Skip to main content

Su Phone Mo

ကိုယ့်ဟာကို Minimalist lifestyle နဲ့ Concept ကြိုက်ပြီး Minimalist ဖြစ်နေခဲ့တယ်ထင်တာ။

တကယ်တော့ Essentialist ဖြစ်မှန်းမသိဖြစ်လာတာအခုမှ ဆန်းစစ်မိတယ်။

► Minimalist ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ။

ဘ၀မှာ ပိုင်ဆိုင်မှုအနည်းဆုံးဖြစ်အောင်နေထိုင်နည်းပဲ။

ကိုယ့်ဟာကိုပြန်ဆန်းစစ်တဲ့အခါ ပိုင်ဆိုင်မှု နည်းအောင် နေထိုင်ဖို့ကို မရွေးချယ်နေခဲ့ဘူး။

ကိုယ်က Maximalist lifestyle ကိုတော့ အသွေးအသားထဲကကို မကြိုက်တာ။ ဒါကြောင့် Minimalist တယောက်လိုပဲ ကိုယ့်ဟာကို ယုံကြည်ထားတာ။ ပြီးတော့ ဘယ်လိုမျိုး နေမှ Minimalist ဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်လည်းမရှိတော့ ကိုယ့်ဟာကို အဲလိုယူဆထားလေသတည်းပေါ့။

► Maximalist Lifestyle ကို ဥပမာပေးရရင်

နှုတ်ခမ်း အရောင်တူ တချောင်းကို Brand မျိုးစုံက ၀ယ်တတ်တဲ့ buying habit ရှိတာမျိုး။

ကိုယ့်အဝတ်ဗီဒိုမှာဆိုရင်လည်း လိုလိုမလိုလို ဝယ်ထားမိတဲ့ ပစ္စည်းတွေ အများကြီးရှိနေတတ်တာမျို။

များလေလေ.. ကောင်းလေလေ… ဆိုတာမျိုးပေါ့။

► အရင်ကတော့ ငွေကြေး ပြည့်စုံမှု အတိုင်းအတာတခုထိမရှိလို့

မဝယ်နိုင်သေးလို့ မဝယ်ချင်တာ လည်းဖြစ်နေနိုင်တာပဲလေဆိုပြီး

ကိုယ့်ဟာကို Maximalist ရဲ့ ဘ၀ ပုံစံကို ဒီအချက်တွေကြောင့် မကြိုက်တာလည်းဖြစ်နိုင်သေးတယ်လို့ ထင်ခဲ့သေးတယ်။

အခုက အသက်အရွယ်တခုရောက်လာလေ မလိုအပ်တာ သို့မဟုတ် မလိုချင်တာ ကို

ဘယ်လောက်စျေးကြီးတာ ဖြစ်ပစေ လက်ဆောင်ရရင်တောင် လှူလိုက်တာမျိုး ပေးလိုက်တာမျိုး

လုပ်တဲ့ အထိကိုမလိုအပ်ရင် ဘာမှ ကိုယ့်ပတ်ဝန်းကျင်မှာမထားချင်တာ သတိထားမိလာတယ်။

များများဘာမှ မဝယ်ချင်တာက

များများရှိရင် များများရွေးနေတော့အချိန်ကုန်လို့။

Less is More, Simplicity is the best ဆိုတဲ့ Motto အတိုင်း ဘ၀ကနေထိုင်ဖြစ်လာတယ်။

► Minimalist နဲ့ Essentialist ဘာကွာလဲဆို…

Minimalist က ရည်ရွယ်ချက်ရှိရှိနဲ့ကို သိစိတ်ကကို တကူးတက ပစ္စည်း ဥစ္စာနည်းနိုင်သမျှ လိုအပ်တာလောက်ပဲ ထားပြီး နေထိုင်ကြတယ်။

Essentialist တယောက်ကျတော့ နည်းနည်းပဲ ထားမယ်လို့ ရည်ရွယ်ထားတာမျိုးမဟုတ်ပဲ ဘ၀အတွက်အရေးမကြီးဘူး မလိုအပ်ဘူးဆိုရင်

ဦးစားပေးမှု စာရင်းမှာမထားတော့တာမျိုးပါ။ အဲတာက ပစ္စည်းဖြစ်ချင်ဖြစ်မယ်။ ပတ်ဝန်းကျင်က လူတွေဖြစ်ရင်ဖြစ်မယ်။ ကိုယ့် lifestyle routine လည်းဖြစ်ချင်ဖြစ်မယ်။

ပစ္စည်း နည်းနည်းပဲ ထားတာမဟုတ်ပဲ… မလိုအပ်ရင်မထားတော့တာမျိုး။

ငွေကြေးသုံးစွဲမှုပိုင်းမှာလည်း မလိုအပ်တဲ့ အိတ်၊ဖိနပ်တွေဝယ်တာမျိုးထပ်

Asset တွေ ဝယ်တာမျိုး…

လုံး၀မဝယ်တာလည်းမဟုတ်ပဲ အရေးကြီးတယ်ဆို သုံးစွဲတတ်တာမျိုးပေါ့။

► နောက်တချက်က… Minimalist တယောက်က ဘ၀ ဒဿန ပိုင်းတွေမှာ Minimalist ဖြစ်ချင်မှဖြစ်နေမယ်။

ဆိုပါစို့။ သူငယ်ချင်းဆိုတာ တယောက်လောက်ပဲရှိသင့်တယ်ဆိုပြီး တယောက်ပဲ ထားတာမျိုးဖြစ်ချင်မှဖြစ်မယ်။

ကိုယ့်ဘ၀ရဲ့ logic ပိုင်းတွေမှာ Minimalism ကို ကျင့်သုံးချင်မှကျင့်သုံးနေတာမျိုးလည်းရှိနေနိုင်တယ်။

ကျင့်သုံးရင်လည်းကျင့်သုံးနေနိုင်ပြန်တယ်။

Essentialist တယောက်က ကျတော့….

အရေးမပါတာကို အရာမပေးတော့တာမျိုး။

အရေးကြီးတာဆိုရင်လည်း တကူးတက ခိုင်းစရာမလိုပဲ အလိုလိုလုပ်ဆောင်နေတာမျိုး။

အတိအကျကို တော့ ဆု Essentialism ဆိုတဲ့ စာအုပ်လေး အနှစ်ချုပ်လုပ်ပေးထားပါတယ်။

နားထောင်ကြည့်ပါနော်။

► ဒါတွေဘာလို့ ပြောတာလဲဆိုတော့

ပတ်ဝန်းကျင်ရဲ့ Pressure တွေကြောင့် သို့မဟုတ် အခြားလူ ဘယ်လိုထင်မလဲ ဆိုတာမျိုးကို

မတွေးတော့ပဲ ကိုယ့်ဘ၀မှာ မလ်ိုအပ်တာတွေအတွက် အချိန်မကုန်တော့သလို ငွေလည်းမကုန်တော့ဘူးပေါ့။

► နောက်တချက်က ဆုတို့ မြင်နေရတဲ့ Social Media မှာ

လူတန်းစားအမျိုးမျိုးရှိပါတယ်။

အရမ်းတတ်နိုင်တဲ့ ပတ်ဝန်းကျင်လည်းရှိသလို

တနေ့အတွက်တနေ့ ရုန်းကန်နေရတဲ့သူလည်းရှိတယ်။

လူဆိုတာမျိုးက သူများ သုံးရင် သုံးချင်တယ်။ ပိုက်ဆံမရှိရင် ပိုသုံးချင်တယ်။

ဒါပေမဲ့ တချို့အရာတွေက ကိုယ့်အတွက်

လိုအပ်လား၊

လိုက်ဖက်လား၊

ဘယ်သူ့လွှမ်းမိုးမှု မှမပါပဲ လိုချင်ရဲ့လား၊ ဆိုတာမျိုးကို ဖြေကြည့်ရင်

မကိုက်ညီနေတာတွေ သွားတွေ့ရတတ်တယ်။

လိုအင်ဆန္ဒ ရှိ လို့ ကြိုးစားရယူတာကတပိုင်းပေါ့နော်။

ဒါတွေကို ဆင်ခြင်မိအောင်ပါ။

► ဒါနဲ့ အဲ ဒဿန ကို တွေးလေတွေးလေ ကြိုက်လေ မလို့

ဒီ ဒဿန နဲ့ ကိုက်ညီတဲ့ စီးပွားရေး တခု ဒီနှစ်ထဲ လုပ်ဖို့ ရှိမယ်။

လောလောဆယ်တော့ Business Mission ကို တွေးတိုင်း

ငါသာစောစော Essentialism အကြောင်းသိခဲ့ရင်

ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ၊ အတွေးအခေါ်တွေရှိခဲ့မှာဆိုပြီး

အားမလိုအားမရဖြစ်တယ်။

_____________________

Are you an essentialist or a minimalist? I thought I was practicing a minimalist lifestyle and concept, liking the minimalist approach. But I’ve just realized that I might actually be an essentialist.

As everyone knows, minimalism is about living with the least amount of possessions possible. When I re-examined my lifestyle, I wasn’t specifically choosing to live with fewer possessions. I dislike the maximalist lifestyle deeply, so I believed I was a minimalist. And then, there isn’t a clear definition of how to live as a minimalist, so I assumed that’s how I was living.

For example, a maximalist lifestyle might involve buying lipsticks of the same color from various brands or having a wardrobe filled with unnecessary purchases. It’s about having more and more… better and better.

Previously, I might not have bought things either because I couldn’t afford them or didn’t want them, leading me to believe I disliked the maximalist lifestyle. But now that I’ve reached a certain age, I realize I don’t want or need certain things, even if they’re expensive or gifts. I find myself not wanting to buy more because having more means making more decisions, which takes time. Living by the motto “Less is More, Simplicity is the best” has become my way of life.

The difference between a minimalist and an essentialist… A minimalist intentionally lives with as few possessions as necessary, focusing on what’s truly needed. An essentialist doesn’t just aim to have fewer things but doesn’t prioritize possessions or experiences that aren’t important or needed in life, whether it’s material goods, people, or lifestyle routines. It’s not just about having fewer possessions but not having unnecessary things if they’re not needed. This applies to spending money on unnecessary bags, shoes, or buying assets… Not buying at all isn’t the goal but spending wisely on important things.

Another point is… A minimalist might only apply minimalism in certain aspects of life. For example, they believe that one should only have one friend or keep only one because that’s what they prefer. They might apply minimalism in the logical aspects of their life as well. An essentialist, on the other hand… only prioritizes what’s unimportant and naturally acts if needing to be reminded on what’s truly important.

So, why am I talking about this? It’s because, without the pressure from society or worrying about what others think, I no longer waste time or money on things I don’t need in my life.

Another point is, on social media, we see people from various walks of life. Some can afford luxurious lifestyles, while others struggle daily. People tend to want what others have, especially when they can’t afford it; they want it even more. But some things might not fit or be wanted without any influence from others. Trying hard to obtain desires is only part of it. It’s important to reflect on these things.

So, thinking about this philosophy, I plan to start a business this year that aligns with this concept. Currently, I think about my business mission, and if I had known about essentialism earlier, I would have made better choices and had better ideas, which makes me feel regretful.

Leave a Reply