ကိုယ်ရဲ့ စိတ်ကို “ကိုယ်ထိန်းချုပ်လို့မရတာတွေကိုစိတ်ထဲမထားဘူး။” လို့ဆုံးဖြတ်ပြီး နေတယ်။
ဒါပေမဲ့ အဲ သဘောတရားရဲ့ Side Effect ကလည်းဘာလဲဆိုတော့..
တဖြေးဖြေးနဲ့ ကိုယ်နဲ့ ထိတွေ့နေရတဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေဝေးလာတာပဲ။
ဝေးတော့ဘာဖြစ်လဲဆိုတော့… ဂရုမစိုက်တဲဲ့အခါ၊ လျစ်လျူရှုတဲ့အခါ ဖြစ်လာလေ့ရှိတဲ့ စိတ်ခံစားချက်တွေဝင်လာတာပဲ။
“ကိုယ်ချင်မစားတတ်တော့ဘူး။”
“အားနာရကောင်းမှန်းမသိတော့ဘူး။”
တဖက်မှာကလည်း ထိန်းချုပ်လို့ရတဲ့အရာတွေပဲ အာရုံထားမှ ရှင်သန်ဖို့ အဆင်ပြေလာမှာတွေလည်းရှိပြန်တယ်။ အားလုံးခံစားနေရင် ရူးတောင်သွားဦးမယ်။
လူတွေလေနော်။ လူ့ဦးနှောက်ကိုက ရှင်သန်ဖို့ အတွက် ဒီဇိုင်းလုပ်ထားတာဖြစ်တယ်။
ဒီတော့ အကောင်းဆုံးကတော့ အလယ်အလတ် လမ်းစဉ်လိုက်တာအကောင်းဆုံးပဲ။
ဒီတော့ နောက်ပိုင်း Crisis တွေကြုံလာရင် ဆုကတော့ ဘယ်လို စိတ်နဲ့ လုပ်ဆောင်မှုတွေလုပ်လဲ ပြောချင်ပါတယ်။
- အနှောက်အယှဉ်ဖြစ်စေမဲ့ ကိစ္စတွေ၊ စာတွေ၊ အပေါင်းလက္ခဏာမဆောင် စေမဲ့ အရာတွေကို မလုပ်မိ မတင်မိအောင်နေတယ်။
- နောက်ပြီးနေရတာနောင်တမရှိအောင် လုပ်နိုင်မဲ့ Scope ထဲက လုပ်လို့ရတာလုပ်တယ်။ (ဥပမာ.။ ဒီကာလတွေမှာ လူတွေစိတ်ကျန်းမာရေးအဆင်ပြေဖို့အတွက် ဘယ်အပိုင်းတွေ ကိုယ်လုပ်ပေးနိုင်မလဲ။ ကိုယ်လုပ်ပေးလို့ရတဲ့အရာက ငွေနဲ့လား၊ နှုတ်အားဖြင့်လား၊ လူအားဖြင့်လား။ ဒီအပေါ်မူတည်ပြီး လုပ်ပေးနိုင်တဲ့ အနေအထားနဲ့လုပ်တယ်။)
- ပုံမှန်တင်ကိုတင်မဲ့ အရာဆိုလည်း Stories မှာတင်တယ် ဥပမာ။ ဆု ပုံမှန် Gym ဆော့ပြီးတိုင်း ဆော့တဲ့ exerciseနဲ့ calories tracking ကိုတင်လေ့ရှိတယ်။ ဒီအရာ Story မှာတင်လိုက်လို့ ဘယ်သူမှ အနှောက်အယှဉ် ကြီးကြီးမားမား မဖြစ်ဘူးလို့ ထင်တယ်။ (ဒါဆုအထင်ပေါ့နော်။ ဒီလို rules တွေက တယောက်နဲ့ တယောက် စံနှုန်းတွေ မတူဘူး။ အဲစံနှုန်းဆိုတာကလည်း လူ့ပတ်ဝန်းကျင်ကို လျစ်လျူမရှုလေလေ၊ လူအများစုရဲ့ ခံစားချက်နဲ့ နီးစပ်လေလေ ဖြစ်မယ်။ ဒါကြောင့် Social Influencer လုပ်လို့ အဆဲမခံချင်ရင် EQ မြင့်ဖို့လိုတယ်လို့ အမြဲပြောကြတာဖြစ်မယ်။)
- ပုံမှန် မဖြစ်မနေလုပ်ကိုလုပ်မယ်ဆိုတဲ့ KPI ကိုထားတယ်။
ဆု ရဲ့ KPI (Key Performance Indicators) အတွက် ပုံမှန်လုပ်တဲ့ အလုပ်တွေက..
၁။ ၁ပတ်မှာ လေ့ကျင့်ခန်း (၄)ရက်မဖြစ်မနေလုပ်တယ်။ ဒီကာလမှာ စိတ်ကမလန်းလို့ ခန္ဓာ ပါ ပြစ်ထားရင် စိတ်ထောင်းလို့ကိုယ်ကြေသာဖြစ်ပါလိမ့်မယ်။
၂။ တာဝန်ယူထားတဲ့ ကိစ္စတိုင်း ဘာအကြောင်းကြောင့်မှမပျက်အောင်လုပ်တယ်။
၃။ တာဝန်မရှိပေမဲ့ နောင်တကင်းချင်လို့ လုပ်တဲ့ Contribution လိုမျိုးကို နေ့တိုင်းလုပ်တယ်။ (ဆု Broadcast မှာ ၁ရက်မပျက် Daily Reminder အနေနဲ့ တင်ပေးလာတာ ၂၆၁ရက်ရှိပါပြီ။)
၄။ ကိုယ်ပျော်တဲ့ အလုပ်ကို လုပ်တယ်။ (မပျော်တော့ပဲ Contribution ပဲလုပ်တယ်မထင်ပါနဲ့။ Party လည်းသွားတယ်။ Festival လည်းသွားတယ်။ ဒါပေမဲ့ လူတိုင်းသိအောင်တော့ မတင်နေဘူး။ တင်တဲ့နေရာမှာလည်း လူတိုင်းမရှိနေဘူး။)
ဒီတော့ ထိန်းချုပ်လို့ရတာထိန်းချုပ်။ ထို့အတူ ကူလို့ရတာလည်းကူ။
မြန်မာပြည်မှာက Work-life Balanced ပဲ လုပ်နေကြရတော့တာမဟုတ်ဘူး။
- Crisis and stability balance
- Economic crisis and financial management balance
- Political instability and daily life survival balance
- Crisis management and personal growth balance
- Emergency situations and continuing education balance
- Pandemic and healthcare management balance
- Natural disasters and community rebuilding balance
ဒါကို မှ အမြင်မတူဘူး။ အမြင်မကြည်ဘူးဆို သိပ်ရှင်းမနေနဲ့။ ခက်ရှင်းရှင်းသာနေလိုက်တာအကောင်းဆုံးပဲ။
ဘယ်သူအမြင်ကြည်ဖို့ ဆိုပြီးလောကမှာ နေစရာမလိုဘူး။ ကိုယ့် လိပ်ပြာကိုယ် လုံဖို့တော့လိုတာပေါ့။
