Skip to main content

Su Phone Mo

OpenClaw ကို သုံးကြည့်လို့ complex ဖြစ်တယ် ခံစားရရင်၊ ဒါမှမဟုတ် AI ကို စကားပြောရုံသက်သက် မဟုတ်ဘဲ ကိုယ့်အတွက် အလုပ်လုပ်ပေးမယ့် Assistant တစ်ယောက်လို သုံးချင်ရင် Manus AI ကို စမ်းကြည့်သင့်တယ်။

ဆုအတွက်တော့ အကြိုက်ဆုံး အချက်က Integration ပဲ။

ဥပမာ —
၁။ Telegram နဲ့ ချိတ်လို့ရတယ်။
၂။ ကိုယ့် Team Group ထဲကို Manus ကို ထည့်ထားလို့ရတယ်။
၃။ API ကနေတဆင့် Team member တွေကို အလုပ်တွေ assign ချပေးတာ၊ follow-up လုပ်တာတွေကို အလိုအလျောက် လုပ်ခိုင်းလို့ရတယ်။
၄။ FB Meta Business Suite နဲ့ ချိတ်ပြီး post scheduling၊ ad performance တွေကို Manus ကနေတဆင့် manage လုပ်လို့ရတယ်။
၅။ Notion နဲ့ ချိတ်ပြီး database update လုပ်တာ၊ task create တာ၊ page တွေ ရေးတာတွေကို Manus ကို တိုက်ရိုက် ခိုင်းလို့ရတယ်။
၆။ WordPress နဲ့ ချိတ်ပြီး Blog post တွေ အလိုအလျောက် တင်တာ၊ Schedule လုပ်တာ၊ SEO meta တွေ ထည့်တာအထိ လုပ်ခိုင်းလို့ရတယ်။
၇။ Google Workspace (Sheets, Docs, Gmail) ကနေစလို့ Slack, GitHub, Airtable စတဲ့ platform တွေနဲ့ပါ ချိတ်ဆက်ပြီး automation လုပ်လို့ရတယ်။

ကိုယ်က Telegram ကနေ စာတစ်ကြောင်း ရိုက်လိုက်တာနဲ့၊ Manus က နားလည်ပြီး သက်ဆိုင်ရာ team member ဆီကို task ခွဲပေးတာ၊ သတိပေးတာတွေကို သူဖာသူ လုပ်သွားတယ်။ ဥပမာ – “TME brand အတွက် blog post တစ်ပုဒ် ရေးပြီး WordPress မှာ schedule တင်ပေး၊ ပြီးရင် အဲဒီ post ကို Facebook Page မှာပါ caption ရေးပြီး တင်ပေး” လို့ ခိုင်းလိုက်တာနဲ့ step-by-step သူဖာသူ အဆုံးထိ လုပ်သွားပေးတယ်။

AI ကို မေးခွန်းမေးဖို့ သက်သက်ပဲ မသုံးဘဲ၊ ကိုယ့် Team ရဲ့ Workflow ထဲမှာ Agent တစ်ယောက်လို ဘယ်လို ထည့်သုံးမလဲ ဆိုတာ စဉ်းစားဖို့ လိုလာပြီ။

ကိုယ့် Team မှာရော AI ကို Chatbot အဆင့်ကနေ ကျော်ပြီး Agent အနေနဲ့ သုံးကြည့်ပြီးပြီလား။

One thought on “OpenClaw ကို သုံးကြည့်လို့ complex ဖြစ်တယ် ခံစားရရင်…”

Leave a Reply