Skip to main content

Su Phone Mo

Tech Company တွေထဲမှာအကြိုက်ဆုံးတခုပြောရမယ်ဆို Google ပဲ။

-စထွက်ထဲကနေ အခုချိန်ထိ User တွေကို အမြဲ စေတနာရှိတယ်လို့ ခံစားရတယ်။

  • 2004 က စလို့ပြောရင် email တွေမှာ Hotmail က 2MB ပဲပေးနိုင်တုန်း Google က 1GB ပေးခဲ့တာ။ ဘယ်လောက်ကွာသွားလဲသိလား? 500 ဆ ကွာသွားတာ။ တကယ့် revolution ကြီးပဲ။ ဒါကြောင့်လည်း တချို့လူတွေက Email လို့ပြောရင်မသိတော့တဲ့ အထိ Gmailရဲ့ Branding ကြီးက စိုးမိုးနေတာလို့ပြောရင်မမှားဘူး။
  • 2005 မှာ Google Maps ကို launch လုပ်တယ်။ အဲ့အချိန်က Garmin တို့၊ TomTom တို့က GPS device တစ်လုံးကို $200 လောက်ရောင်းနေတုန်း Google က အခမဲ့ digital map ကို စတင်မိတ်ဆက်ပေးခဲ့တယ်။
  • 2008 မှာ Chrome browser ထွက်လာတော့ Internet Explorer တို့လို နှေးနှေးကွေးကွေး browser တွေနေရာမှာ အမြန်ဆုံး browser ကို အခမဲ့ပေးခဲ့တယ်။
  • 2008 မှာပဲ Android OS ကိုလည်း open source အနေနဲ့ ထုတ်ပေးခဲ့တယ်။ 2024 မှာ smartphone market ရဲ့ 70% လောက်က Android ကို သုံးနေကြပြီ။
  • YouTube monetization ကို 2007 မှာစပေးတယ်။ အခု 2024 မှာ creator တွေကို ads revenue ရဲ့ 55% ပေးနေတယ်။ ငွေပေးအများဆုံး Platform လို့ပြောရရင်မမှားဘူး။
  • အခုလည်း Quantum Computing မှာ Google က အရမ်းကြီးကို ရှေ့ရောက်နေတယ်။ 2019 မှာ Quantum Supremacy လို့ခေါ်တဲ့ milestone ကို ရခဲ့တယ်။ ဘာလဲဆိုတော့ သူတို့ရဲ့ Sycamore quantum processor က classical supercomputer တွေ နှစ်ပေါင်း 10,000 လောက် တွက်ရမယ့် calculation တစ်ခုကို စက္ကန့် 200 နဲ့ တွက်ပြလိုက်တာ။ IBM တို့ Intel တို့လို ကုမ္ပဏီကြီးတွေတောင် မလုပ်နိုင်သေးတဲ့ အရာကို Google က စလုပ်ပြလိုက်တာပါ။
  • နောက်တစ်ခုက Gemini 2.0 AI ပါ။ ဒါက ChatGPT (unpaid version) ထက်တောင် စွမ်းဆောင်ရည်သာတယ်။ စာမျက်နှာ 700 လောက်ကို တစ်ခါတည်း process လုပ်နိုင်တဲ့ context window ရှိတယ်။ GPT-4 က 32K tokens (စာမျက်နှာ 50 လောက်)ပဲ ရှိတာနဲ့ယှဉ်ရင် Google က တော်တော်ကို ခုန်ကျော်သွားပြီ။
  • Notebook LM ကိုပြောရင် စိတ်ဝင်စားစရာကောင်းတယ်။ PDF တွေ research paper တွေကို analyze လုပ်တဲ့နေရာမှာ askyourpdf က $12/month ကောက်နေတုန်း Google က အခမဲ့ပေးထားတယ်။ ဆုအတွက်တော့ (၂)ခုယှဉ်သုံးချိန်မှာ Google ကိုလုံး၀မမှီတာသွားတွေ့ရတယ်။

နောက်အကြိုက်ဆုံး တခုကိုပြောရရင် YT က User တွေကို FB လိုမျိုး Drama တွေများအောင်၊ app ကမထွက်နိုင်အောင်လုပ်လို့ရရက်နဲ့ မလုပ်ဘူး။ ဥပမာ။ reaction ဘယ်သူတွေပေးထားတာကို အသေးစိတ် ကြည့်ခွင့်မပေးထားဘူး။ တကယ်လည်း အချိန်ကုန်တယ်၊ ဖုန်းကို ပိုစွဲစေတယ်ကိုယ်ကတော့မြင်တယ်။ ဒါက အသေးအဖွဲဥပမာပါ။

အခြား Google company ကို လေးစားတာအများကြီးပဲ။

Leave a Reply