ကျန်းမာရေးတို့၊
စတဲ့ Personal Development အလုပ်ကလေ
မတိုးတက်တာကြာတဲ့သူတွေအတွက် Negative Association တွေချည်းပဲ။
လူကိုချစ်ရင်တောင်
“သူတင်တာတွေက Cringe ဖြစ်လိုက်တာ။”
လို့ ခံစားစေရတာမျိုးရှိတယ်။
ဘာလို့လဲဆိုတော့
လူဆိုတာ
ကိုယ့် Avoid လုပ်ထားတဲ့အရာ
ဒါမှမဟုတ်
လုပ်ဖို့မလွယ်တဲ့အရာဆိုရင်
မမြင်ချင်တော့ဘူး။
အဲဒီနေရာမှာ ထားလိုက်တော့ရော
မတိုးတက်တော့ရော
ဘာဖြစ်လဲ…
ဘာမှတော့ ကြီးကြီးမားမား ဖြစ်မသွားပါဘူး။
ကမ္ဘာကြီးလည်း လည်မြဲလည်နေမှာပါပဲ။
ဒါပေမယ့်
အဲဒီအရာကို ရှောင်နေတဲ့အချိန်တိုင်း
ကိုယ့်ရဲ့ Identity က
“ဒါက ငါနဲ့ မဆိုင်ဘူး”
ဆိုတဲ့ဘက်ကို နည်းနည်းချင်း ရွေ့သွားတယ်။
ကျန်းမာရေးကို ရှောင်နေရင်
ကျန်းမာတဲ့လူဖြစ်ဖို့ ပိုဝေးသွားတယ်။
တိုးတက်ရေးကို ရှောင်နေရင်
တိုးတက်နိုင်တဲ့လူဆိုတဲ့ ပုံရိပ်ကို
ကိုယ်တိုင် စွန့်လွှတ်လိုက်တာပဲ။
အဆိုးဆုံးက…
မလုပ်နိုင်တာကို မနာတော့ဘူး။
မလုပ်နိုင်တာက အမှန်ဆိုတဲ့ ပုံရိပ်ဖြစ်လာတယ်။
မလုပ်ချင်တော့တာကိုပဲ
ပုံမှန်လို့ ထင်လာတယ်။
အဲဒီအချိန်ကျရင်
ပြဿနာက မတိုးတက်တာ မဟုတ်တော့ဘူး။
“မတိုးတက်ချင်တဲ့ လူ” ဖြစ်လာတာပဲ။
ဘယ်တိုးတက်ရေးက အမှန်ဆိုတာ မရှိဘူး။
ဆု အတွက်ဆို တိုးတက်ရေးဆိုတာ
လွတ်လပ်ရေးပဲ။
လုပ်ချင်တာကို
လုပ်နိုင်တဲ့ လွတ်လပ်ရေး မဟုတ်ဘူး။
မလုပ်ချင်တာကို
မလုပ်ဘဲ နေနိုင်တဲ့ လွတ်လပ်ရေး။
စိတ်က ဖန်တီးထားတဲ့ အကျဉ်းထောင်ကနေ
ထွက်လာတဲ့ လွတ်လပ်ရေး။
ကြောက်စိတ်ရှိနေလည်း
အဲဒီကြောက်စိတ်ကို
ဘဝရဲ့ Driver မလုပ်ခိုင်းတဲ့ လွတ်လပ်ရေး။
လူတွေ သတ်မှတ်ထားတဲ့
အောင်မြင်မှုကို
မလိုက်ဘဲ နေနိုင်တဲ့ လွတ်လပ်ရေး။
မနေ့က ကိုယ့်ထက်
ဒီနေ့
နည်းနည်းပိုပြီး
ကိုယ့်ဘဝကို
ကိုယ်ရွေးချယ်နိုင်လာတာ။
ဆုအတွက်တော့
အဲဒါကိုပဲ
တိုးတက်တယ်လို့ ခေါ်တယ်။
ဒါကြောင့် တိုးတက်ရေး လမ်းကြောင်းကိုသွားရင် အဟောအပြောတွေနဲ့ သူများ ဒဿန တွေကို လိုရင်သုံး၊ မလိုရင်ပယ် ပြီး ကိုယ်ပိုင် နည်းဗျူဟာ နဲ့ ဒဿန ရှာဖွေပါ။
ဒါပေမဲ့ တိုးတက်ဖို့ ကြောက်တဲ့သူတော့ မဖြစ်စေပါနဲ့။
လွတ်လပ်မှုတွေ ပျောက်ဆုံးမှာစိုးလို့ပါ။