Skip to main content

Su Phone Mo

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လောကကြီးမှာ ဖြစ်သလို မနေလိုက်နဲ့။

ဆုကို ဘယ်လို တနေ့တာကိုစီမံ ခန့်ခွဲလဲမေးရင်
အရေးပါတာတွေ အရေးပေးပြီး
လုပ်ချင်တာတွေ ကို အကုန်လုပ်ပါတယ် လို့ပဲပြောရမှာပဲ။

ဒီလိုနေဖို့ဆိုတာကလည်း ကိုယ်တနေ့တနေ့ ဘာတွေ အတွက် အချိန်ကို အသုံးချလဲ ဆိုတာ သိပ်အရေးကြီးတယ်။

ဆုကတော့ area (၄)ခုခွဲထားတယ်။(၃လတကြိမ် ဒီ areaတွေကို ပြန်ပြီးဆန်းစစ်ပြောင်းလဲပါတယ်။)
ဒီ (၄) နေရာလုံးဖြည့်ပေးနိုင်တဲ့ လုပ်ငန်းစဉ် တွေကို တပတ် မှာ တနင်္လာနေ့တိုင်း စီစဉ်တယ်။
ဒီ Area တွေကတော့

  • Community
  • ပညာရေး
  • စီးပွားရေး
  • စိတ် နဲ့ ကိုယ် ကျန်းမာရေး

Community
အခုလို ဝေမျှတာတွေ ၊ လူတွေနဲ့ ဆက်သွယ်နေတာတွေ ၊ တပတ်၁ကြိမ် ချစ်ခင်တဲ့သူတွေကို တွေ့ပြီးအချိန်ပေးတာ၊ Team Member တွေနဲ့ စကားပြောတာ အကုန်ပါတယ်။

ပညာရေး
ပညာရေးအတွက် ဆို Softskill နဲ့ Hardskill နှစ်ခုလုံးကို လုပ်တိုင်း ဒီ နယ်ပယ်ကို ဖြည့်ပြီးသား ဖြစ်တယ်။ ဘယ်လိုအလုပ်မျိုးလဲဆို.. သုတ ၊ ရသ စာပေနဲ့ Academic အတွက် တက်နေတဲ့ ကျောင်းစာလုပ်တာကစပြီး ပုံမှန် သင်ထားတာတွေ နေ့တတူမှာ ပြန်အသုံးချတဲ့ အလုပ်တွေဖြစ်တယ်။

စီးပွားရေး
နေ့တတူ လည်ပတ်နေတဲ့ အလုပ်တွေမှာပါဝင်လုပ်ကိုင်၊ စီမံမှုနဲ့ အတူ ရှေ့ရေးအတွက် ကြိုတွက်ချက်၊ လုပ်ကိုင်နေတဲ့ အလုပ်တွေအားလုံးက စီးပွားရေးနယ်ပယ်ထဲပါမယ်။

စိတ်နဲ့ကိုယ် ကျန်းမာရေး
ပုံမှန် လေ့ကျင့်ခန်းလုပ်နေတာ၊ ချစ်ခင်တဲ့သူတွေနဲ့ ဆက်ဆံနေတာ၊ သေချာစွာစားသောက်အိပ်စက်တာ… စတဲ့အလုပ်တွေက ဒီ နယ်ပယ်မှာပါဝင်တယ်။

hack လေး တခု ပြောပြပါမယ်။
ဘာလုပ်လုပ် ဆက်နွယ် အကျိုးပြုနေတဲ့အလုပ်ကိုလုပ်ပါ။

ဥပမာ။ ကိုယ်နဲ့ အမြဲ တွေ့ဆုံနေတဲ့မိတ်ဆွေတွေက ကိုယ့်ကို စီးပွားဖြစ်ဖို့ အထောက်အကူ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ဖြစ်နေရင် တွေ့ဆုံတိုင်းမှာ အခြား Area တွေကိုပါ အကျိုးပြုသွားစေတယ်။ ဒါကို 80/20 Rule နဲ့လည်း ကိုက်ညီသွားစေတယ်။

နောက်ဥပမာပြောရရင်… စာအုပ်တွေဖတ်ပြီး ပြန်မျှဝေတာလည်း ထို့အတူပဲ။
စာဖတ်လို့ ပညာလည်းရ၊ ငွေလည်းရ၊ community လည်းအကျိုးရှိ၊ စိတ်ရော ကိုယ်ပါ ကျန်းမာစေတာမျိုး။

ဒါကြောင့် ဘာလုပ်လုပ် (၄)နေရာလောက် ကို ထိရောက်မှု မရှိရင် ဆုသိပ်မလုပ်ဖြစ်တော့ဘူး။

နောက်ဆုံးအကောင်းဆုံးအချက်က တပတ်၊တပတ် ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့တွေ့လဲ၊ ဘယ်လောက် အကျိုးအမြတ်ထွက်လဲဆိုတာကိုတော့ အခုလို Metrics တွေနဲ့ အမြဲ တွက်ထားလေ့ရှိတယ်။ ဒီလို မြင်ရလေ၊ နောက်ရက်တွေအတွက် Motivation ဆိုတာ ရှာစရာကို မလိုပဲ ပုံမှန်ကို အလုပ်လုပ်ရတာပျော်လာတာမျိုး။

ဆု လုပ်နေတာက 12 Week Year Planner လေးပါ။
စာအုပ်လည်း အကျဉ်းချုပ်ပေးဖူးတယ်။
Notion Template ကိုလည်းရောင်းပေးဖူးတယ်။

စာအုပ်က Logic ကို အပြင်မှာ အသုံးချလိုက်တာလို့ပြောလို့ရတယ်။
ကိုယ်ရော ၊ စာတွေဖတ်ပြီးရင် ဘယ်အချက်တွေ အသုံးချဖြစ်လဲ။
ဘယ် မဟာဗျူဟာ တွေဖြစ်မလဲ။


In this ever-changing world where things don’t always go as planned, don’t just go with the flow.
If someone asks me how I manage my day, I’d simply say:

I prioritize what’s essential and make sure to do everything I want to do.
To live this way, knowing how you spend your time each day is crucial.
I’ve divided my focus into four areas (which I review and adjust every three months).

Every Monday, I plan out activities for the week that align with these areas.

The four areas are:
Community
Education
Business
Mental and Physical Health

Community
This includes sharing knowledge like this, connecting with people, meeting loved ones once a week, and having conversations with my team members.

Education
For education, I focus on both soft skills and hard skills.
Every time I work on these, I’m contributing to this area.
For example, I read books (both informative and entertaining), work on academic tasks, and apply what I’ve learned in real-life situations.

Business
This involves participating in daily operations, managing tasks, planning for the future, and everything related to my work.
All of these tasks are under the business category.

Mental and Physical Health
This includes regular exercise, healthy relationships, eating well, and getting proper sleep.
All these activities contribute to this area.

Here’s a small hack:
Whatever you do, make sure it connects to and benefits multiple areas of your life.

For example:
If the friends I meet regularly can also help me grow professionally (directly or indirectly), then every meeting also benefits other areas.
This aligns perfectly with the 80/20 Rule.

Another example:
I read books and share what I’ve learned. This allows me to gain knowledge, earn money, contribute to the community, and improve my mental and physical well-being.
So, if an activity doesn’t positively impact at least one of these four areas, I usually don’t bother doing it.

Tracking Progress
The best part is, I always track my weekly activities:
What did I do?
Who did I meet?
How much value did I create?

I use metrics to measure these, and the more I see my progress, the more motivated I feel. This way, I don’t need to search for motivation—it naturally comes from the joy of working consistently.

The System I Use
I follow the 12 Week Year Planner system.

I’ve even summarized the book and sold a Notion Template based on it.
The book’s logic is something I’ve applied in real life.

So, after reading a book, I always ask myself:
What key points can I apply?
What strategies can I develop?

What about you?

Leave a Reply