Skip to main content

Su Phone Mo

filter မပါတဲ့ အတွေး တွေးတတ်အောင်မွေးမြူပါ။

ရွှေဆို ပုံတုံးတုံးကြီးတွေမဝတ်ချင်တဲ့သူတွေကို မြင်ဖူးလား။
ဆုကတော့ အဲလိုလူထဲမှာပါတယ်။
ရွှေဖြစ်တိုင်း တန်ဖိုးကြီးတိုင်း မကြိုက်တတ်ဘူး။
ကိုယ်ကြိုက်ချင်မှ ကြိုက်တယ်။
ကိုယ့် အကြိုက်ဖြစ်မှ ဝတ်တယ်။ သုံးတယ်။

ထို့အတူပဲ။
ကုန်ပစ္စည်း၊ ပိုက်ဆံအိတ် ဘာမဆို Branded ဖြစ်တိုင်း မဝတ်ကြတဲ့သူတွေရော တွေ့ဖူးလား။

ဆိုပါစို့။
ပိုက်ဆံအိတ်တခုက ဒေါ်လာ $500 တန်မယ်။ ဒါပေမဲ့ ကိုယ်မကြိုက်ဘူး။
နောက်အိတ်တခုက ဒေါ်လာ $100 တန်မယ်။ ကိုယ်ကတော့တော်တော်ကြိုက်တယ်။
ဒါဆို ဒေါ်လာ ၁၀၀တန်ကိုရွေးမဲ့သူမျိုး ကိုပြောချင်တာ။

ဒါက ငွေကြေး သို့မဟုတ် ကုန်အမှတ်တံဆိပ် သို့မဟုတ် Status သို့မဟုတ် ဂုဏ် ဆိုတဲ့ Filter ကိုဖြုတ်လိုက်ပြီးတော့ ကိုယ်ကြိုက်တာကိုယ်ရွေးချယ်နိုင်တဲ့သူလို့ပြောလို့ရတယ်။

အဲလို Filter မပါတဲ့ အတွေး ကို တွေးတတ်ဖို့ ဘယ်လောက်ခက်လဲ၊ နောက်ပြီး ဘာတွေ အကျိုးရှိလဲ ဆိုတာကိုလည်းရှင်းပြချင်တယ်။

ဒီလိုတွေးနိုင်ဖို့အတွက် ကိုယ့်ဘ၀မှာ Barriers (အတားအဆီ) တွေမရှိဖို့ လိုအပ်တယ်။
ဥပမာလေးနဲ့ ဆုနဲ့ ဆု့အမေ အကြောင်း ပြောပြပါရစေ။
အမေက ရွှေဆို ကြီးရင်ပြီးရော။ ထည်ရင်ပြီးရော သူက ဝတ်ရတာကြိုက်တယ်။
ကိုယ့်ကို ဆင်ရင် ကိုယ်က အမြဲ မကြိုက်လို့ ငြင်းလေ့ရှိတယ်။

အဲလိုပြောလို့ရတနာကို မကြိုက်တာလား လို့ အသက်ကြီးလာတော့ စဉ်းစားမိတယ်။
တကယ်တော့ ရတနာကိုမကြိုက်တာမဟုတ်ဘူး။
Bulgari ဆွဲကြိုး လို ထည် တာဆိုရင်တော့ ကြိုက်ပြန်ရော။
ပြီးတော့ ဆု ကြိုက်တဲ့ ရတနာ ပုံစံဆိုတာရှိတယ်။
ဆု အတွက် Style / Fashion မှာ သိပ် filter မရှိဘူးလို့ ယုံကြည်တယ်။

အမေကိုမေးကြည့်တော့ ဘာလို့ အမေ လက်ဝတ်ရတနာဆို ပုံစံဆန်းတာ သိပ်မကြိုက်တာလဲဆိုတော့…
အလျော့တွက်လက်ခ ကြောင့်တဲ့။
ဒါဆို အတုံးလိုက်သိမ်းပြီး Invest လုပ်ရင်ရော အမေ ဆိုတော့….
ဝတ်ချင်သေးတယ်လေတဲ့။

ဆိုလိုရင်းက…
စုဖို့ရော၊ သိမ်းဖို့ရော နှစ်ခုလုံး ကို တချက်မှ ဂရုစိုက်စရာမလိုတဲ့
ငွေကြေးအခြေအနေမရှိလိုလို့ ပြောရင်အမှားဘူး။

ပြောရရင် ဒီ Scarcity Mindset / Barrier က တသက်လုံးရှိလာတဲ့အခါ ဒီ filter က ဖျောက်မရဘူး။
(ဒါကလည်း socialist ခေတ်ကလာတဲ့ လူကြီးတွေမှာတွေ့ရတတ်တဲ့ အကျင့်တမျိုးဖြစ်တယ်။ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။)
ဒီအတွက် filter မပါဘဲ ကိုယ်က ဘယ်အရာဆိုကြိုက်တတ်လဲ ဆိုတာ လူတိုင်း အတွက်မလွယ်ကူဘူး။
(ကိုယ်တိုင်လည်း ကိုယ်တိုင်တောင်မသိတဲ့ Filter တွေရှိကောင်းရှိနေနိုင်သေးပါရဲ့။)

နောက်ဆုံးတချက်… Filter ပါတာကို တွေးပြီးရွေးတော့ရော ဘာအရေးလဲ??????
အမှန်မြင်တတ်ဖို့က ဘက်ပေါင်းစုံကနေ လိုအပ်သလို အရေးလည်းကြီးပါတယ်။

၁။ ကိုယ်ပိုင်စိတ်ကူးနဲ့ အမြင်ကို ဖော်ထုတ်နိုင်ခြင်း
Filter တွေမပါဘဲ တွေးတတ်ခြင်းဟာ ကိုယ်ပိုင်စိတ်ကူးနဲ့ အမြင်ကို ပိုမိုလွတ်လပ်စွာ ဖော်ထုတ်နိုင်စေပါတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ စံသတ်မှတ်ချက်တွေ၊ အခြားသူတွေရဲ့ မျှော်လင့်ချက်တွေကနေ လွတ်ကင်းပြီး ကိုယ်ပိုင်ဖန်တီးမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။

၂။ ပိုမိုကျယ်ပြန့်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ခြင်း
Filter တွေကို ဖယ်ရှားလိုက်တဲ့အခါ ကိုယ့်အတွက် ရွေးချယ်စရာတွေ ပိုများလာပါတယ်။ ဥပမာ – ဈေးကြီးတဲ့ ကုန်အမှတ်တံဆိပ်တွေကိုပဲ အာရုံစိုက်နေမယ့်အစား ပိုပြီးသင့်တော်တဲ့၊ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကို တွေ့ရှိနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာခြင်း
Filter တွေကို ဖယ်ရှားပြီး စဉ်းစားတဲ့အခါ ကိုယ့်ရဲ့အစစ်အမှန်ဆုံး စိတ်ဝင်စားမှုတွေ၊ တန်ဖိုးထားမှုတွေကို ပိုမိုသိမြင်လာနိုင်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပိုမိုနက်နက်နဲနဲ နားလည်လာစေပါတယ်။

၄။ ပိုမိုပွင့်လင်းတဲ့ စိတ်ဓာတ် ရရှိခြင်း
Filter မပါတဲ့ အတွေးခေါ်ဟာ ပိုမိုပွင့်လင်းတဲ့ စိတ်ဓာတ်ကို ဖော်ဆောင်ပေးပါတယ်။ အသစ်အဆန်းတွေကို လက်ခံဖို့ ပိုလွယ်ကူလာပြီး၊ မတူကွဲပြားတဲ့ အမြင်တွေကိုလည်း နားလည်နိုင်စွမ်း ပိုမြင့်မားလာပါတယ်။

၅။ ပိုမိုကျန်းမာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်း
Filter တွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ပိုမိုကျန်းမာပြီး ဟန်ချက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါတယ်။ အကြောင်းကတော့ ပြင်ပလွှမ်းမိုးမှုတွေကနေ ကင်းလွတ်ပြီး ကိုယ့်အတွက် အမှန်တကယ် အရေးကြီးတဲ့အရာတွေကို ပိုမိုအာရုံစိုက်နိုင်လို့ပါပဲ။

၆။ ဘဝကို ပိုမိုပြည့်ဝစွာ ခံစားနိုင်ခြင်း
Filter တွေကနေ လွတ်မြောက်သွားတဲ့အခါ လူ့ဘဝရဲ့ အနှစ်သာရကို ပိုမိုခံစားနိုင်ပါတယ်။ အပြင်ပန်း ပုံသဏ္ဍာန်တွေအစား အစစ်အမှန် တန်ဖိုးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး ဘဝကို ပိုမိုအဓိပ္ပါယ်ရှိစေပါတယ်။

၇။ ပိုမိုဖန်တီးနိုင်စွမ်း မြင့်မားလာခြင်း
Filter တွေကို ဖယ်ရှားလိုက်တဲ့အခါ စိတ်ကူးစိတ်သန်းတွေ ပိုမိုလွတ်လပ်စွာ စီးဆင်းလာပြီး ဖန်တီးနိုင်စွမ်း ပိုမိုမြင့်မားလာပါတယ်။ ဒါဟာ အနုပညာ၊ စီးပွားရေး၊ သိပ္ပံပညာ စတဲ့ နယ်ပယ်အသီးသီးမှာ တီထွင်ဆန်းသစ်မှုတွေ Inspiration အသစ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Filter မပါတဲ့ အတွေးခေါ်ကို လေ့ကျင့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုတွေးခေါ်နိုင်ဖို့ ကြိုးစားက ကိုယ့်ရဲ့ ဘ၀ကိုရော ၊ အမြင်ကို
မှာပါ အနှောင်အဖွဲ့ကင်းကင်းနဲ့ နေထိုင်ရှာဖွေလာနိုင်မှာဖြစ်တယ်လို့ မျှဝေချင်ပါတယ်။

Leave a Reply