Psychology မှာ ဒါကို metacognitive dialogue လို့ ခေါ်တယ်။
ဗုဒ္ဓာဘာသာမှာ ဒါကို ဝိပဿနာ လို့ခေါ်တယ်။
၂၀၂၆ မှာ တကယ်ရှားပါးလာတဲ့ skill က
Outside information မဟုတ်ဘူး။
Inside clarity — မိမိကိုယ်မိမိ ရှင်းရှင်းကြည့်တတ်ခြင်း။
မိမိ အတွေးကို ပြန်ကြည့်တတ်ခြင်း။
မိမိ Pattern ကို မိမိ မြင်တတ်ခြင်း။
မိမိ reaction နောက်မှာ ဘာရှိလဲဆိုတာ သိတတ်ခြင်း။
စိတ်ကို silent observer တစ်ယောက်အနေနဲ့ ကြည့်တတ်ခြင်း။
Judge မလုပ်ဘဲ ရှိတာကို ရှိတာအတိုင်း မြင်တတ်ခြင်း။
ကိုယ့်ကိုယ်ကိုမေးခွန်းတွေမေးကြည့်ပါ။
ဘာကြောင့် ဒါကို ရှောင်နေတာလဲ။
ဒီ reaction က ဘယ်ကလာတာလဲ။
တကယ်တမ်းဘာကို ကြောက်နေတာလဲ။
ကိုယ်ကလွဲရင်ဘယ်သူမှ မဖြေနိုင်ဘူး။
လူတော်တော်များများ ကလည်း ဒါကို လုပ်မနေဘူး။
ဥပမာ။
Scroll လုပ်နေတယ်ဆို….
Scroll လုပ်ရင်း ဘာကြောင့် လုပ်နေမိမှန်း မသိဘဲ လုပ်နေတာ။
တချိန်လုံးအလုပ်ရှုပ်နေတတ်တယ်ဆို….
Busy ဖြစ်ရင်း ဘယ်အရာကို တကယ်ရှောင်နေမှန်း မမြင်ဘဲ ဖြစ်နေတာ။
ဒါဟာ အလုပ်ရှုပ်ခြင်းရဲ့ ပြဿနာ မဟုတ်ဘူး။
မိမိကိုယ်မိမိ ကြည့်မမြင်ခြင်းရဲ့ ပြဿနာ။
ဒီ skill ကို ဘယ်လို တည်ဆောက်မလဲ။
သိပ်မခက်သလို မလွယ်လည်းမလွယ်ဘူး။
အဓိက က ဆက်တိုက် လုပ်နေဖို့လိုတာ။
အသိနဲ့သတိကပ်နေဖို့လိုတာ။
(၁) ကိုယ်နဲ့ ကိုယ်အတွက် အချိန် ဘယ်လောက် ပေးဖြစ်လဲ။
Phone မပါဘဲ။
Noise မပါဘဲ။
Agenda မပါဘဲ။
မပေးဖြစ်ရင် သေချာအချိန်ပေးပြီး အသိသတိကပ်ကြည့်စေချင်တယ်။
(၂) Journal ရေးခြင်း။
မေးခွန်းမေးရင်း Pattern ကို ရှာတာ။
ဒီ အပတ် မှာ ဘာတွေကို ရှောင်ခဲ့တာလဲ။
တကယ်တမ်း ဘာကြောင့်လဲ။
ဒါ ဘယ် belief နဲ့ ချိတ်နေတာလဲ။
Journal ဆိုတိုင်း ဒီနေ့ဖြစ်တာလေးရေး။
ကျေးဇူးတင်တဲ့အရာ (၃)ချရေးရမယ်ဆိုလို့ ရေးရုံနဲ့မပြီးဘူး။
တကယ်တော့ Journal ရေးတဲ့အချိန်က
ကိုယ်နဲ့ကိုယ့်အတွေး တွေကို တွေ့ဆုံခွင့်ပေးတဲ့အချိန်ဖြစ်နေသင့်တာ။
(၃) တရားထိုင်ခြင်း။
တရားထိုင်တယ်ဆိုတာ ဘာသာရေး လုပ်ငန်းစဉ် တစ်ခုတည်း မဟုတ်ဘူး။
ဒါဟာ ကိုယ့်စိတ်ကို အနီးကပ် စောင့်ကြည့်တဲ့ လေ့ကျင့်ခန်း ဖြစ်တယ်။
အတွေးတွေ လွင့်နေရင် လွင့်နေမှန်း ရိုးရိုးလေးပဲ ပြန်ကြည့်နေရမယ်။
ဘာ Frame မှ မတပ်ဘဲ ရှိတာကို ရှိတဲ့အတိုင်း မြင်အောင် ကြည့်တာ ဝိပဿနာပဲ။
နေ့တိုင်း စက္ကန့်ပိုင်းလောက် ဖြစ်ဖြစ် စိတ်အခြေအနေကို ဆင်ခြင်တဲ့ အလေ့အထ လုပ်ရမယ်။
ဒီတော့ ဒီ Skill ကခက်လားဆို
မခက်ဘူး။
တစိုက်မတ်မတ်လုပ်ပြီး
ကိုယ့်ကိုယ်ကို မလိမ်ဖို့ဘဲလိုတာ။