ကိုယ့်အကြောင်းကိုပိုသိဖို့ ၊ ကိုယ့် Energy ကို ကိုယ်နားလည်ဖို့အတွက် 8 (C) ကို ဂရုစိုက်ဖို့လိုတယ်။
• Curiosity,
• Calm,
• Confidence,
• Compassion,
• Creativity,
• Clarity,
• Courage,
• and Connectedness
ဆုကတော့ ညတိုင်း Journaling ရေးရင် ဒီ 8 (C) ကို Cover ဖြစ်ဖို့ အောက်ကမေးခွန်းတွေမေးဖြစ်တယ်။
1. Curiosity (စူးစမ်းမှု)
• ဒီနေ့ ဘာအသစ်သိသွားလဲ?
• စိတ်ဝင်စားစရာ၊ စမ်းကြည့်လိုက်ချင်စရာအသစ်တွေ တွေ့မိလား?
2. Calm (တည်ငြိမ်မှု)
• ဒီနေ့ စိတ်ပူစရာတွေကို ဘယ်လို handle လုပ်တာလဲ?
• ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်ဖို့ဘာတွေဖြစ်ခဲ့လဲ?
3. Confidence (ယုံကြည်မှု)
• ဒီနေ့ ဘာတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့လဲ?
• ယုံကြည်မှုနဲ့ ခံစားမိတာ ဘာတွေရှိလဲ?
4. Compassion (ကရုဏာ)
• ဒီနေ့ တစ်ယောက်ယောက်ကို ကူညီနိုင်ခဲ့လား?
5. Creativity (ဖန်တီးမှု)
• ဒီနေ့ဘာအသစ်တွေ ကို တွေးမိခဲ့လဲ?
• ကိုယ့်ဖန်တီးမှုအတွက် အချိန်ပေးနိုင်ခဲ့လား?
6. Clarity (ရှင်းလင်းမှု)
• ဒီနေ့ ဆုံးဖြတ်ချက်တွေမှာ ပိုရှင်းလင်းစွာ Handle နိုင်ခဲ့လား
7. Courage (သတ္တိ)
• ကြောက်နေပြီးရှောင်ပြေးနေတဲ့အရာတွေ လုပ်နိုင်ခဲ့လား?
8. Connectedness (ဆက်စပ်မှု)
• ဒီနေ့ ဘယ်သူတွေကို နားလည်ပေးနိုင်ခဲ့လဲ။
• ဒီနေ့ဆက်ဆံရေးတွေမှာ အဓိပ္ပာယ်ရှိတဲ့ အချိန်တွေအဖြစ် ခံစားမိလား?
