Skip to main content

Su Phone Mo

အရေအတွက်ထက် အရည်အသွေးက စကားပြောတယ်။

အခုခေတ်မှာ လူတိုင်း စာဖတ်ကြတယ်၊

သင်တန်းတက်ကြတယ်။

ဒါပေမဲ့ တိုးတက်မှုနှုန်းက ဘာလို့မတူတာလဲ?

Input နဲ့ Output မညီလို့ပါ။

၁။ Input ရှိပြီး Output မရှိရင်

စာအုပ်တွေ အုပ် ၁၀၀ ဖတ်ထားတယ်။

ဒါပေမဲ့ တစ်ခုမှ လက်တွေ့မလုပ်ဘူး။

ဒါက ဗဟုသုတအမှိုက်ပုံကြီးကို ကိုယ့်ခေါင်းထဲ စုထားတာနဲ့တူတယ်။

အပြင်မှာ ဘာရလဒ်မှ ထွက်မလာရင် အဲဒီ Input က သုညပဲ။

၂။ Output ရှိပြီး Input မရှိရင်

လေပဲပွားပြီး တကယ်တမ်း မေးလိုက်ရင် နက်နက်နဲနဲ မရှိဘူး။

စီးပွားရေးမှာဆို ဖောက်သည်အနေနဲ့ တစ်ခါလာပြီးရင် နောက်တစ်ခါ လှည့်မကြည့်တော့ဘူး။

၃။ Input နဲ့ Output ညီရင် – “Mastery & Impact”

ကိုယ်တိုင် ၁၀ ဆ နက်အောင် လေ့လာတယ် (Input)။

လေ့လာထားတာကို လက်တွေ့နယ်ပယ်မှာ အသုံးချပြတယ် (Execution)။

အဲဒီက ထွက်လာတဲ့ ရလဒ်ကိုမှ လူတွေကို ပြန်ဝေမျှတယ် (Output)။

ဒါမျိုးကိုမှ လူတွေက ယုံကြည်တာ။ ဒါမျိုးမှ Branding က ခိုင်မာတာ။

ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ နဲ့ ကိုယ်ယုံကြည်တဲ့သူတွေအပေါ်မှာ မေးခွန်းပြန်ထုတ်ဖို့လိုတယ်။

ငါ လေ့လာထားတဲ့အချက်တွေထဲက ဘယ်နှစ်ချက်ကို လက်တွေ့လုပ်ပြီးပြီလဲ?

ငါ ဝေမျှနေတဲ့အချက်တွေက တကယ်ပဲ ငါ့ရဲ့ Experience က ထွက်လာတာလား?

ငါ့ရဲ့ Output တွေက လူတွေအတွက် တကယ် တန်ဖိုးရှိရဲ့လား?

အဲဒီ သုံးခု ညီသွားတဲ့နေ့ဟာ ကိုယ့်ရဲ့ Mastery ကို ဘယ်သူမှ လိုက်မမှီတော့တဲ့နေ့ပါပဲ။

Leave a Reply