Skip to main content

Su Phone Mo


ခါးတဲ့ အမှန်တရား။ (၁)

ကြိုးစားတိုင်းအောင်မြင်တာမဟုတ်ဘူး။
အထူးသဖြင့် အခုလို ခေတ်ကာလပေါ့။
လူတိုင်း သူ့နည်းသူ့ဟန်နဲ့တော့ ကြိုးစားနေတာပဲ။

ကြိုးစားမှုမှာ ဗျူဟာလိုသေးတယ်။
ဥပမာ ။ ရန်ကုန် မန္တလေး ခရီးသွားတာကို စက်ဘီးနဲ့သွားတာထပ် ကားနဲ့သွားတာပိုမြန်တယ်။ လေယာဉ်နဲ့က ပိုလို့တောင်မြန်သေးတယ်။ အဲလိုပဲ ကိုယ်လိုချင်တာရဖို့ ဘယ်နည်းက အမြန်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားဆုံးဖြတ်နိုင်ပြီးလုပ်ဆောင်နိုင်ဖို့ ဗျူဟာမရှိရင် ဗျာများပြီး ခရီးမပေါက်ဘူးပေါ့။

နောက်တချက်က ဝန်းကျင်။
ဝန်းကျင်မှာ (၂)ပိုင်းရှိတယ်။
ကိုယ်တိုင်ကလည်း မှန်တဲ့ ဝန်းကျင်မှာ နေရသလို
ကိုယ်တိုင်ကလည်း မှန်တဲ့ ဝန်းကျင်ဖြစ်နေဖို့လိုတယ်။

လိုချင်တဲ့ ရပ်ဝန်းကို တန်းတော့ ဖန်တီးဖို့ က အားစိုက်ထုတ်ရတာရှိမယ်။
အဲမှာမှ ကိုယ်တိုင်က မှန်နေတဲ့ ရပ်ဝန်းဖြစ်နေရင် ပိုလွယ်လွယ်ကူကူနဲ့ လိုချင်တဲ့ရပ်ဝန်းထဲ ရောက်လေပဲ။

နောက်ဆုံးကတော့ ကြိုးစားမှုပါ။
ကြိုးစားမှုမှာတောင်မှ
ကောက်ရိုးမီးလို ကြိုးစားတာလား။
နေ့တိုင်း ကြိုးစားတာလား။
နည်းလမ်းမှန်မှန်နဲ့ ကြိုးစားတာလား။
ကြိုးစားပုံမှန်ဖို့ကလိုဦးမယ်။

ဒီတော့မှ
ကြာရှည်ခံတဲ့ အောင်မြင်မှုဆိုတာ ရတာ။
ဒါတောင် အောင်မြင်မှုတိုင်းက Expiration Date ရှိသေးတယ်။
ဒီ ၃ခုကို အမြဲ Update မလုပ်နေရင် ကျန်ခဲ့သေးတာမျိုး။

The Bitter Truth.
Not everyone who tries succeeds.
Especially in times like these.
Sure, everyone’s trying in their own way,
But effort alone isn’t enough – you need strategy.
Think of it like this:
Going from Yangon to Mandalay – a bicycle works, but a car is faster, and a plane even more so.
Similarly, you need to figure out the quickest path to your goals.
Without strategy, you’ll just wear yourself out getting nowhere.
Then there’s environment. It has two parts:
You need to be in the right environment,
AND be the right environment yourself.
Creating the space you want takes effort.
But if you’re already the right kind of space yourself, it’s easier to fit into the space you want.
Finally, there’s effort itself.
But what kind of effort is it?
Is it like burning straw – quick to flame out?
Is it daily consistency?
Is it the right method?
Your effort needs to be sustainable.
That’s how you get lasting success.
And even then, every success has an expiration date.
If you don’t keep updating these three things (strategy, environment, effort),
You’ll get left behind.

#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur

Leave a Reply