Skip to main content

Su Phone Mo

suphonemo

AI ကို Assistant တစ်ယောက်လို သုံးဖို့ Prompt ၅ ခု

AI ကို Assistant တစ်ယောက်လို သုံးဖို့ ဆုသုံးနေတဲ့ Prompt ၅ ခု AI ကို ကောင်းကောင်းသုံးတတ်ဖို့ prompt တွေအများကြီး သိစရာမလိုဘူး။ ဆု့အတွက် ပိုအရေးကြီးတာက AI ကို ဘာ job ပေးထားလဲ ဆိုတာပဲ။ Business operation မှာ ဆု ပုံမှန်သုံးနေတဲ့ AI jobs…

တူတူ AI သုံးတာပဲ။ဘာလို့ တချို့လူတွေအတွက်AI က Assistant တစ်ယောက်လို ဖြစ်ပြီး၊တချို့လူတွေအတွက်တော့Google လောက်ပဲ အသုံးဝင်တာလဲ။

ကွာခြားချက်က AI မဟုတ်ဘူး။AI ကို ဘယ်လို Setup လုပ်ထားလဲဆိုတာပဲ။ AI ကို တကယ်အသုံးဝင်အောင် လုပ်ချင်ရင်ဒီ ၉ ခုကို အရင် Setup လုပ်ထားတယ်။ ၁။ MemoryAI က အရင်ပြောခဲ့တာတွေ၊Preference တွေ၊ Context တွေကို မှတ်ထားနိုင်အောင် လုပ်ထားတယ်။Conversation တိုင်း အစကနေ ပြန်စရာမလိုတော့ဘူး။ ၂။ Profile…

တိုးတက်ရေးတို့၊

ကျန်းမာရေးတို့၊ စတဲ့ Personal Development အလုပ်ကလေ မတိုးတက်တာကြာတဲ့သူတွေအတွက် Negative Association တွေချည်းပဲ။ လူကိုချစ်ရင်တောင် “သူတင်တာတွေက Cringe ဖြစ်လိုက်တာ။” လို့ ခံစားစေရတာမျိုးရှိတယ်။ ဘာလို့လဲဆိုတော့ လူဆိုတာ ကိုယ့် Avoid လုပ်ထားတဲ့အရာ ဒါမှမဟုတ် လုပ်ဖို့မလွယ်တဲ့အရာဆိုရင် မမြင်ချင်တော့ဘူး။ အဲဒီနေရာမှာ ထားလိုက်တော့ရော မတိုးတက်တော့ရော ဘာဖြစ်လဲ… ဘာမှတော့ ကြီးကြီးမားမား ဖြစ်မသွားပါဘူး။…

လူတွေနဲ့ပတ်သက်လာရင် Trust Issue ဖြစ်တတ်တဲ့သူတွေကို

ဆု အမြဲသတိရနေတဲ့ philosophy နှစ်ခု မျှဝေချင်ပါတယ်။ ၁။ ဘယ်သူမှ မတည်မြဲဘူး။ တွေ့သမျှလူ၊ သိသမျှလူတိုင်းက တစ်နေ့နေ့မှာ ကိုယ့်ဘဝထဲက ထွက်သွားနိုင်တယ်။ ဒါက ကြိုပြီးခွာခိုင်းတာလည်း မဟုတ်ဘူး။ ဝမ်းနည်းနေဖို့လည်း မဟုတ်ဘူး။ ဒါဟာ လောကရဲ့သဘာဝပဲ။ ဒီအသိရှိလာတဲ့အခါ တွေ့ဆုံရတဲ့အချိန်ကို ပိုတန်ဖိုးထားတတ်လာတယ်။ ခွဲခွာရတဲ့အချိန်လည်း ပိုလက်ခံနိုင်လာတယ်။ ၂။ လူတိုင်း ပြောင်းလဲနိုင်တယ်။ လောကမှာ အမြဲတမ်းလူကောင်း၊…

Reset လုပ်ပြီး ပြန်ကစားပါ

လူအများစု မအောင်မြင်တာက ရှုံးလို့မဟုတ်ဘူး။Reset မလုပ်နိုင်လို့ ရပ်သွားတာ။ Game ထဲက “Play Again” ခလုတ်လိုပဲဘဝမှာလည်း အစပြန်လုပ်ခွင့် ရှိတယ်။ မရပ်လိုက်နဲ့။Reset လုပ်ပြီး ပြန်ကစားပါ။

Content Creator ဖြစ်ချင်တဲ့သူတွေ အများကြီးရှိတယ်။

ဒါပေမယ့် Content Creator ဖြစ်ဖို့ ကြိုးစားတာနဲ့Content ကောင်းထွက်လာတာ မတူဘူး။ ဆုအမြင်မှာတော့Content ဆိုတာ Social Media ပေါ် တင်တဲ့ Video မဟုတ်ဘူး။ Content ဆိုတာကိုယ်ဦးနှောက်ထဲ ထည့်ထားတဲ့အရာ။စိတ်ထဲ ထည့်ထားတဲ့အရာ။နှလုံးသားထဲ ထည့်ထားတဲ့အရာ။ အဲဒါတွေကနေ ပြန်ထွက်လာတဲ့ Output ပဲ။ Consistency က အရေးကြီးတယ်။ ဒါပေမယ့် Consistency အတွက်နေ့တိုင်း…

တစ်ခါတလေ…

“ငါပြောတာကို ဘာလို့ နားမလည်ကြတာလဲ။” လို့ တွေးမိဖူးလား။ တကယ်တော့ စကားလုံးတွေမှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ မရှိဘူး။ တူညီတဲ့ စကားတစ်ခွန်းက လူတစ်ယောက်အတွက် ဘဝပြောင်းစေနိုင်တယ်။ တခြားလူတစ်ယောက်အတွက်တော့ ဘာမှမထူးတဲ့ အသံတစ်ခုသာ ဖြစ်နေနိုင်တယ်။ ကွာခြားတာက စကားမဟုတ်ဘူး။ လက်ခံတဲ့သူရဲ့ အခြေအနေပဲ။ လူတွေက စကားကို စကားအနေနဲ့ မကြားကြဘူး။ ကိုယ့်အတွေ့အကြုံနဲ့ ကြားတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ ကြားတယ်။ ကိုယ့်နာကျင်မှုနဲ့…

အနုပညာဆိုတာ တကယ်တော့ Luxury နော်။

အနုပညာဆိုတာ တကယ်တော့ Luxury နော်။စိတ်ရဲ့ Luxury…စီးပွားရေးမှာလည်းအနုပညာကို နားလည်တဲ့ စီးပွားရေးသမားအနုပညာကိုပါ ဖန်တီးနိုင်တဲ့ စီးပွားရေးသမားအနုပညာကို တန်ဖိုးထားတဲ့ စီးပွားရေးသမားတွေကအမြဲတမ်း တစ်ဆင့်ပိုမြင့်တယ်။ဘာလို့လဲဆိုတော့…အနုပညာဆိုတာလက်တွေ့အသုံးမဝင်ဘူးလို့ ထင်ရပေမယ့်လူတွေရဲ့ စိတ်ကို ရွှေ့ပေးနိုင်တယ်။စီးပွားရေးကပြဿနာကို ဖြေရှင်းတယ်။အနုပညာကအဓိပ္ပာယ်ကို ဖန်တီးတယ်။စီးပွားရေးကငွေရှာပေးတယ်။အနုပညာကအဲ့ဒီငွေကို ဘာအတွက်ရှာနေတာလဲဆိုတဲ့အဓိပ္ပာယ်ကို ပေးတယ်။Luxury ဆိုတာဈေးကြီးတာကိုပဲ မဆိုလိုဘူး။မလိုအပ်ပေမယ့်ဘဝကို ပိုလှစေတဲ့ အရာကိုလည်း Luxury လို့ ခေါ်တယ်။ပန်းချီ၊ ဂီတ၊ စာပေ၊ ဝတ်စားဆင်ယဉ်မှု…ဒါတွေက အသက်ရှင်ဖို့…

မာန်တစ်ခုနဲ့…အားမလိုအားမရစိတ်နဲ့

…ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေတဲ့စိတ်က အမြဲမှားနေတာတော့ မဟုတ်ဘူး။“ဘာမှမရှိသေးတဲ့အချိန်” မှာ…ဒီစိတ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဖြစ်လာတဲ့ စိတ်ဖြစ်နိုင်တယ်။ မရရင် ရအောင်လုပ်။ရှုံးရင် ထပ်လုပ်။မလုံလောက်သေးဘူးဆိုတဲ့ ခံစားချက်ကရှေ့ကို တွန်းပေးတဲ့ အင်အားဖြစ်နေတတ်တယ်။ ဒါပေမယ့်… အခြေအနေတစ်ခုရောက်လာပြီးရင်အဲဒီစိတ်ကိုပဲ ဆက်သုံးနေရင်တဖြည်းဖြည်း ပြဿနာဖြစ်လာတတ်တယ်။ လိုချင်တာတွေ ရလာပြီးသား။ဒါပေမယ့်…စိတ်ကတော့ မလုံလောက်သေးဘူးလို့ပဲ ဆက်ခံစားနေရတယ်။ ဒီနေ့ကိုမနေ့ကနဲ့ နှိုင်းတယ်။ ဒီနှစ်ကိုအရင်နှစ်နဲ့ နှိုင်းတယ်။ တခြားလူနဲ့တော့ပိုပြီး နှိုင်းနေမိတယ်။ ပြဿနာက…