Skip to main content

Su Phone Mo

ဒီ room ထဲကို ဘာ energy ယူလာလဲ။
—————————
အသက်ကြီးလာတဲ့အခါ
လူတွေမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။

သူ ဘာ energy ယူလာလဲ။

ငယ်တဲ့အချိန်မှာ ပေးနိုင်တာတွေ များတယ်။
တက်ကြွမှု၊
လှပမှု၊
creativity နဲ့
အသစ်အဆန်းတွေ။
ဒါတွေက သဘာဝအလျောက် free ရတယ်။

အသက်ရလာရင် ဒီ free credit တွေ ကုန်လာတယ်။
အဲဒီအခါ ဘာကျန်လဲဆိုတာက ဆုံးဖြတ်ချက်ပဲ။

တချို့က ငွေရှိတယ်၊ စေတနာမရှိဘူး။
တချို့က တော်တယ်၊ မျှဝေလောက်အောင် စိတ်မရှည်ဘူး။
တချို့က ရုပ်ရှည်စွဲဆောင်မှုရှိတယ်၊ စကားပြောလိုက်တော့ အခွံသက်သက်ဖြစ်နေတယ်။

စိတ်ရင်းနဲ့ လူချစ်ခင်ခံရပြီး အပေါင်းအသင်းအချွေအရံများတဲ့သူတွေက….

  • အချမ်းသာဆုံး
  • အလှဆုံးနဲ့
  • အတော်ဆုံးတွေ မဟုတ်ဘူး။
    သူတို့က အပေးဆုံးလူတွေ ဖြစ်တယ်။
    energy ကောင်း ယူလာတဲ့သူ။
    အတွေးကောင်း မျှဝေတဲ့သူ။
    ဆက်ပြီး သင်ယူနေဆဲလူ။
    ငွေ၊ ဉာဏ်နဲ့ presence ဆိုတာ energy တွေပဲ။
    ဘာ energy မဆို ပေးနိုင်မှ ပါဝင်ခွင့်ရမယ်။

အသက် ၃၀ ဖြစ်ဖြစ် ၆၀ ဖြစ်ဖြစ် မေးခွန်းက အတူတူပဲ။
ဒီ room ထဲ ရောက်လာတဲ့အခါ ဘာ energy ထည့်ပေးနေလဲ။

SuPhoneMo #CURI

Leave a Reply