Skip to main content

Su Phone Mo

Personal Development

တိုးတက်ရေးတို့၊

ကျန်းမာရေးတို့၊ စတဲ့ Personal Development အလုပ်ကလေ မတိုးတက်တာကြာတဲ့သူတွေအတွက် Negative Association တွေချည်းပဲ။ လူကိုချစ်ရင်တောင် “သူတင်တာတွေက Cringe ဖြစ်လိုက်တာ။” လို့ ခံစားစေရတာမျိုးရှိတယ်။ ဘာလို့လဲဆိုတော့ လူဆိုတာ ကိုယ့် Avoid လုပ်ထားတဲ့အရာ ဒါမှမဟုတ် လုပ်ဖို့မလွယ်တဲ့အရာဆိုရင် မမြင်ချင်တော့ဘူး။ အဲဒီနေရာမှာ ထားလိုက်တော့ရော မတိုးတက်တော့ရော ဘာဖြစ်လဲ… ဘာမှတော့ ကြီးကြီးမားမား ဖြစ်မသွားပါဘူး။…

လူလည်ကြီးလုပ်ပြီး

ကိုယ့်ထက်လည်တဲ့သူ၊ တော်တဲ့သူ၊ သိတဲ့သူဆိုတာရှိစမြဲပဲ။ ဒါဟိုးးးးး အရင်ထဲက… ရှိပြီးသားဆိုပေမဲ့Social media ခေတ်ဖြစ်တော့ ပိုပိုသိသာတာပေါ့။Exposure ပိုများတာပေါ့။ ဒီတော့အ တာပြဿနာမဟုတ်ဘူး။မရိုးသားတာ ပြဿနာ။ မရိုးသားတာလို့ပြောရင်လည်း ဘယ်လောက်အတိုင်းအတာဆိုပြီး ပြောလို့မရဘူး။ အကုသိုလ်စေတသိက် (၁၄) ပါး လုံးဝ ပါခဲ့လား၊ မပါခဲ့လားဆိုတာ ကိုယ်တိုင်အသိဆုံးပဲ။ ပါနေရင်မလိမ်နဲ့။ကိုယ်တိုင်သာလိမ်နေပေမဲ့ကိုယ့်ထက်သိတဲ့သူတွေ ဒီ pattern ကို ကြာလေပိုပိုမြင်ရလေပဲ။ နောက်တချက်က ကိုယ့်ကိုယ်ကိုယ်အတွက်…

ကိုယ့် Potential အတိုင်း

မနေဘူး၊ မသင်ဘူး၊ မပြုမူဘူး၊ မတွေးတောဘူးဆို သတိပေးမဲ့ သူငယ်ချင်းမရှိဘူးဆို Quality Friend မရှိသေးဘူးလို့ ဆိုရမယ်။ ဘ၀မှာ အများကြီးမလိုဘူး။ ၁ယောက် ၂ယောက်ဆိုရင်တောင် လုံလောက်တာထပ်ပိုတယ်။ ဒါမျိုး ဘယ်လိုရှာရမလဲလို့ စဉ်းစားနေရင် အရင်ဆုံး ကိုယ်တိုင်က Quality Friend တစ်ယောက်အဖြစ် နေကြည့်ပါ။ ဒါမှလည်း Quality Friend တစ်ယောက်ရဲ့ အပြုအမူတွေကို ကိုယ်တိုင်က…

အကြံမပေးသင့်ဆုံးလူတွေက”ဘာပြောပြော ဒီပြဿနာက ရှင်းမရဘူး” ဆိုတာကို ပြိုင်ငြင်းချင်နေတဲ့သူမျိုးတွေပဲ။

ကိုယ်က Solution တစ်ခုပေးရင် “Yes, But” ဆိုပြီး ငြင်းဖို့ အသင့်ရှိနေတတ်တယ်။ နောက်ထပ် Idea တစ်ခုပေးရင်လည်း မရနိုင်တဲ့အကြောင်းပြချက်က ရှိနေပြန်ရော။ (ဆွေးနွေးချက်ကို rejection မလုပ်ရဘူးမဆိုလိုပါ။ ဆွေးနွေးချက်ကို နားထောင်ဖို့ထပ် ငြင်းဖို့ negative bias နဲ့ အမြင်ကိုပိတ်လိုက်တဲ့ conversation မျိုးကိုဆိုလိုတယ်။) Logically ၁၀၀ ရာခိုင်နှုန်း သေချာမှလုပ်မယ်ဆိုရင် အမြဲနောက်ကျနေလိမ့်မယ်။…

တစ်ပတ်မှာဘဝပြောင်းလောက်တဲ့ ဆုံးဖြတ်ချက်ဘယ်နှစ်ခုချဖြစ်လဲ။

အများစုကတော့ မရှိသလောက်ပါပဲ။ အလိုအလျောက် ဖြစ်သွားတဲ့ Default တွေပဲ ရှိတယ်။ Kahneman ပြောသလို လူတွေရဲ့ ဆုံးဖြတ်ချက် အများစုဟာ ရွေးချယ်တာ မဟုတ်ဘဲ Pattern အတိုင်း ဖြစ်သွားတာမျိုးပါ။ ဦးနှောက်က အရေးကြီးတာထက် အလောတကြီး ဖြစ်နေတာကိုပဲ အာရုံစိုက်တတ်တယ်။ ဒါကြောင့် လိုအပ်တဲ့ အချက်ပြ Signal တွေကို မမြင်မိတော့ဘူး။ ဒါကို ပြန်ထိန်းဖို့…

Curiosity မှာ အဆင့် သုံးဆင့် ရှိတယ်။

တော်တော်များများက ပထမအဆင့်မှာတင် လည်နေတတ်တယ်။—ပထမအဆင့် — Diversive Curiosityအသစ်အဆန်းတွေ မြင်ချင်တယ်။ထူးဆန်းတာတွေ့ရင် click လုပ်မယ်။Scroll ဆင်းမယ်။ Video ကြည့်မယ်။ Tab တွေ အများကြီး ဖွင့်ထားမယ်။ဒါပေမဲ့ နက်နက်နဲနဲ မရှိဘူး။တစ်ခုကို အဆုံးထိမသွားဘဲ နောက်တစ်ခုကို ချက်ချင်းကူးတယ်။ဒါက curiosity လားဆိုရင် — ဟုတ်တော့ ဟုတ်တယ်။ဒါပေမဲ့ surface level ပဲ ရှိသေးတယ်။—ဒုတိယအဆင့်…

ဘ၀မှာ Identity Shift ဖြစ်ခဲ့တဲ့ အချိန်တွေ အများကြီးပဲ။အဲဒီအချိန်တွေကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်နိုင်ခဲ့သလို“New Confidence” ကိုလည်း ပေးခဲ့တယ်။

“New Confidence” ဆိုတာ ဘာလဲ။ Confidence ဆိုတာ တစ်ကြိမ်ရရုံနဲ့ ထာဝရမြဲနေတဲ့ asset မဟုတ်ဘူး။ သူက Domain-specific ဖြစ်တယ်။ ဘောလုံးကန်တော်တိုင်း Basketball ဆော့တာ တော်မှာမဟုတ်ဘူး။ Identity ပြောင်းတိုင်း၊ domain အသစ်ထဲ ရောက်တိုင်း Confidence က အဲနယ်ပယ်နဲ့ပတ်သက်တာကို Zero ကနေ ပြန်စတယ်။အရင်နယ်ပယ်တွေက ရခဲ့တဲ့ ‘Self-efficacy’…

ဘွဲ့ရတယ်၊ အလုပ်ရတယ်၊ လစာကောင်းတယ်။ဒါပေမယ့် တစ်ခုခု လိုအပ်နေသေးသလို ခံစားချက်က ရှိနေတတ်တယ်။အိမ်ဝယ်တယ်၊ ကားဝယ်တယ်၊ နောက်ထပ် အောင်မြင်မှုအဆင့်တွေကို ထပ်ရှာတယ်။

ထိုအဆင့်ကို ရောက်ပြန်တော့လည်း အရင်ခံစားချက်က အရှိအတိုင်းပဲ။ကြိုးစားနေတယ်၊ တိုးတက်နေတယ်။ဒါပေမယ့် ဘယ်ဘက်ကို ဦးတည်ပြီး တိုးတက်နေတာလဲဆိုတာ ဝေဝါးနေတတ်ကြတယ်။ ဘဝက ကြည့်ရတာတော့ အဆင်ပြေနေသယောင် ရှိပေမယ့်အတွင်းစိတ်မှာတော့ တစ်ခုခု လွဲချော်နေသလို ခံစားရတာမျိုးပါ။ ဒါဟာ motivation ပြဿနာမဟုတ်သလိုdiscipline ပြဿနာလည်း မဟုတ်ဘူး။လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကိုယ်တိုင်က သူများဆီက ငှားယူထားတာ ဖြစ်နေတတ်လို့ပဲ။ လိုချင်စိတ်ဆိုတာ မူလကတည်းက ကိုယ်ပိုင်မဟုတ်ဘူးPhilosopher René Girard…