
Master of Change စာအုပ်ကဖော်ပြထားတဲ့
ဘ၀အချို့အကွေ့တွေကြားမှာရှိသင့်တဲ့ Mentality (၁၀)ခု။
1. “ဒါလည်းဖြစ်နိုင်၊ ဟိုလည်းဖြစ်နိုင်တယ်” ဆိုတဲ့ စဉ်းစားနည်းကို ကျင့်သုံးပါ။
• ဘဝမှာ “ဒါပဲဖြစ်ရမယ်” ဆိုတာထက် “ဒါလည်းဖြစ်နိုင်တယ်၊ ဟိုဟာလည်းဖြစ်နိုင်တယ်” ဆိုတဲ့ အမြင်နဲ့ ကြည့်ဖို့ လေ့ကျင့်ပါ။
2. ပိုင်ဆိုင်တာထက် ကိုယ်ဖြစ်တည်မှုကို အလေးထားပါ
• “ငါက ဒါတွေပိုင်တဲ့သူ” မဟုတ်ဘဲ “ငါက ဒါတွေလုပ်နိုင်တဲ့သူ” ဆိုတဲ့ ယုံကြည်မှုမျိုး တည်ဆောက်ပါ။
3. မျှော်လင့်ချက်တွေကို လက်တွေ့နဲ့ ကိုက်ညီအောင် ချိန်ညှိပါ။
• မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထားမနေဘဲ “ငါမျှော်လင့်ထားတာ → တကယ်ဖြစ်လာတာ” ကို နှိုင်းယှဉ်ပြီး လက်တွေ့ကျကျ စဉ်းစားပါ။
4. ခက်ခဲမှုတွေက မဖြစ်မနေကြုံရမယ်ဆိုတာ လက်ခံပြီး စိတ်တည်ငြိမ်မှုကို ထိန်းထားပါ။
• “ဘဝမှာ အခက်အခဲတွေ ကြုံရတာ ပုံမှန်ပဲ” ဆိုတာသိပြီး၊ မျှော်လင့်ချက်နဲ့ လုပ်ဆောင်မှုကို မပျက်စေပါနဲ့။
5. ကိုယ့်ရဲ့ ဖြစ်တည်မှုပုံစံများကို ခွဲခြားသိမြင်ပြီး ပေါင်းစပ်ထားပါ။
• ကိုယ်မသိနေတဲ့ အခြား လုပ်နိုင်နေတဲ့အရာတွေရှိနေနိုင်တယ်။ သိအောင်ကြိုးစားပါ။ နယ်ပယ်အမျိုးမျိုးမှာ ပါဝင်ပြီး တစ်ခုတည်းမဟုတ်ဘဲ အများကြီးကို ပေါင်းစပ် လုပ်ကိုင်ကြည့်ပါ။
6. ကိုယ့်လွတ်လပ်မှုနဲ့ လူမှုဆက်ဆံရေးကို ဟန်ချက်ညီအောင်ထားပါ။
• ကိုယ်တိုင်လုပ်သင့်တဲ့အချိန် နဲ့ အကူအညီယူသင့်တဲ့အချိန်ကို ခွဲခြားသိအောင် ဆင်ခြင်ပါ။
7. အပြောင်းအလဲတွေကို ရင်ဆိုင်ရာမှာ 4Ps နည်းသုံးပါ။
• ရပ် – စဉ်းစား – စီစဉ် – လုပ်ဆောင် (Pause / Process / Plan / Proceed)
8. မတည်ငြိမ်တဲ့အချိန်တွေမှာ နေ့စဉ်လုပ်ငန်း (Routine) နဲ့ အလေ့အကျင့်ကောင်း (Ritual) တွေကို သုံးပါ။
• ပုံမှန်လုပ်ငန်းစဉ်တွေက စိတ်တည်ငြိမ်စေပါတယ်။ ဒါပေမယ့် လိုအပ်ရင် ကိုယ့်အတွက် မလိုအပ်တာတွေကို ဖယ်ရှားနိုင်ဖို့လည်း သင်ယူပါ။
9. စိတ်ကျနေချိန်မှာ အနည်းငယ် လုပ်ဆောင်မှု နဲ့ ပြန်စတင်ပါ။
• စိတ်ဓာတ်ကျနေရင် သေးသေးလေးတစ်ခုကနေ စလုပ်ကြည့်ပါ။
10. အဓိပ္ပာယ်ရှာဖွေမှုနဲ့ တိုးတက်မှုကို အတင်းမလုပ်ဘဲ သဘာဝအတိုင်းဖြစ်လာစေပါတယ်။
• ကြီးမားတဲ့ အခက်အခဲတွေကနေ တိုးတက်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့အရာတွေ ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် အတင်းမလုပ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်လာစေပါ။
__________
10 Mindsets for Navigating Life’s Transitions from Master of Change
1. Embrace Possibility Thinking
– Instead of thinking, “This is the only way,” practice seeing multiple possibilities: “This could work, and so could that.”
2. Prioritize Who You Are Over What You Own
– Shift from “I am what I own” to “I am what I can do.”
3. Adjust Expectations to Reality
– Compare what you expect with what actually happens, and align your mindset accordingly.
4. Accept Hardships as a Natural Part of Life
– Understand that challenges are normal, and don’t let them shake your motivation.
5. Recognize and Integrate Your Different Identities
– You may have untapped potential—explore various fields and combine your strengths.
6. Balance Independence and Social Connections
– Learn when to act alone and when to seek help.
7. Use the 4Ps Approach to Change
– Pause → Process → Plan → Proceed.
8. Rely on Routines and Rituals in Uncertain Times
– Daily habits provide stability, but be open to adjusting them when necessary.
9. Restart with Small Actions When Feeling Down
– When demotivated, begin with a small step to regain momentum.
10. Let Meaning and Growth Emerge Naturally
– Major struggles can lead to meaningful growth, but don’t force the process—allow it to unfold.
#MindsetMatters #PersonalGrowth #LifeTransitions #ChangeYourMindset #EmbraceChange #MindsetShift #suphonemovlog #curiousinsighter
