Skip to main content

Su Phone Mo

အရင်ကတော့ Storytelling အမျိုးအစားစာအုပ်တွေကို သိပ်မဖတ်ချင်ခဲ့ပေမဲ့ တကယ်ဖတ်လိုက်တဲ့အခါမှာ Facts တွေပဲပြောပြတဲ့စာအုပ်ထပ် ရင်ထဲကို ပိုထိရောက်ပြီးတော့ ကိုယ်လက်ရှိဘ၀ကိုတော်တော်ကျေးဇူးတင်မိတယ်။ Nazi တွေက Jew တယောက်ကို ဘယ်လိုနှိပ်စက်ခဲ့သလဲဆိုတာတွေ၊ ဒီလောက်ရှင်ချင်စရာမကောင်းတဲ့လောကမှာတောင် အသက်ရှင်ဖို့ ဆက်တွေးရဲတဲ့ သတ္တိ၊ ပြီးတော့ လွတ်မြောက်ရှင်သန်လာတဲ့အခါမှာ သူ့ trauma တွေကို သားသမီးတွေဆီလက်ဆင့်မကမ်းတဲ့ အဖေတယောက်ရဲ့ မေတ္တာ စတဲ့အရာတွေက စိတ်ကို ဝမ်းနည်း၊ကြည်နူးပြီး Emotion မျိုးစုံကိုပေးစေတာအမှန်ပဲ။ စာအုပ်ကနေ ရတဲ့သင်ခန်းစာတွေက အခုလက်ရှိ ကျန်းမာဖို့၊ ကိုယ်မြင်ရ၊ ကြုံရတဲ ဒုက္ခတွေဆိုတာ ဘယ်လောက်ကိုမှ မရှိပါလားလို့ တွေးမိတဲ့အထိ လက်ရှိဘ၀ကို တကယ်အကောင်းမြင်လာ တယ်။ ဒီစာအုပ်ကို မြန်မာဘာသာပြန်ထားတယ်လို့ကြားဖူးပေမဲ့ နာမည်မသိသေးလို့၊ သိတဲ့သူများရှိရင် ပေးပို့မျှဝေပေးပါဦး။

While reading **The Happiest Man on Earth**, I was so moved that it brought me to tears. I used to avoid storytelling books, but after diving into this one, I found that it resonated deeply with me, even more than books that simply present facts. It made me genuinely appreciate my current life.

The book describes how the Nazis tortured a single Jew, the courage it took to keep living in a world that seemed unlivable, and the love of a father who, after surviving and rebuilding his life, ensured that his trauma would not be passed down to his children. These aspects of the story stirred up a mix of emotions—sadness, empathy, and a deep sense of reflection.

The lessons I took from this book have helped me realize that staying healthy and viewing my current life positively is so important. The hardships I encounter now seem insignificant in comparison, and I’m filled with gratitude for what I have.

I’ve heard that this book has been translated into Burmese, but I don’t know the exact title. If anyone knows, please share it with me.

#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary

Leave a Reply