
မချမ်းသာခင် ဒီမေးခွန်းတွေဖြေ။
ဘာလို့ချမ်းသာချင်တာလဲ။
ဘာလုပ်ပြီးချမ်းသာချင်တာလဲ။
ဘယ်သူတွေ နဲ့ ချမ်းသာရင် ရှိချင်တာလဲ။
ဒီမေးခွန်းတွေကိုယ့်ဟာကိုမေးဖူးလား။
ရိုးရိုးလေးနဲ့ တကယ်လိုအပ်တဲ့ မေးခွန်းတွေပဲ။
ဘာလို့ချမ်းသာချင်တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို တိတိကျကျ အဖြေမရှိတဲ့သူတွေက
ဥစ္စာစောင့်တွေလို ချမ်းသာနေကြရတယ်။
ဘယ်လိုချမ်းသာချင်တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မသိတဲ့သူတွေက
ဘယ်လိုနည်းနဲ့မဆို ချမ်းသာရင်ပြီးရော ဆိုတဲ့ လုပ်ရပ်တွေ လုပ်လာကြတယ်။
ဘယ်သူတွေနဲ့ ချမ်းသာရင် ရှိချင်တာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိတဲ့သူတွေက
အမာခံ စစ်မှန်တဲ့ သူတွေ ချမ်းသာရင် ရှားလာကြတယ်။
ဒါကြောင့် ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။
ဆု အတွက်အဖြေကတော့..
ဘာလို့ချမ်းသာချင်တာလဲ။
– လွတ်လပ်မှုကို နှစ်သက်လို့
– ပေးကမ်းနိုင်တဲ့ လက်တစုံဖြစ်ချင်လို့
ဘာလုပ်ပြီးချမ်းသာချင်တာလဲ။
– ငွေပေးသူလည်းအကျိုးရှိ၊
– ငွေရသူကိုယ်လည်း စိတ်ချမ်းသာ၊
– လက်ရှိရော ၊ အနာဂတ်မှာ ပါ ခြေရာကောင်းကျန်စေတဲ့ ထုတ်ကုန်နဲ့ ချမ်းသာချင်တယ်။
ဘယ်သူတွေနဲ့ ချမ်းသာရင် ရှိချင်တာလဲ။
– မိသားစု
– Energy နဲ့ Vision တူတဲ့ မိတ်ဆွေရပ်ဝန်း
– အခြေအနေအရပ်ရပ်တိုင်းမှာ ယုံကြည်ပေးနေခဲ့တဲ့ Team members တွေ
___________
Before becoming wealthy, answer these questions:
– Why do you want to be wealthy?
– How do you want to achieve wealth?
– Who do you want to share your wealth with?
Have you ever asked yourself these questions?
These are simple but essential ones.
Those who can’t clearly answer *why they want to be wealthy* often end up becoming mere custodians of riches, without direction or fulfillment.
Those who can’t answer *how they want to achieve wealth* often resort to “any means necessary” approaches that lack purpose or ethics.
Those who can’t answer *who they want to share their wealth with* often find true, loyal people becoming scarce in their lives.
So take time to reflect and answer these.
My answers are below
Why do you want to be wealthy?
For freedom.
To give and make an impact.
How do you want to achieve wealth?
By creating value for others.
Through ethical, lasting contributions.
Who do you want to share your wealth with?
My family.
Like-minded, supportive friends.
Loyal team members.
Wealth with purpose is true wealth. 🌟
#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur
