Skip to main content

Su Phone Mo

မျှဝေမှုတိုင်းမှာ သံဒိဌာန်ချထားတာတစ်ခုရှိတယ်။
စီးပွါးရေးမလုပ်ဖူးပဲ စီးပွားရေးအကြောင်း အကြံမပြုဘူး။
✅တည်ငြိမ်နေတဲ့ ဆက်ဆံရေးတစ်ခုမရှိဘဲ တည်ငြိမ်နေတဲ့ ဆက်ဆံရေးအကြောင်း အကြံမပြုဘူး။
✅ကျန်းမာတဲ့ဘဝနေထိုင်ဖို့ပုံစံမရှိဘဲ ကျန်းမာတဲ့ဘဝနေထိုင်မှု အကြောင်းကို အကြံမပြုဘူး။
✅မိတ်ဆွေကောင်းတွေမရှိပဲ မိတ်ဆွေကောင်းရဖို့ ဘာလုပ်သင့်တယ်လို့ မပြောဘူး။
✅စိတ်ပညာကို အသုံးမချနေပဲ စိတ်ပညာအကြောင်း မပြောဘူး။

ဒါဆို ပြောသမျှ၊ မျှဝေသမျှက အကုန်လုံး ကိုယ်လုပ်နေတာလားဆိုရင်… မလုပ်နိုင်တာဆို မပြောချင်လို့ စာရေးဆရာတွေ စာအုပ်တွေကို Summary လုပ်ဖြစ်နေတာလို့ ပြောလို့ရတယ်။ ကိုယ့်ထပ် သိပြီးသား Formula တွေပြပြီးသားသူတွေရဲ့ စကားတွေကို ပြန်မျှဝေတာမျိုးကို လုပ်တယ်။

ဒါကြောင့် တခါတလေ… Social Media မှာ Motivational စကားလေးတွေပြောတဲ့ ညီမလေး လား လို့ မေးရင်…
“စာအုပ်တွေအကြောင်း မျှဝေလေ့ရှိပါတယ်”
“စွန့်ဦးတီထွင်မှုအကြောင်း ပြောပြလေ့ရှိပါတယ်” လို့ပဲ ပြောတယ်။

လူတိုင်းမှာ ထုတ်မပြောပေမဲ့ မာန်လေးတွေရှိတယ်။ ဒါ ဆုရဲ့ ကောင်းတဲ့ မာန် လို့ ထင်တယ်။

ယူတို့ရော။ ဘယ်လိုမြင်လဲ။
What is your good ego?

suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary

Leave a Reply