filter မပါတဲ့ အတွေး တွေးတတ်အောင်မွေးမြူပါ။
filter မပါတဲ့ အတွေး တွေးတတ်အောင်မွေးမြူပါ။ ရွှေဆို ပုံတုံးတုံးကြီးတွေမဝတ်ချင်တဲ့သူတွေကို မြင်ဖူးလား။ဆုကတော့ အဲလိုလူထဲမှာပါတယ်။ရွှေဖြစ်တိုင်း တန်ဖိုးကြီးတိုင်း မကြိုက်တတ်ဘူး။ကိုယ်ကြိုက်ချင်မှ ကြိုက်တယ်။ကိုယ့် အကြိုက်ဖြစ်မှ ဝတ်တယ်။ သုံးတယ်။ ထို့အတူပဲ။ကုန်ပစ္စည်း၊ ပိုက်ဆံအိတ် ဘာမဆို Branded ဖြစ်တိုင်း မဝတ်ကြတဲ့သူတွေရော တွေ့ဖူးလား။ ဆိုပါစို့။ပိုက်ဆံအိတ်တခုက ဒေါ်လာ $500 တန်မယ်။ ဒါပေမဲ့ ကိုယ်မကြိုက်ဘူး။နောက်အိတ်တခုက ဒေါ်လာ $100 တန်မယ်။…