…ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေတဲ့စိတ်က အမြဲမှားနေတာတော့ မဟုတ်ဘူး။
“ဘာမှမရှိသေးတဲ့အချိန်” မှာ…
ဒီစိတ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဖြစ်လာတဲ့ စိတ်ဖြစ်နိုင်တယ်။
မရရင် ရအောင်လုပ်။
ရှုံးရင် ထပ်လုပ်။
မလုံလောက်သေးဘူးဆိုတဲ့ ခံစားချက်က
ရှေ့ကို တွန်းပေးတဲ့ အင်အားဖြစ်နေတတ်တယ်။
ဒါပေမယ့်…
အခြေအနေတစ်ခုရောက်လာပြီးရင်
အဲဒီစိတ်ကိုပဲ ဆက်သုံးနေရင်
တဖြည်းဖြည်း ပြဿနာဖြစ်လာတတ်တယ်။
လိုချင်တာတွေ ရလာပြီးသား။
ဒါပေမယ့်…
စိတ်ကတော့ မလုံလောက်သေးဘူးလို့ပဲ ဆက်ခံစားနေရတယ်။
ဒီနေ့ကို
မနေ့ကနဲ့ နှိုင်းတယ်။
ဒီနှစ်ကို
အရင်နှစ်နဲ့ နှိုင်းတယ်။
တခြားလူနဲ့တော့
ပိုပြီး နှိုင်းနေမိတယ်။
ပြဿနာက နှိုင်းယှဉ်တာမဟုတ်ဘူး။
ကိုယ့်တန်ဖိုးကို
ဒီနှိုင်းယှဉ်မှုတွေပေါ်မှာ တည်ဆောက်ထားတာ။
Self-love စစ်စစ်က…
တိုးတက်မှုကို မကြည့်တော့တာ မဟုတ်ဘူး။
မနေ့ကထက် ဘယ်လောက်တိုးတက်လာလဲဆိုတာကို မြင်တယ်။
ဒါပေမယ့်…
အဲဒီတိုးတက်မှုကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မသုံးတော့ဘူး။
တခြားလူကိုလည်း ကြည့်တယ်။
ဒါပေမယ့်…
ကိုယ့်တန်ဖိုးကို သူတို့နဲ့ တိုင်းတာတော့ မလုပ်ဘူး။
Burning Desire ကလည်း ရှိနေတုန်းပဲ။
ဒါပေမယ့်…
“မလုံလောက်သေးဘူး” ဆိုတဲ့ နာကျင်မှုကနေ မဟုတ်တော့ဘူး။
“ဒီဘဝကို ဖန်တီးချင်တယ်” ဆိုတဲ့ တန်ဖိုးတွေဆီကနေ ဖြစ်လာတယ်။
ပထမစိတ်က…
အန္တရာယ်ကို ကျော်ဖြတ်ဖို့ ကူညီပေးတယ်။
ဒုတိယစိတ်က…
ကိုယ့်ကိုယ်ကိုယ်နဲ့ Relationship တည်ဆောက်ဖို့ ကူညီပေးတယ်။
ဒီစာက လူတိုင်းအတွက်တော့ မဟုတ်ဘူး။
ဒါပေမယ့်…
လိုချင်တာတွေ ရလာပြီးသား။
အောင်မြင်မှုတွေလည်း ရလာပြီးသား။
ဒါပေမယ့်…
အတွင်းထဲမှာ “မလုံလောက်သေးဘူး” ဆိုတဲ့ အသံက မပျောက်သေးဘူးဆိုရင်…
ပြောင်းရမှာက ရည်မှန်းချက်မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် မောင်းနှင်တဲ့ နည်းလမ်းပဲ။