► ဆုအတွက်ကတော့ သက်တောင့်သက်တာရှိတဲ့ ဘ၀ပုံစံ အပြင် ကိုယ့်မှာ ဘာမဆို လေ့လာချင်စိတ်ရှိပြီး အဲ လေ့လာချင်နေတဲ့ အရာတွေကို ဆက်တိုက် အနှောက်အယှဉ် ကင်းကင်း ဆက်လေ့လာနေုနိင်ဖို့ အခွင့်အရေးရှိတဲ့ ဘ၀ ပုံစံလို သက်မှတ်ထားတယ်။
► သွားချင်တဲ့နေရာ ကို သွားချင်တဲ့ အချိန်သွားနိုင်ခြင်း၊ လုပ်ချင်တဲ့အရာကို လုပ်ချိန်တဲ့အချိန် ထလုပ်နိုင်ခြင်း လို့သတ်မှတ်တယ်။
ငွေကြေးအားဖြင့်တော့ ချမ်းသာတယ်။
အချိန် မရှိဘူး။
ကိုယ့်ရဲ့ နုပျိုမှုတွေပေးရမယ်။
ကိုယ့် လွတ်လပ်မှုတွေကို ချုပ်နှောင်ထားမယ်။
ဒါက ဆုအတွက်တော့ Luxury Life လို မမြင်ဘူး။
► ဆု ဘ၀ပုံစံက ရှင်းတယ်။ အသက်(၇)နှစ်အရွယ်ကလေးတွေလို ဘယ်အရာမဆို စူးစမ်းလေ့လာချငိတဲ့ စိတ်နဲ့ လေ့လာတယ်။
ဒီလိုလူတစ်ယောက်အတွက် ကိုယ်လေ့လာချင်တဲ့ အရာရာတိုင်းကို အခက်အခဲမရှိပဲ ဆက်တိုက်လေ့လာနိုင်နေတာကမှ တကယ့် Luxurious Life ပဲ။
► ဒါနဲ့ ဒါက ဆု ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တခုသာသာပဲ။ အမှန်တရားလို့တော့ ဆိုလို့မရဘူး။ လူတိုင်းက သူတို့ Metaphor နဲ့ သူတို့ ရှင်သန်နေထိုင်နေကြတာပဲမဟုတ်လား။
► စာဖတ်သူတွေထဲမှာရော… ဘယ်လိုဘ၀ပုံစံကို Luxury ဘ၀ပုံစံလို့သတ်မှတ်လဲ။
The phrase “Luxury lifestyle” implies a life where everything one desires is fulfilled.
For me, however, it’s more about having a lifestyle where there’s a strong foundation of curiosity, and the freedom to continuously explore and learn about things of interest.
I define it as being able to go wherever I want, whenever I want, and to do whatever I desire at any given time. Let’s say, financially, you’re wealthy. You don’t have time. You have to sacrifice your youth. Your freedom is constrained. This, to me, doesn’t resemble a Luxury Life.
My idea of a lifestyle is simple: to learn with the insatiable curiosity of a seven-year-old, exploring everything. For such a person, the true Luxury Life is being able to continuously learn without obstacles about everything they’re interested in.
This definition is just one interpretation. It can’t be deemed an absolute truth. Isn’t everyone living according to their metaphors and realities?
And among readers… how do you define a Luxury Lifestyle?
