြန်ဆုတ်စေလား

မှတ်ထားရမှာက – ကိုယ်တွေရဲ့အတွေးတွေက ဘဝကို ပုံဖော်နေတယ်။ ဒါကြောင့် တွေးပုံကို ဂရုတစိုက် ရွေးချယ်ကြရအောင်။

__________

Change Your Thoughts, Change Your Life – Science Proves It

To shift your mindset, you must understand Neuroplasticity.

What is Neuroplasticity?

Neuroplasticity is the brain’s ability to rewire itself based on your thoughts, actions, and habits. It’s how neurons form new connections in response to your thinking and behavior.

Example:

If you feel down every morning after breakfast, instead of asking “Why does this always happen?” and reinforcing negativity, recognize that your thoughts are shaping your experience.

Key Principles of Neuroplasticity:

🔹 Event → Thought → Emotion → Behavior

🔹 Your thoughts shape your brain’s neural connections.

🔹 Repeated thoughts create lasting neural pathways.

How to Rewire Your Brain:

✅ Observe your thoughts.

✅ Challenge negative thinking.

✅ Replace negativity with constructive thoughts.

Ask Yourself:

❓ Is this thought truly factual?

❓ Can I see this from another perspective?

❓ Does this thought help me grow or hold me back?

Remember: Your thoughts shape your reality—choose them wisely!

#MindsetMatters #Neuroplasticity #PositiveThinking

#Suphonemovlog #CuriousInsighter

Leave a Reply