Skip to main content

Su Phone Mo

ဒါကို confused ဖြစ်နေကြရင် ဒီစာလေးဖြစ်ပါ။

ဘာသုံးရမလဲဆိုတာထပ်

ဘယ်လို သိမ်းမှာလဲ ဆိုတာ အရင်စဥ်းစားပါ။

Original Cloud-based နဲ့သိမ်းမှာလား။

Google Drive မှာသိမ်းမှာလား။

One Drive မှာ သိမ်းမှာလား။

Drop-box မှာသိမ်းမှာလား။

(ဘယ် Cloud-based မှာသိမ်းမှာလဲ)

Local Drive မှာပဲ သိမ်းမယ်ဆိုလည်း

Laptop မှာသိမ်းမှာလား။

Phone မှာသိမ်းမှာလား။

Stick နဲ့သိမ်းမှာလား။

External Hard Drive နဲ့သိမ်းမှာလား။

ပြီးတော့… အရေးကြီးတဲ့ နောက်တချက်က Search Engine ကို ဘယ်လောက်အားကောင်းတာကိုသုံးချင်တာလဲ။

ဆိုပါစို့.. ဆုဆို စာအုပ်တွေဖတ်ရင် အဲမှာ file ထဲမှာ ပါတဲ့ အရေးကြီးတဲ့ စကားလုံး (၁)ခုလောက်ပဲ မှတ်မိပြီး စာအုပ် နာမည် မမှတ်မိရင်တောင် အလွယ်တကူရှာနိုင်တဲ့ Search Engine ကောင်းတဲ့ Mindmap လိုမျိုး လိုအပ်တယ်။

နောက်တချက် ဘယ်လောက်ငွေသုံးမှာလဲ။

အဲ မေးခွန်းတွေ မှာ အဖြေတွေသိရင် ဆုအခုပြောတဲ့ Software တွေကို စပြီးလေ့လာလို့ရပါပြီ။

၁။ ငွေ လုံး၀ မသုံးချင်တဲ့ IOS သမားတွေ အတွက်ဆို….

Mindnode သုံးပါ။

Android / Window မရတာကတော့ လုံး၀ကို ၀မ်းနည်းစရာပါ။

Feature တွေတော့ ငွေ သုံးသလို မစုံပေမဲ့ ကြိုက်သလောက် Free သုံးလို့ရပြီးတော့ Local Drive မှာ သိမ်းရပါမယ်။

ဆု Free သုံးခဲ့တာ ၃နှစ်လောက်ရှိပါတယ်။

နောက် အကြိုက်ဆုံး တချက် က ၁နှစ်လုံးကို မှာမှ $24.99 ပါပဲ။ ၁လကို $3 ပါ။ ပြောရရင် Market မှာစျေးအသက်သာဆုံးပါပဲ။

ဘယ်ဟာမှ သူ့ လောက်စျေးမသက်သာပါဘူး။

အားနည်းချက်က Cloudbased မရှိတော့ ကိုယ်က သေချာသိမ်းရတာရော Third Party App တွေနဲ့ Intergration (တွဲသုံး)ဖို့ လုံး၀ မရပါ။

ပြီးတော့ Real Time မှာ Team နဲ့ အတူတူ mind map သုံးလို့မရပါဘူး။

ပြောရရင် Eco-system က မအိုကေဘူးပေါ့နော်။

I-cloud သုံး နဲ့ ဆုက My cloud သုံးပြီး စမ်းသေးတယ်။

I-cloud နဲ့ဆိုရင်တော့ Eco-system က သုံးလို့ရတယ်ဆိုရုံလောက်ကောင်းပါတယ်။

ဒီထပ်တော့ မပိုပါဘူး။

ဆုကအတွက်ကတော့ Themes တွေကလည်း လှပြီး ကျန်တဲ့ Feature အကုန် အဆင်ပြေတော့ အရမ်းကြိုက်ပါတယ်။ နောက်တခုက ဆုက Notion သုံးတော့ သိမ်းတဲ့ အပိုင်းမှာ Cloudbased ဖြစ်နေစရာမလိုပါဘူး။ Export လည်း ကြိုက်သလို ထုတ်လို့ရနေတော့ အေးဆေးပဲပေါ့နော်။ User friendly လည်းဖြစ်ပြီး Simple လည်းဖြစ်တော့အားလုံး အိုကေပါ။

Search Engine ကတော့ မမျှော်လင့်ပါနဲ့။ သူ့စျေး ၂ ဆ MindMeister တောင် Search Engine က သာမန်ပါပဲ။

၂။ ငွေလုံး၀ မသုံးချင်တဲ့ Windown / Andriod / IOS သမားတွေ အတွက် ဆို Xmind Mindmap သုံးပါ။ Flexiable တော့ သိပ်မဖြစ်ပါဘူး။ ဒါပေမဲ့ Export ကောင်းကောင်းလုပ်လို့ရတယ်။ Feature တွေက Free ကိုတော်တော်စုံစုံရတယ်ပေါ့နော်။

သုံးရတာတော့ Flexiable ကဖြစ်သင့်သလောက်ဖြစ်ပါတယ်။ ဆုက အကုန် လျှောက်သုံးဖူးတော့ User Friendly က Mindnode တို့ MindMeister တို့ freeform တို့လောက်မကောင်းတာတော့ သေချာတယ်။ ဒါပေမဲ့လည်း အလကား သုံးရတာရော.. Export ကို ရွေးချယ်စရာတွေ ပေးတာနဲ့တင်တန်တယ်ခံစားရတယ်။ တစ် file ကို ၁ကြိမ်သာ export လို့ရတယ်။ bulk export တော့မရဘူးပေါ့နော်။ လိုလည်းမလိုနေတော့ ဘာဖြစ်ဖြစ်တန်ပါတယ်လေနော်။

၃။ Cloudbased လိုချင်တယ်။ Window / Andriod / IOSဘယ်မှာ မဆို သုံးချင်တယ်။ Third party apps တွေနဲ့ တွဲသုံးချင်တယ်။ ငွေကလည်း အလည်အလတ်သုံးနိုင်တယ်ဆို…..

MindMeister သုံးပါ။ Personal ဆို

Monthly – $6 (တစ်နှစ်စာတခါထဲ၀ယ်ရမှာပါ။)

အစကတော့ Mindmeister ကိုသုံးချင်ပေမဲ့ ဆုက Search Engine Optimization (SEO) ကို Advanced ဖြစ်တာပဲသုံးချင်တာမလို့ Mindmeister က ဆုအတွက်အဆင်မပြေဘူးပေါ့နော်။

အားနည်းချက်က မရှိသလောက်ပါ။ ဆုကိုယ်တိုင်က SEO ကို Advanced ပဲ သုံးချင်တာမလို့ သူကို မ၀ယ်တာပါ။

၄။ IOS သမား ဖြစ်တယ်.. ငွေကို မှ ၁ပြားတောင်မသုံးချင်ဘူးဆို Freeform သုံးပါ။

Freeform က Mindmap လိုသုံးလို့ရပေမဲ့ Mindmap စစ်စစ်မဟုတ်ပါဘူး။

သူက Canvas လိုမျိုး Whiteboard လိုမျိုးသုံးလို့ရတယ်။

Mindmapping လည်းသုံးလို့ရတယ်။

အကြိုက်ဆုံးက SEO အရမ်းကို ကောင်းလွန်းတာ။

ဆုက စာအုပ်တွေဖတ်ရင် အဲတာနဲ့ ဘာလို့ဖတ်လဲ ဆိုတော့

ဖတ်တဲ့စာအုပ်နာမည်တွေမေ့ရင်တောင်ရေးထားတဲ့ စာသားအတိုင်း လိုက်ပြန်ရှာလို့ရတယ်လေ။

IOS ဆိုတော့ Ecosystem ကတော့ ဘာပြောကောင်းမလဲ။ ကောင်းမှကောင်း။

Team meeting လုပ်ပြီး တပြိုင်တည်း Team နဲ့ အလုပ်လုပ်ဦးမလား။ အဲတာလည်းအိုကေဆိုပြေ။

ဆိုးတာကတော့.. Mindmap စစ်စစ်မဟုတ်တော့ Automate တခုခု ဆို တကယ့် Mindmap လို မဖြစ်ဘူးပေါ့နော်။ Mindmap ရဲ့ branch တွေ ထုတ်တာက အသေးစိတ်လိုက်ထုတ်နေရတယ်ပေါ့နော်။ Cloudbased သုံးချင်လည်း ရတယ်။ မသုံးချင်လည်း export လုပ်ပြီး ကိုယ့်ဟာကို အဆင်ပြေသလိုသိမ်းပေါ့နော်။

အဲတော့ ဆုကတော့ SEO သိပ် အားကိုးစရာမလိုရင် Mindnode သုံးပြီးတော့ သုံးဖို့လိုရင် Freeform သုံးတယ်။

အမျိုးမျိုးသုံးလို့ သိမ်းရတာတွေလည်း ခေါင်းမစားချင်ရင် Notion မှာ link တွေထုတ်သုံး …. File တွေ ကို upload လုပ်.. အဲလိုနည်းနဲ့ လည်း ၂မျိုးလောက် ဆုလိုသုံးလို့ရမှာဖြစ်ပါတယ်။

ဒါဆို အားလုံး အဆင်ပြေပြေနဲ့ ရွေးချယ်နိုင်မယ် ထင်ပါတယ်။

Leave a Reply