
ကျွမ်းကျင်မှုတွေထက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလွယ်ပြင်လွယ်ရှိမှုက ဘာကြောင့် ပိုအရေးကြီးလဲ?
ခေတ်သစ်မှာ နည်းပညာတွေ၊ အလုပ်အကိုင်တွေ၊ လူနေမှုပုံစံတွေ အရမ်းမြန်ဆန်စွာ ပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲမှုတွေကြားမှာ လူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြဿနာ တခု ကိုကြုံရင် တယောက်နဲ့ တယောက် ချဉ်းကပ်ပုံတွေ မတူပါဘူး။
• ထိတ်လန့်စိတ်ဖိစီးပြီး ရှောင်တိမ်းသူ
• အဆိုးမြင်ပြီး အပြစ်တင်သူ
• အခွင့်အလမ်းအဖြစ် မြင်ပြီး တည်ဆောက်အားဖြည့် ဖြေရှင်းသူ
စိတ်ချည်းပဲ ထားတတ်ဖို့က အရေးကြီးဆုံးမဟုတ်ပါဘူး။ အလုပ်မပါပဲ စိတ်ကို လေ့ကျင့်နေရင် ပုံမှန်ရနေတဲ့ ဒဏ်ရာကို အနာပျောက်ဖို့ ဆေးထည့်လိုက်၊ အနာက ပြန်ဖြစ်လိုက်ပဲ ဖြစ်နေမှာပါ။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာ ပြောင်းလဲရမှာဖြစ်သလို ဝန်းကျင်ပြောင်းသင့်ရင်လည်း ပြောင်းရမယ်။
ကိုယ်တွေက လူသားတွေပါ။ သစ်ပင်တွေမှ မဟုတ်တာ။
အမြဲ ပိုကောင်းတဲ့ ဝန်းကျင်အတွက် ကြိုးစားနေသင့်တယ်မဟုတ်လား။
__________
Why Is Mental Adaptability More Important Than Skills?
In today’s fast-changing world, technology, jobs, and lifestyles evolve rapidly, bringing stress and emotional challenges.
When facing problems, people respond differently:
🔹 Some panic and avoid them.
🔹 Some react negatively and blame others.
🔹 Some see opportunities, adapt, and find solutions.
Mental strength alone isn’t enough—resilience without adaptability is like treating a wound without preventing further injury. Growth comes from knowing when to change ourselves and when to change our environment.
We are not trees—we are meant to move and evolve. Shouldn’t we always strive for a better environment?
#Adaptability #Resilience #GrowthMindset
#Suphonemovlog #CuriousInsighter
