Skip to main content

Su Phone Mo

ကိုယ်လုံး၀ အားမရတဲ့ လ (သို့) အပတ် ရှိကြလား။
ဆုကတော့ ၂၀၂၃ ကိုလုံး၀အားမရဘူး။
၁လ ၊၂လ အားမရတာမဟုတ်ဘူး။
၁၀ လောက်အားမရတာ။
ကျန်တဲ့ ၂လလောက်မှာတော့ အားရတယ်။
အားရတာကလည်း အဲ ကျန်ခဲ့တဲ့ အားမရတဲ့ အချိန်တွေကို “ငါအချိန်တွေတော်တော်ဖြုန်းခဲ့ပါလား” ဆိုပြီးတော့ မတွေးတော့ပဲ လုပ်စရာရှိတာစလုပ်တဲ့အချိန်ပဲ။
အခုပြန်စဉ်းစားကြည့်တော့ အတိတ်ဆိုတာ ဘာမှလုပ်လို့ရတဲ့အရာမဟုတ်ဘူး။
ပြီးတော့ စဉ်းစားကြည့်ရင် နေ့တိုင်း က နေ့ကောင်းနေ့မြတ်ချည်းပဲလည်း ဖြစ်ချင်မှဖြစ်မယ်။
တချို့ရက်တွေမှာ Energyကောင်းချင်မှကောင်းမယ်။
တချို့ရက်တွေမှာ အရမ်းတက်ကြွနေတာလည်းဖြစ်ချင်မှဖြစ်မယ်။
ဒီတော့မှလည်း ဘ၀က ကာလာစုံမှာ။
အဓိကက ကိုယ်လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ပြီး ရှေ့ဆက်လုပ်ဆောင်သွားဖို့ပဲ။
မျှော်လင့်ထားသလို မဖြစ်တဲ့ ၁၀လလောက်ကိုကြည့်နေမလား။
ကျန်တဲ့ ၂လမှာ ကိုယ်လုပ်နိုင်တာတွေကို လုပ်မလား။
“မပြောင်းလဲလာဘူးဆိုတာ ရွေးချယ်မှု သာ ဖြစ်တယ်။”
___________
Do you ever feel like there are entire months—or even a whole year—where nothing seems to go your way? For me, 2023 was that kind of year. It wasn’t just one or two months; it felt like 10 months of complete dissatisfaction.
But the remaining two months? Those were satisfying. Why? Because I stopped dwelling on the thought, *“Did I waste so much time?”* and simply focused on doing what I could in the time I had left.
Looking back, the past is something you can’t change. Every day has the potential to be a great day if you make it so. Some days will be full of good energy, and other days might feel completely unmotivated. That’s just life—it’s full of colors, ups, and downs.
The key is to focus on what you can control and move forward. Will you spend your time staring at those 10 unsatisfying months? Or will you use the remaining two months to make something meaningful?
“Staying the same is simply a choice.”

#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur

Leave a Reply