ဘာလို့ Social Media မှာ Sharing လုပ်နေတာလဲ။ရည်ရွယ်ချက် ၂ ခု ကြောင့်ပါ။၁။ Social Media ဆိုတာ ဆု အတွက်က Digital Classroom ပါ။ သင်သမျှ အိမ်စာလာလုပ်တာပါပဲ။ ပြန်လည်းသင်ပြ ၊ မျှဝေခြင်းက အကောင်းဆုံး သင်ယူခြင်းပါပဲ။၂။ ဆု မှာ ရှိတဲ့ အတွေ့အကြုံ၊ ဖတ်တဲ့စာအုပ် ၊ စီးပွားရေးအမြင် ၊ စတဲ့ အရာ တွေကို မြန်မာ Community က သင်ယူချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသိယူနိုင်သေးတဲ့သူတွေကို အလွယ်တကူ ပြန်လည် မျှဝေခြင်းဖြင့် သင်ကြားခြင်းကို လုပ်ပေးလိုတာကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် ဒီ Content တွေ တင်သမျှ က ဆု အတွက် Content တခုထပ်ပိုပါတယ်။ ဆု ရဲ့ သင်ယူသမျှနယ်ပယ်တွေ ရဲ့ နေရာ မျိုးစုံမှာ ပါဝင်စေလိုပြီးတော့ အတူတူ အရွေ့တခုကို ဖန်တီးချင်လို့ဖြစ်ပါတယ်။
နောက်ပိုင်း TikTok / Instagram မှာ နေ့စဉ် စာအုပ်တွေက ရတဲ့ အတွေးတွေကို ၂ရက်စောပြီး တင်ပေးမှာဖြစ်လို့ နေ့စဉ် Quotes တွေဖတ်ချင်ရင် Comment က Link တွေမှာ Follow / like လုပ်ထာပေးပါနော်။
