Skip to main content

Su Phone Mo

တခါမှ အလုပ်တွေ အရမ်း လုပ်ရလို့
ငါ အေးအေးလူလူ နဲ့ Independent Woman (Burmese Stereotype) မဖြစ်ချင်ဘူးလို့ တကြိမ်လေးတောင်မတွေးဖူးဘူး။ (Btw I am not an independent person at all and I am proud of it.)

ဘဝမှာ ဘာမှ လုပ်စရာမလိုပဲ ကိုယ့် Partner ကိုပဲ အားကိုးခဲ့ရချိန်တွေလည်းရှိဖူးတယ်။ အဲအချိန်တိုင်းရဲ့ စိတ်ဆင်းရဲမှုက အခု ဒေါ်လာစျေးတက်တာထပ် ဆိုးတယ်။

၁။ ကိုယ့်အတွက် ကိုယ် တခုခု လုပ်နေချင်တာ။
၂။ မနက်ဖြန်တိုင်းအတွက် ကိုယ့်ဘဝ ပုံစံ ကို စိတ်ကြိုက်ဖန်တီးချင်နေတာ။
၃။ သူ ကို ဘာမှ ကို အပင်ပန်းမခံစေချင်တာ။ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာ။

အဲမှာ သိလိုက်ရတာက လူဆိုတာ သူ့ personality နဲ့ သူလာတာလို့။ Enneagram Personality မှာဆို နံပါတ် ၇၊၈၊၃ လိုမျိုးပေါ့။ ကိုယ်နဲ့ မတူလို့ ဒါအပိုတွေ လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ လူတိုင်းက သူ့ပုံစံ နဲ့ သူ လာတာ။

မှီခို အားကိုး ရတာ ကြိုက်တဲ့သူ ဆိုလည်း နံပါတ် ၂ type ထဲကပေါ့။

တချို့က အလုပ်လုပ်ရင် ပင်ပန်းတဲ့သူ ရှိတယ်။ ဒီအရာ က စိတ်ရှုပ်စရာလို့ ထင်တဲ့သူ ရှိမယ်။

တချို့က အလုပ်လုပ်ရတာ Game တခုဆော့သလို ဒီ အခန်း မရောက်ဖူးသေးဘူး။ လုပ်မယ်ဆိုပြီး နောက်နေ့ အလုပ်လုပ်ဖို့ ကို ရင်ခုန်နေတဲ့သူလည်းရှိမယ်။

လူတွေက တယောက်နဲ့ တယောက် Trigger တွေ မတူကြဘူး။ Personality တွေ မတူကြဘူး။

တချို့ က တယောက်ယောက် နားမှာ မှီခို အားကိုး ရတာ ကိစ္စမရှိဘူး။ သူတို့ ပေးဆပ်ရမယ်ဆိုလည်း ဒီလူအတွက် ပေးဆပ်ပြီး ဖြည့်ဆည်းပေးရတာ ကြိုက်တယ်။

တချို့က Authority သို့ Power ကိုယ့်အပေါ် ရှိတာ မကြိုက်ကြဘူး။ ရှိလာမဲ့ ပုံစံ ရှိရင်တောင် မလိုချင်ကြဘူး။ ပင်ပန်းရင် ပင်ပန်းသာခံလိုက်မယ်။ နည်းနည်းမှ သေးသေးတင်မခံချင်ဘူးဆိုတဲ့သူလည်းရှိတယ်။

ဘယ်သူက မှ ပို မတော် သလို ဘယ်သူကမှလည်း ပိုထက်မြက်မနေဘူး။

အလုပ်ကြိုးစားချင်တဲ့ အမျိုးသမီးတွေကိုလည်း “ဒါတုံးလို့” ဆိုတဲ့ အတွေး မထည့်ပေးနဲ့။

ကိုယိ့ အိမ်ထောင်ရေးမှာ ပဲ လင်အမျိုးသားကို မှီခိုအားကိုးနေတဲ့သူကိုလည်း အထင်မသေးနဲ့။ (အိမ်ကို ထိန်းသိမ်းရတာ။ အလုပ်လုပ်ရတာထပ်တောင်တခါတလေခက်သေး။)

အဓိက က Trigger မတူကြတာ။

Leave a Reply