ကျွန်မ အနေနဲ့ အသက်(၂၈)နှစ်မှာ ရင့်ကျက်မှုအကြောင်းကို ပြောရရင်တော့ အရာတော်တော်များများကို မတုန်လှုပ်တော့တာလို့ပဲ ပြောရမလား။
► လူတွေရဲ့ “ချီးကျူးခြင်း”၊ ကဲ့ရဲ့ခြင်း၊ “ချစ်ခြင်း”၊ “မုန်းခြင်း” တို့အပေါ်မှာလည်း ဖြစ်ရင် ဖြစ်သွားတယ်ပဲ၊ ပျက်ရင်လည်း ပျက်သွားတယ်။ ဒီလောက်ကိုပဲ စိတ်ထဲထားတော့တယ်။ ပြီးရင်လုပ်စရာ ဆက်လုပ်နေလိုက်တယ်။
► ချီးကျူးရင်လည်း ခက်ပြုံးပြုံး၊ ကဲ့ရဲ့သံတွေ ကြားရင်လည်း ခက်ပြုံးပြုံးပဲ။ တိုက်ခိုက်တာတွေ ကြုံရရင်လည်း ကိုယ်ကပဲ သိပ်ပြီးစိတ်ထဲ မထားတော့လို့လား မသိဘူး။ အရာရာက သူ့အလိုလိုပဲ ပြီးဆုံးသွားတာပဲ။ သိပ် ချစ်သူ ၊ မုန်းသူ ရယ်လို့လည်း သတိတောင်မထားမိတော့ပါဘူး။
► အရာရာက ဖြစ်ပြီး ပျက်တယ်။ ဘာမှ မြဲတယ်မရှိပါလို့ တော်တော် နှလုံး သွင်းမိ လာတယ်။
► အဓိကကတော့ ကိုယ့် Flow နဲ့ ကိုယ် သွားနေဖို့ပဲ မဟုတ်ဘူးလား။
My opinion about maturity at the age of 28, can I just say that I am no longer shocked by many things?
► People’s ‘admiration,’ ‘criticism,’ ‘love,’ and ‘hatred’ are just few things that happens and goes, and cease if they’re meant to cease. That’s how I feel now. Then, I just keep doing what I need to do next.
► Whether it’s admiration or criticism, I just smile through it. When I face attacks, I think maybe I no longer take them too much to heart. Everything just ends up being what it is. I hardly pay attention to whether someone loves or hates me anymore.
► Everything arises and ceases. I’ve come to deeply understand that nothing is permanent.
► Maybe the main thing is just to keep going with my own flow.
