
ဘာလို့လေ့လာသင့်လဲ?
သမိုင်း – လူ့အဖွဲ့အစည်းတွေ ဘယ်လိုပြောင်းလဲခဲ့လဲ၊ ဘာကြောင့်ပြောင်းလဲခဲ့လဲ သိချင်လို့။ဒါမှ ဒီနေ့ မြင်နေရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို နားလည်လဲပြီး အနာဂတ်ကို ကြိုတွေးနိုင်အောင်လို့။
ပထဝီ – လူတွေရဲ့ နေထိုင်မှုပုံစံ၊ စီးပွားရေးပုံစံတွေဟာ နေရာဒေသပေါ် မူတည်ပြီး ဘယ်လိုကွဲပြားသွားလဲ သိချင်လို့။ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်က လူ့ယဉ်ကျေးမှုကို ဘယ်လို
ပုံဖော်သွားလဲ နားလည်ချင်လို့။ အခွင့်အလမ်းတွေကို ကြိုမြင်စေလို့။
ဥပဒေ – လူ့အဖွဲ့အစည်းထဲက Power Dynamic တွေကို သိချင်လို့။ ကိုယ့်ဟာကို ကာကွယ်နိုင်ဖို့။ လူ့အဖွဲ့အစည်းထဲက အာဏာတွေ၊ အကျိုးစီးပွားတွေ ဘယ်လိုလည်ပတ်နေလဲ သိစေလို့။
သင်္ချာ – ရိုးရိုး တွက်ချက်မှုထက်ပိုပါတယ်။ ဒါက Pattern တွေကို မြင်တတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းဖြစ်လို့။
မိခင်ဘာသာစကား – စကားလုံးတွေရဲ့ အဓိပ္ပါယ်နက်နဲမှုကို နားလည်ချင်လို့။ ဘာသာစကားက လူတွေရဲ့ အတွေးအခေါ်ကို ဘယ်လိုပုံဖော်သွားလဲ လေ့လာချင်လို့။ Soft Skill လည်းဖြစ်တယ်လေ။
အင်္ဂလိပ်စာ – ကမ္ဘာကြီးကို မတူတဲ့ရှုထောင့်ကနေ မြင်ချင်လို့။ နောက် ကမ္ဘာတခြမ်းက
လူတွေရဲ့ အတွေးအခေါ်တွေကို နားလည်ချင်လို့၊ သင်ယူချင်လို့။ သင်ယူစရာ အချက်အလက် အသစ်တွေ ကို ခေတ်နဲ့ အညီ နားလည်လေ့လာချင်လို့။
ဘာသာရေး – လူသားတွေရဲ့ အကြီးမားဆုံး မေးခွန်းတွေကို ဘယ်လိုဖြေရှင်းကြလဲ သိချင်လို့။ ယုံကြည်မှုစနစ်တွေက လူ့အဖွဲ့အစည်းကို ဘယ်လိုပုံဖော်သွားလဲ လေ့လာချင်လို့။
စာဖတ်ခြင်း – တခြားသူတွေရဲ့ အတွေးအမြင်တွေကနေ ကိုယ့်အတွေးအမြင်ကို ချဲ့ထွင်ချင်လို့။ လူ့သဘာဝကို ပိုနက်နက်နဲနဲ နားလည်ချင်လို့။
___________
Why Should We Learn?
🔹 History – To understand societal changes, uncover the roots of present issues, and anticipate the future.
🔹 Geography – To see how location shapes lifestyles, economies, and cultures, helping us identify opportunities.
🔹 Law – To grasp power dynamics, protect our rights, and understand how authority and interests operate.
🔹 Mathematics – Beyond calculations, it sharpens pattern recognition and logical thinking.
🔹 Native Language – To appreciate the depth of words and how language shapes thought—an essential soft skill.
🔹 English – To gain global perspectives, understand diverse ideas, and stay updated with new knowledge.
🔹 Religion – To explore life’s biggest questions and how belief systems shape societies.
🔹 Reading – To expand our thinking, learn from others’ perspectives, and deepen our understanding of human nature.
#LifelongLearning #KnowledgeIsPower #StayCurious
#GrowthMindset #Suphonemovlog #CuriousInsighter
