Skip to main content

Su Phone Mo

တစ်ဖက်လူက “ကံကောင်းလိုက်တာ” လို့ ပြောတဲ့အခါတိုင်း စိတ်ထဲကနေ ချက်ချင်း ခုခံပြီး “ငါ ကြိုးစားလို့၊ ငါ လုပ်လို့ ရတာ” ဆိုပြီး လိုက်ရှင်းပြဖို့ပဲ အရင်ဆုံး စဉ်းစားနေမိရင် Law of Luck အရ တကယ့် ကံကောင်းခြင်း စွမ်းအင်တွေနဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။

ဒါကို စိတ်ပညာနဲ့ Quantum သဘောတရားအရ ကြည့်ရင် အကြောင်းရင်း (၃) ချက် ရှိတယ်။

၁။ “ငါ” ဆိုတဲ့ Ego က စိတ်ကို တင်းကျပ်စေလို့။

“ငါ လုပ်လို့ ငါရတာ” ဆိုတဲ့ အတွေးနောက်မှာ Egoရဲ့ တွန်းအား ပါနေပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို လူတွေ အသိအမှတ် မပြုမှာ စိုးရိမ်တဲ့စိတ် (ဒါမှမဟုတ်) ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တဲ့ စိတ်က ဖိအားတွေကို ပိုများစေပါတယ်။ ဒီလို အသိအမှတ်ပြုခံရမှုအပေါ်မှာ ငါမှငါဆိုတဲ့ စိတ်အများကြီး ပုံအောထားတဲ့အခါ စိတ်ထဲမှာ အမြဲတမ်း ခုခံကာကွယ်ချင်စိတ် တွေ ဖြစ်နေတတ်လို့ပါ။

၂။ “Feel Good Now” အခြေအနေနဲ့ လွဲချော်နေလို့။

တကယ့် ကံကောင်းခြင်းကို ဆွဲဆောင်နိုင်တဲ့သူတွေဟာ တစ်ဖက်လူက ဘာပဲပြောပြော စိတ်ထဲမှာ တည်ငြိမ်ပြီးသားပါ။ သူတို့ဟာ “သူများ အသိအမှတ်ပြုမှ ငါ ဂုဏ်ယူမယ်” ဆိုတဲ့ Feel good when မဟုတ်ဘဲ၊ လက်ရှိအချိန်မှာတင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကျေနပ်နေတဲ့ Feel good now အခြေအနေမှာ ရှိနေကြပါတယ်။ သူများတွေ “ကံကောင်းတယ်” လို့ ပြောတာဟာ ကိုယ့်အလုပ်အပေါ် စကြဝဠာက ပေးတဲ့ ကောင်းချီးတစ်ခု (Blessed ဖြစ်တာ) လို့ပဲ ခံယူလိုက်ကြပါတယ်။ တော်တယ်လို့ သူများချီးကျူးမှ ဒီအခြေအနေ က Validate ဖြစ်တာလည်းမဟုတ်တော့လေ။

၃။ ခံယူတတ်တဲ့ Frequency (Willingness) မရှိသေးလို့။

လူတစ်ယောက်က ကိုယ့်ကို “ကံကောင်းလိုက်တာ” လို့ ပြောတာဟာ Positive Energy တစ်ခု ပေးလိုက်တာပါပဲ။ အဲဒီအပေါ်မှာ “မဟုတ်ဘူး၊ ငါ လုပ်တာ” လို့ ချက်ချင်း ငြင်းဆန်ပစ်တာဟာ ကိုယ့်ဆီ ရောက်လာတဲ့ အကောင်းမြင်စွမ်းအင်တွေကို တွန်းထုတ်ပစ်လိုက်သလို ဖြစ်နေတတ်ပါတယ်။

ဒါဆို Lucky Vibration ထဲ ဝင်ချင်ရင် ဘာပြောင်းလဲရမလဲ?

နောက်တစ်ခါ “ကံကောင်းလိုက်တာ” လို့ အပြောခံရတဲ့အခါ ကိုယ့်ရဲ့ ကြိုးစားမှုကို လိုက်ရှင်းပြပြီး အားအင်ကုန်ခံံံံံံံံမဲ့အစား စိတ်ထဲကနေပဲဖြစ်ဖြစ်၊ နှုတ်ကနေပဲဖြစ်ဖြစ် ဒီလိုလေး တုံ့ပြန်ကြည့်ပါ။

“ဟုတ်တယ်၊ ကျေးဇူးတင်ပါတယ်။ ပြင်ဆင်မှုတွေနဲ့ ကံကောင်းခြင်းတွေ လာဆုံတာပဲ။”

ကိုယ့်ရဲ့ ကြိုးစားမှုကိုလည်း ဖျောက်ပစ်စရာမလိုသလို၊ သူတို့ပေးတဲ့ ကောင်းချီးကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်တဲ့အခါ Consciousness ကလည်း မြင့်လာပြီးတော့ တကယ့် ကံကောင်းတဲ့သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။

Leave a Reply