Skip to main content

Su Phone Mo

ဒီခေတ်မှာ Motivational Speech တွေပြောတာတို့၊ Motivational Speaker တို့၊ တက်ကျမ်းတို့ကို ဘယ်လိုမြင်ကြတယ်ထင်လဲ။
Positive ထပ် Negative အတွေးတွေ ပိုများကြမယ်ထင်တယ်နော်။

ကိုယ်လည်း အရင်ကသိပ်တော့သဘောမတွေ့လှဘူး။
နောက်ကျတော့ တွေးပုံခေါ်ပုံ ကိုယ်တိုင်ပြောင်းလာတဲ့အခါ ဘာသွားတွေ့လဲဆိုတော့…
ပြောနေတဲ့ အကြောင်းအရာတွေက မှားနေတာမဟုတ်ဘူး။
ပြောနေတဲ့သူတွေကြောင့် စကားလုံးတွေက သက်ရောက်မှုတွေ မတူတာ။

Jim Rohn (Personal Development Guru) ကပြောတယ်။
ကိုယ်နဲ့ ပေါင်းတဲ့သူ ၅ယောက်ရဲ့ ပျမ်းမျှ ပုံစံက ကိုယ့်ပုံစံပဲတဲ့။
ဒီစကားကို ၂၀၁၈ တုန်းက ကြားဖူးတာ။ 
သိပ်သဘောကျတာပဲ။
သူ့ကို သိလည်းမသိဘူး။ သူလည်း ၂၀၀၉ ထဲက သေပြီ။
ဒါပေမဲ့ အဲစကားကြောင့် Networking တည်ဆောက်တာ သိပ်အရေးကြီးမှန်းနဲ့ အကျင့်တည်ဆောက်တာအရေးကြီးမှန်း သတိထားမိသွားတယ်။

ဒီ Logic ပဲ။
ဟိုတလောက နာမည်ကြီးသွားတယ်။
လူတွေအတွက် controversial topic ဖြစ်သွားတယ်။ 
____________

ဒါ့အပြင် တချို့ မိတ်ဆွေတွေ Consultation ယူတဲ့ အတွေ့အကြုံ မျှဝေတော့
ဘယ်လိုအချိန်ပြောင်းလဲမှုလုပ်ဖြစ်ကြလဲလို့ မေးရင်
ပိုစျေးကြီးတဲ့ သင်တန်းတွေ တက်တဲ့ အချိန် နဲ့
သင်တဲ့သူကို ကိုယ်က အရင်ထဲက ယုံကြည်တဲ့အချိန် တွေမှာ အရင်ကထပ် ပိုပြောင်းလဲမှုတွေ သွားမြင်ရကြသတဲ့။

ဒီမှာ စကားလုံးနဲ့ စိတ်ပညာရဲ့ ဆက်နွယ်မှုကို သတိပိုထားမိသွားတယ်။
ဒီစာက ကိုယ်က Leadership Role သို့မဟုတ် သင်ကြာရေး နဲ့ မျှဝေရေးအပိုင်းမှာ သာတာဝန်ယူရတဲ့သူဆိုရင် ဆက်ဖတ်ဖို့ အကြံပေးပါတယ်။

စကားလုံးသက်ရောက်မှု များချင်ရင်…

၁။ Social Proof လိုပါတယ်။
Social Proof ဆိုတာ တိုးတက်ရေးအကြောင်းပြောမယ်ဆို တိုးတက်နေတဲ့ နယ်ပယ်တွေကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး လူတွေမြင်ဖို့လိုတယ်။ 

၂။ ကိုယ်မျှဝေမဲ့ ပညာမှာ တဖက်ကမ်းကျွမ်းကျင်မှု လိုတယ်။ 
ဆုအတွက်တော့ ကိုယ့်ကိုသင်တဲ့သူက ကိုယ်တက်ရောက်နေတဲ့ ပညာရပ်မှာ မေးခွန်းထုတ်လိုက်ရင် 
– သူကိုယ်တိုင် ဝေခွဲမရဖြစ်နေတာမျိုး သို့မဟုတ် 
– ပေးတဲ့ အဖြေက စကားပြောကောင်းလို့သာ ပြောနေပေမဲ့ အတွေ့အကြုံ သွားမတွေ့နေရင် Cognitive Bias လိုပဲပြောပြော ဘာလို့ပဲပြောပြော ဆက်သင်ကြားမှုပိုင်းမှာ ကသိ့ကအောက်ဖြစ်သွားတာ အမှန်ပဲ။ ဆက်ယုံကြည်ဖို့ ခက်သွားတတ်တယ်။ (တခါတလေတော့လည်း လူဆိုတာ အလုံးစုံတော့မသိနေနိုင်ဘူးဆိုပြီး ကြိုးစား ရသလောက်ယူနိုင်အောင်ကြိုးစားနေတုန်းပါ။)

၃။ ထိုက်တန်တဲ့ ငွေကြေး ရယူထားမှု။
ဒါ အရေးအကြီးဆုံးပါ။ ဆုကိုယ်တိုင်လည်း Planner တွေကို လိုက်လုပ်တဲ့ ပါဝင်သူတိုင်းကို တာဝန်အရတော့မဟုတ်ပေမဲ့ Contribution ပေးချိန်တဲ့စိတ်တခုထဲနဲ့ အချိန်အတိုင်းအတာတခုပေးပြီး အကြံပေးလေ့ရှိတယ်။ ငွေလည်းမများဘူး။ ဒါပေမဲ့ ဆု ဘယ်တော့မှ ဘယ်သူ့ကိုမှ အလကား အကြံမပေးဘူး။ ဘာလို့လဲဆိုတော့… စကားလုံးတိုင်းက ဒီခေတ်မှာ အဖြေရှာချင်ရင် အရမ်းလွယ်နေပါပြီ။ အပေါ်မှာပြောထားသလို သူပြောလို့ ကို မသိစိတ်က လိုက်လုပ်ဖြစ်တာဆိုတဲ့ စိတ်က Branding တခုတည်ဆောက်သလို ဖန်တီးယူရတာပါ။ နောက်တခုက … သူ့အချိန်အတွင်း ပါဝင်တဲ့သူပဲ ထည့်ပြီးပြောပေးပါတယ်။ ဘာလို့လဲဆိုတော့… နံပါတ် (၄)အတိုင်းသဘောတရားအရပါ။

၄။ မပေါများခြင်း။ ရှားပါးခြင်း။
ဟုတ်ပါတယ်။ ငွေကြေးနဲ့လည်းရှားပါးအောင် Market တည်ဆောက်ထားလို့ရသလို အချိန်အကန့်အသတ် နဲ့ လည်း Availablity ကိုရှားအောင်လုပ်ထားလို့ရပါတယ်။ ဆု ဒီမှာ Personal Development Class တခုတက်ထားသေးတယ်။ အဲဆရာက ငွေကို တတ်နိုင်တဲ့ ပမာဏ ထားထားတယ်။ ဒါပေမဲ့ သူ့ Video ကြည့်ချိန် ၂၄နာရီပဲပေးထားတယ်။ သူ့သင်တန်းကို အပြည့်အ၀ကို အချိန်မှီတက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ Limitation ရှိတဲ့အတွက် ပိုတန်ဖိုးထားတယ်လို့ပြောလို့ရပါတ်ယ်။

____________

ဒီအချက်တွေအားလုံးက လူတိုင်း နဲ့ ကိုက်ညီနိုင်လား။
မညီနိုင်ပါဘူး။ 
တချို့က Social Proof ကိုရှာစရာမလိုအောင်ကို ယုံကြည်တတ်တဲ့သူတွေရှိတယ်။
တချို့က Social Proof ကိုကြည့်ပြီးမှ ယုံတယ်။
တချို့က ဘာမှကိုမယုံဘူး။ သူတို့ ရှာဖွေနေတာကို တွေ့အောင် ပြနိုင်ပြောနိုင်ရင် ယုံကြတယ်။
တချို့က လူတိုင်းယုံနေလို့ ယုံကိုမယုံတော့ဘူး။ 
တချို့က လူတိုင်းယုံနေလို့ ယုံကြတယ်။ 

ဘယ်လိုလူထဲမှာပါလဲ။
ကိုယ်တိုင်ရော… ကိုယ်စကားက ထိရောက်ဖို့ ဘယ်လို Level မျိုးမှာ ရှိနေတယ်ထင်လဲ။
ပြီးတော့ ဘယ်လို လူမျိုးတွေကို ဘယ်တော့မှ တရားမချသင့်လဲ။

#suphonemologic#suphonemovlog#suphonemologic

Leave a Reply