Skip to main content

Su Phone Mo

လူဆိုတာက အနှုတ်လက္ခဏနဲ့ negative emotions ကို အဓိက သတိထား မိတာ သဘာဝပဲ။
ဒါတွေ ကို သတိထားမိတာနဲ့ အတူ ဒီနေ့ ဒီစာလေးမြင်လိုက်ချိန်မှာ ကိုယ့်အတိတ်မှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေ လုပ်ခဲ့တာတွေလည်း ရှိနေတယ်ဆို သတိရလိုက်ပါ။ အမှန်နဲ့ အမှား ယှဉ်တွဲကြေးဆို အမှန်က ပိုများနေမှာ သေချာတယ်လို့ အာမခံရဲတယ်။

ဘာလို့လဲ သိလား။ အမှားချည်းပဲ တသက်လုံး လုပ်နေတဲ့သူက လုပ်ရပ်တွေကို အမှားလို့မမြင်တော့သလို နောင်တလည်း လုံးဝ မရကြတဲ့သူတွေချည်းပဲမလို့။ တချို့ဆို ဂုဏ်ယူစွာနဲ့ ကို ဒီလိုလမ်းကိုရွေးနေကြတာ။

နောင်တရနေသေးတယ်။ မှားနေပါလားလို့ ကိုယ့်ဟာကို စိတ်ပူနေသေးတယ်ဆို ကိုယ့်ဟာကို စိုးရိမ်ပြီး ချစ်တတ်တဲ့ စိတ်ရှိတဲ့သူဖြစ်တဲ့အတွက် ဘဝရဲ့ ဆုံးဖြတ်ချက်တော်တော်များများမှာလည်း ကိုယ်သတိတောင်မပြုမိတဲ့ အမှန်တွေ ရှိနေကြမှာပါ။ဘာတွေက ကိုယ်ရဲ့ အမှန်တရား တွေ ဖြစ်နေမလဲ???

It’s natural for people to pay more attention on negative emotions and criticism. While being aware of these, when I saw this message today, I was reminded that in my past, I had also made correct decisions and taken the right actions. I can confidently say that when comparing right and wrong, the right definitely outweighs the wrong.

Do you know why? Because those who make mistakes throughout their lives often fail to see their actions as errors and never experience regret. Some even choose such a path with pride.

If you are still feeling regret or questioning whether you are making mistakes, it shows that you are someone who cares enough to be concerned and loves yourself enough to reflect. It means that, in many of life’s decisions, there are truths you might not even be aware of.
What could your truths be?

#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur

Leave a Reply