Lens အမျိုးမျိုးနဲ့ကြည့်တတ်ဖို့လိုတယ်။
Role တစ်ခုတည်းကမလုံလောက်ဘူး။
Online မှာသင်တန်းတစ်ခုတက်တယ်။
သင်တာပဲရလိုက်တယ်ဆိုအဲတာအရှုံးပဲ။
သင်ပြနေတဲ့သူရဲ့ Meta-cognition က ဘယ်လိုရှိလဲ။
ဘယ်လို Mental Framework တွေကို သုံးပြီး အိုင်ဒီယာတွေကို ချိတ်ဆက်နေလဲ။
ဒီပွဲကို နောက်ကွယ်ကနေ လူဘယ်နှယောက်နဲ့ စီစဉ်နေလဲ။
သူတို့ရဲ့ Workflow နဲ့ Execution System က ဘာဖြစ်မလဲ။
တက်ရောက်လာတဲ့ လူဦးရေ ဘယ်လောက်ရှိလဲ။
သူတို့ ဘာကြောင့် စိတ်ဝင်စားကြလဲ။
မေးခွန်းမေးတဲ့သူတွေရဲ့ မေးခွန်းနောက်ကွယ်မှာ
ဘယ်လို Philosophy နဲ့ အတွေ့အကြုံမျိုး ရှိနေမလဲ။
ဘာကြောင့် ဒီမေးခွန်းကို ရွေးမေးတာလဲ။
သူတို့ရဲ့ Marketing Strategy က ဘာလဲ။
Content ကနေတစ်ဆင့် Sale ပြောင်းလဲအောင် ဘယ်လို Leverage လုပ်နေလဲ။
မြင်ရတဲ့ အချက်အလက်တစ်ခုတည်းကို မကြည့်ဘဲ
မမြင်ရတဲ့ စနစ်တစ်ခုလုံးကိုပါ Lens မျိုးစုံနဲ့ ခွဲခြမ်းစိတ်ဖြာတတ်ဖို့
ပညာ ဆိုတဲ့ Lens လိုလာပြီ။
ပညာဆိုတဲ့ Lens က မြင်ရတဲ့ Objective Data တွေကိုပဲ
စုဆောင်းတာမျိုး မဟုတ်ပါဘူး။
အပေါ်ယံ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့
Patterns တွေ၊ Systems တွေနဲ့ Human Dynamics တွေကို
ချိတ်ဆက်ဖတ်ရှုတတ်တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
အရာရာကို ဒီလိုမျိုး Lens မျိုးစုံ (Multi-perspective Approach) နဲ့ ကြည့်တတ်လာတဲ့အခါ
သင်ယူမှုဟာ စာအုပ်ထဲ ဒါမှမဟုတ် Screen ထဲမှာတင်
မရပ်တန့်တော့ဘဲ နေ့စဉ်ဘဝရဲ့ ဖြစ်ပျက်သမျှ
အရာတိုင်းဆီကနေ အရှိန်အဟုန်နဲ့ သင်ယူနိုင်လာလိမ့်မယ်။
ဒါကြောင့် သင်ယူမှုမြန်ဆန်အားကောင်းဖို့ဆို
Lens အမျိုးမျိုးနဲ့ကြည့်တတ်ဖို့လိုတယ်။