Vercel နဲ့ HR App ကို အပျော် prototype လုပ်ထားတာတွေ့တော့
Tech ကလူတွေက Trigger ဖြစ်တာသွားတွေ့တယ်။
Trigger ဖြစ်လောက်လားဆို ဖြစ်လောက်ပါတယ်။
Security အရရော…
Professional မဟုတ်တဲ့သူက လုပ်တဲ့အခါ ပညာရှင်ဘက်ကနေ ကြည့်တော့ Trigger ပေါ့နော်။
ဒီ Post က Vercel app ရဲ့ အားနည်းချက်တွေ အားသာချက်တွေ နဲ့ AI နဲ့ ကလိ တာအချိန် နဲ့ token ကုန်တာနဲ့ အတူ ဘယ်သူတွေက လိုလဲ ဆိုတဲ့အချက်တွေရှင်းပြမယ်နော်။
ဒါဆို ဆုလို ကလိချင်တဲ့သူတွေလည်း သိပြီး
ဘယ်အချက်တွေက Trigger ဖြစ်စေလဲနဲ့ သတိပြုသင့်လဲ လည်းသိတာပေါ့။
အားနည်းချက်က
– Security Vulnerabilities ရှိတယ်။
– Scalability & Maintenance ပိုင်းမှာ ရေရှည်ပြဿနာရှိနိုင်တယ်။
– Hidden Costs ကိုမေ့မရဘူး။
– AI ရေးပေးတာထက် ပိုပြီး Custom ပြင်ချင်ရင် တိုင်ပတ်တတ်တယ်။
အားသာချက်က
– ကိုယ့်လုပ်ငန်းရဲ့ အထာကို Programmer တွေထပ် ပိုင်ရှင်ကပိုသိတယ်။ We know exactly how it has to be turned out.
– UX/UI မှာ Programmer အတွက် အရေးမကြီးဘူးလို့ ထင်ပေမဲ့ တကယ့် လုပ်ငန်း Run တဲ့အခါ ခလုတ်လေး တစ်ခုရဲ့ အရေးပါမှုက အချိန်အများကြီးသက်သာနေစေတယ်။
– ကိုယ့် Idea က တကယ်အလုပ်လုပ်မလုပ် ချက်ချင်းသိရတယ်။
___________
ဘယ်သူတွေအတွက် သင့်တော်လဲ?
Entrepreneurs: ကိုယ့် Idea ကို ချက်ချင်း အသုံးချချင်သူတွေ။
Side Project ဝါသနာရှင်များ: ကိုယ့် personal ကိစ္စလေးတွေ ကို အပျော်တမ်း သုံးချင်သူတွေ။
Learning Tech: Programming ဘယ်လို အလုပ်လုပ်လဲဆိုတာကို လက်တွေ့ မြင်ကြည့်ချင်သူတွေ။
————
အဲမှာမှ Entrepreneur တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ဒါတွေသုံးလဲပြောပြမယ်နော်။
HR Software ကို အခု Build လုပ်တော့
ဆု HR မှာအခု supervise လုပ်နေတဲ့သူနဲ့ချက်ချင်း ဘာတွေလိုလဲ အဖြေရှာတယ်။ ဥပမာ Finger print Export / import လိုမျိုးဆို format က ၂မျိုး ရှိတယ်။ ဒါတွေကို ထွက်ချင်တဲ့ report နဲ့ ထည့်လို့ရတဲ့ import ကို တခါတည်း Decide လုပ်နိုင်တယ်။ ပြီးတော့ ဆက်တိုက်တကယ် Run ကြည့်တယ်။ အားလုံး ကြိုက်ပြီ ဆိုတဲ့အခါ ဆု ရဲ့ Developer Team ကို source code ပေးလိုက်တယ်။ သူတို့က အားနည်းချက်တွေ လုံခြုံရေးအတွက်လုပ်ပေးတယ်။ ပြီးတော့ လုပ်ငန်း Software မှာ hosting လုပ်ပေးမယ်။
မေးစရာရှိမယ်။
ဒါဆို လုပ်ငန်းရှင်က ဒီလိုတွေ တက်ရမှာပေါ့ဆို….
အဲလောက်ထိတော့ မတက်လည်းရပါတယ်။ ဆုကတော့ ကလိရတာလည်း ကြိုက်သလို apply တမ်းလုပ်နိုင်တဲ့ Operation Team နဲ့ developer team ရှိတော့ လုပ်ရတာ ပေးရတဲ့အချိန်နဲ့တန်တယ်။
အနှစ်ချုပ်ရရင်တော့…
Professional level သုံးမယ်ဆိုရင်တော့ Tech ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ယူတာ အကောင်းဆုံးပေါ့။ ဒါပေမဲ့ “ဆု” တို့လို ကိုယ့်ဘာသာ အဆင်ပြေအောင် ကလိတာ၊ Prototype လုပ်တာကတော့ AI ခေတ်မှာ တားဆီးလို့မရတဲ့ ကောင်းမွန်တဲ့ လေ့လာမှုတစ်ခုပါပဲ။
သတိထားရမှာက “Personal Data တွေ၊ အရေးကြီးတဲ့ အချက်အလက်တွေ” ကိုတော့ AI နဲ့ ရေးထားတဲ့ အပျော်တမ်း App ထဲ အလောတကြီး မထည့်မိဖို့ပါပဲ။