Skip to main content

Su Phone Mo

ကွာခြားချက်က AI မဟုတ်ဘူး။
AI ကို ဘယ်လို Setup လုပ်ထားလဲဆိုတာပဲ။

AI ကို တကယ်အသုံးဝင်အောင် လုပ်ချင်ရင်
ဒီ ၉ ခုကို အရင် Setup လုပ်ထားတယ်။

၁။ Memory
AI က အရင်ပြောခဲ့တာတွေ၊
Preference တွေ၊ Context တွေကို မှတ်ထားနိုင်အောင် လုပ်ထားတယ်။
Conversation တိုင်း အစကနေ ပြန်စရာမလိုတော့ဘူး။

၂။ Profile / Custom Instructions
AI ကို မေးခွန်းမမေးခင်
ဆုက ဘယ်သူလဲဆိုတာ အရင်သိအောင်လုပ်ထားတယ်။
ဘာအလုပ်လုပ်လဲ။
ဘယ်လိုအဖြေမျိုးကြိုက်လဲ။
ဘယ်လောက်အသေးစိတ်လိုလဲ။
ဘာမျိုးမလိုချင်ဘူးလဲ။

၃။ Connectors
Email, Calendar, Files, Slack, Drive လို
တကယ်အသုံးပြုနေတဲ့ Tools တွေနဲ့ ချိတ်ထားတယ်။
AI က Context မရှိဘဲ ခန့်မှန်းနေတာထက်
တကယ်ရှိတဲ့ Information ပေါ်မှာ အလုပ်လုပ်နိုင်လာတယ်။

၄။ Projects / Workspaces
အရာအားလုံးကို Chat တစ်ခုထဲ မထည့်ဘူး။
Business တစ်ခု။
Content တစ်ခု။
Research တစ်ခု။
Project တစ်ခုချင်းစီမှာ
သူ့အတွက်လိုတဲ့ Context ကိုပဲထားတယ်။

၅။ Skills / Templates
ထပ်ခါထပ်ခါလုပ်ရတဲ့အလုပ်ကို
ထပ်ခါထပ်ခါ ရှင်းပြမနေဘူး။
Weekly report ဖြစ်ဖြစ်၊
Content ဖြစ်ဖြစ်၊
Email ဖြစ်ဖြစ်၊
အသုံးများတဲ့ Instruction ကို Template ဒါမှမဟုတ် Skill လုပ်ထားတယ်။

၆။ Model / Mode
AI အားလုံးကို အလုပ်အားလုံးအတွက် မသုံးဘူး။
ရိုးရိုးအလုပ်ဆို မြန်တဲ့ Mode။
Analysis လိုတာဆို Reasoning ပိုကောင်းတဲ့ Mode။
အလုပ်နဲ့ကိုက်တာ ရွေးတယ်။

၇။ Prompt
ဒီအဆင့်ရောက်မှ Prompt လာတယ်။
ဆုကတော့ ၃ ခုရှင်းအောင်ပေးတယ်။
ဘာလိုချင်လဲ။
ဘာ Context သိဖို့လိုလဲ။
Output ကို ဘယ်လိုလိုချင်လဲ။
Prompt က AI အသုံးပြုခြင်းရဲ့ အစမဟုတ်ဘူး။
Layer တစ်ခုပဲ။

၈။ Verification
AI ပြောတာကို မှန်တယ်လို့ တန်းမယူဘူး။
Numbers။
Quotes။
Sources။
အရေးကြီးတဲ့ Decisions။
အကျိုးဆက်ရှိတာဆို ပြန်စစ်တယ်။

၉။ Security
AI က အသုံးဝင်လို့
အရာအားလုံး Access ပေးထားတာမျိုး မလုပ်ဘူး။
ဘာ Upload လုပ်နေလဲ သိထားတယ်။
Connector က ဘာ Access ရလဲ သိထားတယ်။
Password နဲ့ Sensitive Information တွေ မထည့်ဘူး။
လူအများစုက AI ကို ပိုကောင်းကောင်းသုံးချင်ရင်
Prompt ပိုကောင်းကောင်းရေးတတ်ဖို့ လိုတယ်လို့ ထင်ကြတယ်။
ဆုသတိထားမိတာက တခြားတစ်ခု။
Effective AI ဆိုတာ Prompt ကောင်းတာတစ်ခုတည်း မဟုတ်ဘူး။
Context ကောင်းကောင်း တည်ဆောက်ထားတာ။

AI က ဆုတို့အကြောင်း ပိုသိလေလေ၊
ထပ်ခါထပ်ခါ ရှင်းပြရတာ ပိုနည်းလေလေ။
အဲဒီအချိန်ရောက်မှ
AI က Chatbot ကနေ Assistant ဖြစ်လာတယ်။

Leave a Reply