Plato တို့ Socrates တို့ ရဲ့ philosophy ကို လေ့လာသလိုပဲ လေ့လာကြည့်ပါ။
- နေထိုင်ရတာ စိတ်ရှင်းလာမယ်။
- ပစ္စုပ္ပန်မှာ ပိုနေထိုင်လာမယ်။
- သိပ်ဆုတောင်းတာမျိုး မလုပ်တော့ပဲ action / reaction အပေါ်မှာ အာရုံစိုက်ဖြစ်လာမယ်။
ဒါနဲ့စကားမစပ်
လေ့လာနိုင်ရင်တော့
ဘာသာတိုင်း လေ့လာတာ ကောင်းတယ်။
ကိုးကွယ်တာတခုမလို့ မသက်ဆိုင်တဲ့ ဘာသာမလေ့လာရင် ကောင်းတဲ့ Philosophy တွေ မရလိုက်မှာ ကိုယ်ပဲ ဖြစ်တယ်။
Christian Philosophy မှာဆိုလည်း ဆု အရမ်းကြိုက်တဲ့ အချက်က Gratitude ဖြစ်တဲ့စိတ် နဲ့ရှင်သန်ခြင်းနဲ့ ခွင့်လွှတ်တတ်ခြင်းတို့ဖြစ်တယ်။
Islamic philosophy မှာဆို ကျန်းမာစွာနေထိုင်စားသောက်နည်းနဲ့ ပေးကမ်းခြင်း၊ ညီတူညီမျှ မျှဝေခြင်း၊ ဆက်ဆံခြင်း ဆိုတဲ့ philosophy ကို သဘောကြတယ်။
မွေးကတည်းက ဒီဘာသာ နဲ့ ရင်းနှီးလို့ ကိုးကွယ်တာ ထပ် ရှင်သန်ရမဲ့ကာလတွေမှာ ဘယ်အယူအဆကို ကိုယ်လက်ကိုင်ထားမလဲဆိုတာ လေ့လာရင်း ကိုးကွယ်နိုင်ရင် အကောင်းဆုံးပေါ့။
ဆုမှာတော့ ကိုးကွယ်ရာ ဘာသာမရှိပါ။
လမ်းစဉ် ကတော့ ဗုဒ္ဓ လမ်းစဉ်ကို ရာနှုန်းပြည့် လျှောက်နိုင်အောင် ကြိုးစားနေပါတယ်။
———————-
———————-
ကိုယ့်ဘာသာရဲ့ ကောင်းတဲ့ philosophy လေးတွေ ဒီ မှာ မျှဝေ ပေးပါဦး။

Audio တွေ များများလုပ်ပေးပါ နားထောင်ရတာပိုအဆင်ပြေပါတယ် သွားလာရင်းနဲ့ ပိုအကျိုးရှိစေလို့ပါ တခြားအရာတွေအပေါ်မှာ အာရုံ မစိုက်မိလဲ တိုးတက်ဖို့အတွက်အကြောင်းအရာတွေ ကို နားထောင် Note ပြီး လိုက်လုပ်မိလို့ပါ ။ ခုချိန်ထိ အစစအရာရာ အချိန်ပေးပြီး Sharing တွေ လုပ်ပေးတဲ့ အတွက် ကျေးဇူးပါမမစု။ နိုင်ငံရေးမကောင်းထဲက ကျောင်းသားဘဝကို စွန့်လွှတ်လိုက်ပြီးအိမ်မက်တွေ ပျောက်ဆုံးမိခဲ့တာ မမစုကြောင့်ပဲ စာတွေဖတ်ရင်းလေ့လာရင်း စိတ်အကြောင်းတွေလည်း ပြန်သုံးသပ်ရင်းနဲ့အဆင်ပြေခဲ့ပါတယ် အခုလည်း Notion ကိုမစုမညွှန်းကတည်းက သုံးခဲ့တာ အရမ်းကို စာလုပ်ရတဲ့အခါမှာစာအတွက်ကိုယ်ပိုင် Platform တစ်ခုအနေနဲ့ကို သီးသန့်လေးလုပ်ဖြစ်ခဲ့တာ အရမ်းအဆင်ပြေခဲ့ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်❣️။
I am so glad ပါ။ ညီမလေး။