ကိုယ်က အရင်ကဆို စပ်စပ်ထိမခံ ရန်တွေ့တတ်တဲ့သူမျိုး။
- အသက် ၁၁နှစ်ထဲက ၁၉ နှစ် အမကြီးတယောက် နဲ့ရန်ဖြစ်တာ ကလေးတရားရုံးမှာ အမှု (၃)နှစ်ပါဖြစ်တဲ့အထိပဲ။ ထိရင်မခံတတ်လိုက်ပုံက ကိုယ်တင်မက ကိုယ့်အမေပါအပါပေါ့။ (အမှုက နိုင်ခဲ့ပေမဲ့ လူပင်ပန်း၊ပိုက်ဆံကုန်တာတော့ဖြစ်ခဲ့တယ်။)
- ၈ တန်းမှာ စားမေးပွဲကျလို့ နောက်နှစ်ကျောင်းပြောင်းတဲ့အခါ ကျောင်းသူသစ် တွေနဲ့ ရန်ဖြစ်တော့လည်း ၃ ယောက် ၁ ယောက် မှာ ၃ ယောက်လုံး ဆေးရုံရောက်တဲ့အထိကို စွာလည်းစွာသလို လက်သီးလည်းပြင်းတယ်။
အရင်ထဲက social media မှာ ကိုယ်နဲ့ သူငယ်ချင်း ဖြစ်တဲ့သူတွေဆိုသိတယ်။
ဘယ်လောက်ပူလောင်ပြီး ကြည့်မရတာနဲ့ တိုက်ခိုက်တတ်လဲဆိုတာ….
ဒါတွေက စရိုက်ကျပြီး ရှက်စရာကောင်းတယ်ဆိုတာ သိတဲ့အချိန်မှာ… ကိုယ်စပြီး public မှာ စကားပြောဖို့ ကို အတားအဆီးက ကိုယ့်ရဲ့စရိုက်နဲ့ anger issue ပဲ။
ရှင်းရှင်းပြောရရင် social media မှာ influencing လုပ်မယ်ဆို သူများတွေတော့မသိဘူး။
ကိုယ်ကတော့ Emotional Intelligence တနေရာမှာ မရှိရင် low-key နေတာ ကို ပို အားပေးတယ်။
EQ တနေရာမရှိလည်း Influencing လုပ်မယ်ကွာဘာဖြစ်လဲဆို… ဘာမှမဖြစ်ဘူး။
မာရ်နတ်မှာလည်း သူ့ပရိတ်သတ်နဲ့ သူရှိတာပဲ။
ဒီလိုကျော်ကြားမှုမျိုးကို ကိုယ်ကလိုချင်တာလားပေါ့။
ဘာလို့လဲဆိုတော့ စကားကျွံရင် နုတ်မရဘူး။
First impression ဆိုတာ နှစ်ခါပြန်မရဘူး။
ရှက်စရာကိုရှက်တတ်လာတဲ့အချိန် ဒီအရာတွေက အရိပ်လိုလိုက်လာတတ်တယ်။
မရှက်တတ်ရင်တော့ ဘာဂရုစိုက်စရာလိုလဲနော်။
ဒါပေမဲ့ ရှက်စရာကို ရှက်တတ်ခြင်း နဲ့ အရှုပ်ထဲမှာ ကင်းအောင်နေတတ်ခြင်းက
လူအများနဲ့ ဆက်ဆံလာလေ လိုလာလေပါပဲ။
၂၀၁၆ လောက်ထဲက Page ထောင်အခုလိုမျှဝေတာမလုပ်ပေမဲ့ ပုံမှန် live လွှင့်ပြီး စကားပြောနေကြ။
ဒါပေမဲ့ စကားပြောပြီးတိုင်း အဲ live တွေကို only me လုပ်လိုက်တယ်။
ဘာလို့လဲဆိုတော့… အပြောနဲ့ အလုပ် အလုံးစုံမညီနိုင်လို့။
ကိုယ့်စိတ်ကို မထိန်းနိုင်ခင်မှာ သူများတွေ ဘယ်စိတ်ထားသင့်ပါတယ်မပြောနေသင့်ဘူး လို့ ကိုယ်ထင်တယ်လေ။
ကိုယ့်ဟာကို လည်း လူတွေနဲ့ ဆက်ဆံရေးတိုင်းမှာ ယုံကြည်ချက်မရှိခဲ့ဘူး။
ဒီနေ့ မှာ အဲတုန်းက ယုံကြည်မှုမရှိခဲ့တာကို ကိုယ့်ဟာကို Fake It မလုပ်ခဲ့မိတာ သိပ်ကျေးဇူးတင်တယ်။ အဲအချိန်မှာသာ မပြည့်ပဲ public figure လုပ်ခဲ့ရင် အခုချိန်မှာ အဆဲခံနေရလောက်ပြီ။
ဆု ၂၀၂၁ လောက် public ကို တိတိပပ ထွက်လာချိန်မှာ ကိုယ့်ဟာကို ကတိတခုပေးခဲ့တယ်။
- ငါအကြောင်းမဲ့ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူး။
- အရှုပ်တွေထဲမှာ ရှင်းအောင်နေမယ်။
- အမြင်မတော်လို့ public figure တယောက်အနေနဲ့ ပြောကိုပြောသင့်တာမျိုးဆို ကိုယ့်ရှုထောင့်ကိုဝေမျှမယ်။
- ငါ့ကိုလာတိုက်ခိုက်ရင်လည်း ၃ နည်းနဲ့ ဖြေရှင်းမယ်။
(၁) ရှင်းကိုရှင်းရမဲ့အရာဆို နိုင်အောင်ရှင်းမယ်။
(၂) မနိုင်နိုင်တဲ့အရာဆို အစထဲက မရှုပ်မိအောင်နေတယ်။
(၃) မရှင်းလည်းရတဲ့အရာတိုင်း (ဥပမာ ကိုယ့်အကြောင်းနောက်ကွယ်မှာပြောဆိုတာမျိုး) ကို လျစ်လျူရှုမယ်။
အခုချိန်မှာ ဆု စကားမှားမှာကို စိတ်မပူဘူး။
စကားပြောကောင်းလာတာမဟုတ်ဘူး။
စိတ်ရှင်းလာတာ။
မသိရင်မသိဘူးပြောရဲတယ်။
ရှက်သင့်တာကိုရှက်တတ်လာတယ်။
အရှုပ်ထဲမှာရှင်းအောင်နေတတ်လာတယ်။
ဒါကြောင့် ဘယ်သူ့ကိုမှ မဖြည့်ခင် ကိုယ်တိုင် ပြည့်အောင် ဖြည့် ပါလို့ပြောချင်ပါတယ်။
မပြည့်ရင်လည်းဟန်မဆောင်နဲ့။ Fake It မလုပ်နဲ့။
ရှက်တတ်ခြင်း၊ ကြောက်တတ်ခြင်း မှာ တိကျတဲ့ စံနှုန်း နဲ့ အမြင်တွေ ရှိပါစေ။
Before filling anyone else, fill yourself up first.
I used to be someone who couldn’t tolerate being provoked.
- When I was 11 years old, I got into a confrontation with a 19-year-old girl, which escalated to the point where we ended up in juvenile court with a case that lasted three years. I won the case, but my inability to tolerate provocation affected me and dragged my mother into the situation.
- In 8th grade, I fought with three new classmates after failing an exam and transferring to a new school. Despite being outnumbered, I fought back so fiercely that all three ended up in the hospital.
In the past, those close to me on social media knew how easily I could lose my temper and lash out…
But when I realized how these behaviors were affecting my character and how shameful they were, I recognized that my biggest barrier to speaking out publicly was my temperament and anger issues.
Here are my two cents: even if you want to engage more on social media, you doubt it would work. You better stay low-key if you can’t maintain your emotional intelligence.
There’s no point talking about emotions if you can’t keep these words to yourself.
What would happen if you do? Nothing.
But remember, you attract what you say and what you do.
For me, I only want good fame or none.
First impressions can’t be made twice.
When I feel ashamed of my past actions, these moments haunt me. But if you’re not ashamed, there’s no need to care.
Still, Feeling ashamed and avoiding chaos is necessary when interacting more with people.
Even though I haven’t had a professional page since around 2016, I used to share like I do now. I used to do regular live streams and talk, but I’d always make those live videos private afterward. Why? Because my words didn’t always align with my actions. This kind of shame saved today’s reputation.
I believe that until you can control your own emotions, you shouldn’t be telling others how to manage theirs. I didn’t even trust myself in my interactions with others. Today, I’m grateful that I didn’t fake confidence back then. If I had become more public before I was ready, I’d probably be facing backlash now.
In 2021, when I finally started engaging more publicly, I made a promise to myself:
- I won’t attack anyone without reason.
- I’ll avoid chaos and keep things clear.
- I’ll share my perspective openly if something needs to be said publicly.
- If someone tries to attack me, I’ll respond in one of three ways:
(1) I’ll address it thoroughly if it needs to be addressed.
(2) If it can’t be addressed, I’ll avoid getting involved from the start.
(3) If it doesn’t need addressing (like people talking behind my back), I’ll ignore it.
Now, I don’t worry about saying the wrong thing. It’s not that I’ve become a better speaker—I’ve just gained more clarity. I can admit when I don’t know something. I’ve learned to be ashamed of what I should be ashamed of and to avoid unnecessary chaos.
So, before you fill anyone else up, fill yourself up first. And if you’re not complete, don’t fake it. Don’t pretend to be something you’re not. Be clear about your standards and perspectives regarding feeling shame or fear.
