Skip to main content

Su Phone Mo

Ikigai စာအုပ်မှာ အသက်ရှည် အနာကင်းချင်ရင် ဗိုက်ကို ၁၀၀ ရာခိုင်နှုန်းပြည့်အောင် စားတာမျိုးမလုပ်ပဲ

၈၀ ရာခိုင်နှုန်း ပြည့်တဲ့အထိပဲ ဂျပန်တွေက စားကြတယ်တဲ့​။

➡️ပြောချင်တာက ဗိုက်ပြည့်လာပြီလို့ ခံစားလာရတာနဲ့ ဆက်စားတာမျိုးမလုပ်ဖို့ပြောချင်တာပါ။

နောက်ပြီး ထည့်တဲ့ ပမာဏ ကို သေချာ ဂရုပြုသင့်တယ်။

စ ထည့် ထဲက အများကြီး တမ်းထည့်တာမျိုးမလုပ်ပဲ

နည်းနည်းပဲ ထည့်ပြီး လိုမှ ထပ်ထည့်တာမျိုး လုပ်ပြီးစားတာမျိုး။

➡️ကိုယ်စားတဲ့ အစားအစာ ရဲ့ Calories ကြီးပဲ ကြည့်တာမဟုတ်ပဲ

အာဟာရ ဘယ်လောက် ပါဝင်လဲ ဆိုတာ ကြည့်ပြီး စားတဲ့ ဘ၀ပုံစံတည်ဆောက်ထားရင်

တကူးတက ဝိတ်လည်းချစရာမလိုတော့သလို ကျန်းမာဖို့လည်း အရမ်းလုပ်ယူစရာမလိုတော့ဘူးပေါ့။

Only eat until you’re 80% full. According to the book Ikigai, to live a long and healthy life, the Japanese don’t eat until they are completely full but only until they are 80% full. I want to convey the message that you shouldn’t continue eating once you start feeling full. Additionally, paying close attention to the quantity you add is important. Instead of loading your plate with a lot at once, add a little at a time and only add more if needed. It’s not just about looking at the calories of the food you eat but also considering its nutritional value. If you build a lifestyle based on eating with this discipline, you won’t need to worry about losing weight, nor will you have to put much effort into staying healthy.

Leave a Reply