လူတစ်ယောက်က ပညာရှိတစ်ယောက်ကို သွားမေးတယ်—
“ကျွန်တော့်ရင်ထဲမှာ ခွေးနှစ်ကောင် အမြဲချနေကြသလိုပဲ။ တစ်ကောင်က အကောင်းမြင်တတ်ပြီး နောက်တစ်ကောင်ကတော့ ဒေါသကြီးပြီး အဆိုးမြင်တတ်တယ်။ ဘယ်ကောင် နိုင်မလဲမသိဘူး” တဲ့။
ပညာရှိက ပြန်ဖြေတာက
“မင်း အစာ ပိုကျွေးတဲ့ကောင် နိုင်မှာပေါ့”တဲ့။
တကယ်လည်း ကိုယ်က ဘယ်အရာကို ပိုအာရုံစိုက်မိလဲ (ဘယ်ကောင်ကို အစာကျွေးမိလဲ) ပေါ်မူတည်ပြီး ကိုယ့်စိတ်က အဲ့ဒီအတိုင်း ဖြစ်သွားတာပါပဲ။