ကိုယ့် Trigger ကို ကိုယ်သိပါ။
ကိုယ့် ပျော့ကွက်၊
ကိုယ့်ရဲ့ အထိမခံတဲ့အကွက်ကို
ကိုယ်တိုင်သိပါ။
ကိုယ့်အကြောင်းကိုယ်သိရင် ဘ၀က ခေါင်းမစားဘူး။
ဆု ဘ၀နဲ့ ပတ်သက်ပြီးပြောချင်တယ်။
ဆု ဘ၀မှာ အရာအားလုံးထပ်အရေးအကြီးဆုံးက Freedom ပဲ။
အဲလိုပြောတဲ့အခါ ဒါလူတိုင်းမဟုတ်လားလို့မေးစရာရှိတယ်။
မဟုတ်ဘူး။
လောကမှာ Freedom ထပ် ရွေးချယ်ချင်ရင်
ရွေးချယ်လို့ရတာတွေအများကြီးပဲ။
– ချိတ်ဆက်မှုနှင့် မေတ္တာ
– အောင်မြင်မှုနှင့် အရှိန်အဝါ
– လုံခြုံမှုနှင့် တည်ငြိမ်မှု
– စိတ်အေးချမ်းသာမှု
– တာဝန်ကျေပွန်မှုနှင့် အများအကျိုးပြုခြင်း
စသည်ဖြင့် အမျိုးမျိုးသော လိုအပ်ချက်တွေရှိတယ်။
ကျန်တာတွေ မလိုချင်ဘူးလည်းမဟုတ်ဘူးနော်။
ကိုယ့် Trigger ကိုသိတော့ ဘယ် Decision မဆို အဲအရာကို စဉ်းစားပြီးမှ ကျန်တာကို ရအောင်ယူတာမျိုး။
ဒီအတွက် တချို့အရာတွေ ပေးဆပ်ရလည်းပေးဆပ်မယ်ဆိုတဲ့အထိကို ကိုယ်လိုချင်တာဘာလဲ ခိုင်မာနေဖို့လိုတာ။
လွတ်လပ်မှုနောက်မှာပေးလိုက်ရတာက တည်ငြိမ်မှု၊ လုံခြုံမှု၊ ချိတ်ဆက်မှု သို့မဟုတ် တာဝန်ကျေပွန်မှု လည်းဖြစ်နေနိုင်တာပဲ။
တခါတလေ စိတ်အေးချမ်းသာမှုကို လည်း အချိန်တချို့တဝက်ပေးလိုက်ရတာပဲ။
အခု ကြာလေ ပိုသေချာလေပဲ။
Suit တွေဝတ်မှ လူအမြင်ကိုပြောင်းလဲနိုင်မဲ့၊ အရွေးချယ်ခံရမဲ့ Career မျိုးကို ငြင်းပယ်ပြီး ကိုယ်ပိုင်ဖန်တီးခွင့် အပြည့်ရှိတဲ့ လမ်းကြောင်းကို ရွေးချယ်တာ။
ကိုယ့်အနေအထိုင်၊ အဝတ်အစား၊ အသွားအလာကို မေးခွန်းတောင်မထုတ်တတ်တဲ့ အိမ်ထောင်မျိုးနဲ့အတူ ဘဝကို စိတ်လွတ်ကိုယ်လွတ် မျှဝေခံစားတာ။
လူတွေရဲ့ အမြင်၊ Culture ရဲ့ အတားအဆီးတွေကြားထဲ ပိတ်မနေဘဲ ကိုယ့်အတွေးနဲ့ကိုယ် လွတ်လပ်စွာ ပျံသန်းတွေးခေါ်နိုင်တဲ့ ဝန်းကျင်မျိုးကို တမင်တကာ ရှာဖွေတာ။
စိတ်ရဲ့ အစွဲ၊ နှောင်ကြိုးနဲ့ တဏှာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး ရှင်းလင်းပေါ့ပါးတဲ့ ဘဝပုံစံနဲ့ နေထိုင်တာ။
ဒါတွေအားလုံးက လွတ်လပ်ခွင့်ကို ပထမဦးစားပေးအဖြစ် ရွေးချယ်ခဲ့လို့ ရလာတဲ့ ရလဒ်တွေပဲ။
ယောင်လို့တောင် မစဉ်းစားမဲ့ ဘ၀မျိုးကိုပြောပါဆို….
ထောင်လို ချည်နှောင်မဲ့ အသက်မွေးဝမ်းကြောင်း…
လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေအောက်မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားစေမဲ့ ပတ်ဝန်းကျင်မျိုး..
စိတ်လွတ်ကိုယ်လွတ် မရယ်နိုင်ဘဲ သူတစ်ပါးအကြိုက် ဟန်ဆောင်မျက်နှာဖုံး စွပ်ထားရမဲ့ နေရာမျိုး..
အပေါ်ယံ ဂုဏ်ဒြပ်နဲ့ အောင်မြင်မှုတွေနောက် လိုက်ရင်း ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ပေါင်နှံလိုက်ရမဲ့ ဘဝမျိုး..
ဒါတွေအားလုံးက ယောင်လို့တောင် ခြေဦးမလှည့်ချင်တဲ့ အရာတွေပေါ့။
ဒါကြောင့် ၂၀၂၁၊၂လ ပိုင်းတည်းက ကိုယ့်အတွက် ဘာလိုလဲဆိုတာ သိပြီးရွေးချယ်ခဲ့တာ။
ဘဝမှာ ရွေးချယ်မှု (Choices) တိုင်းက ပေးဆပ်မှု (Sacrifices) တွေနဲ့ တွဲနေတတ်တယ်။ လုံခြုံမှုကို ရွေးချယ်ရင် အပြောင်းအလဲသစ်တွေလုပ်ဖို့ တွန့်ဆုတ်ရလိမ့်မယ်။ အောင်မြင်မှုကို ရွေးချယ်ရင် ကိုယ်ပိုင်အချိန်နဲ့ အနားယူခြင်းတွေကို ဖလှယ်ရလိမ့်မယ်။ ဘယ်အရာကမှ အလကားမရသလို၊ အရာအားလုံးကိုလည်း တစ်ပြိုင်နက် သိမ်းပိုက်ထားလို့မရဘူး။
ဒါကြောင့် ကိုယ်တိုင် “တမင်တကာ” ရွေးချယ်လိုက်တဲ့ Choices တွေကသာ ကိုယ့်ဘဝကို ပုံဖော်ပေးသွားတာ။ ကိုယ်ဘာကို တန်ဖိုးအထားဆုံးလဲဆိုတာ တိတိကျကျသိမှသာ ရွေးချယ်မှုတွေလုပ်တဲ့အခါ နောင်တကင်းကင်းနဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။