Skip to main content

Su Phone Mo

ဆု အမြဲသတိရနေတဲ့ philosophy နှစ်ခု မျှဝေချင်ပါတယ်။

၁။ ဘယ်သူမှ မတည်မြဲဘူး။

တွေ့သမျှလူ၊ သိသမျှလူတိုင်းက

တစ်နေ့နေ့မှာ ကိုယ့်ဘဝထဲက ထွက်သွားနိုင်တယ်။

ဒါက ကြိုပြီးခွာခိုင်းတာလည်း မဟုတ်ဘူး။

ဝမ်းနည်းနေဖို့လည်း မဟုတ်ဘူး။

ဒါဟာ လောကရဲ့သဘာဝပဲ။

ဒီအသိရှိလာတဲ့အခါ

တွေ့ဆုံရတဲ့အချိန်ကို ပိုတန်ဖိုးထားတတ်လာတယ်။

ခွဲခွာရတဲ့အချိန်လည်း ပိုလက်ခံနိုင်လာတယ်။

၂။ လူတိုင်း ပြောင်းလဲနိုင်တယ်။

လောကမှာ အမြဲတမ်းလူကောင်း၊ အမြဲတမ်းလူဆိုးဆိုတာ မရှိဘူး။

ကောင်းတဲ့အလုပ်တွေ များများလုပ်နေသရွေ့ လူကောင်းပေါ့။

ဆိုးတဲ့အလုပ်တွေ များများလုပ်နေသရွေ့ လူဆိုးပေါ့။

ပြီးတော့ အကောင်း၊ အဆိုးဆိုတာလည်း

ကိုယ့်ရဲ့တန်ဖိုးထားပုံ၊ ကိုယ့်ပေတံနဲ့ တိုင်းတာထားတဲ့အရာတွေပါပဲ။

ဒါကြောင့် ဘယ်သူ့ကိုမှ မျှော်လင့်ချက်အရမ်းမထားတော့ဘူး။

ပြောင်းလဲသွားရင်လည်း အံ့ဩမနေတော့ဘူး။

လူတွေကို ယုံကြည်တယ်။

ဒါပေမယ့် လူဆိုတာ ပြောင်းလဲနိုင်တဲ့ သဘာဝရှိတယ်ဆိုတာကိုလည်း လက်ခံထားတယ်။

ဆုအတွက် လူတွေနဲ့ ပတ်သက်ရင်

ဒီ philosophy ကြောင့် စိတ်အေးချမ်းမှု အများကြီးပေးနိုင်စေတယ်။

အသုံးဝင်မယ်မျှော်လင့်ပါတယ်။

Leave a Reply