ကိုယ်က Solution တစ်ခုပေးရင်
“Yes, But” ဆိုပြီး ငြင်းဖို့ အသင့်ရှိနေတတ်တယ်။
နောက်ထပ် Idea တစ်ခုပေးရင်လည်း
မရနိုင်တဲ့အကြောင်းပြချက်က ရှိနေပြန်ရော။
(ဆွေးနွေးချက်ကို rejection မလုပ်ရဘူးမဆိုလိုပါ။
ဆွေးနွေးချက်ကို နားထောင်ဖို့ထပ် ငြင်းဖို့ negative bias နဲ့ အမြင်ကိုပိတ်လိုက်တဲ့ conversation မျိုးကိုဆိုလိုတယ်။)
Logically ၁၀၀ ရာခိုင်နှုန်း သေချာမှလုပ်မယ်ဆိုရင်
အမြဲနောက်ကျနေလိမ့်မယ်။
ဒါကို Eric Berne က “Yes, But” Game လို့ ခေါ်ခဲ့တယ်။
Transactional Analysis အရ
Game ဆိုတာ အတွင်းထဲမှာ Hidden agenda ရှိနေတတ်တယ်။
ဒီ Game ရဲ့ ရည်ရွယ်ချက်က
Solution မဟုတ်ဘဲ အဖြေမရှိဘူးဆိုတာ သက်သေတည်ချင်စိတ် နဲ့ ထိန်းချုပ်ခြင်းစိတ် ပဲ။
ဦးနှောက်က ကိုယ့် Problem ကို
ဘယ်သူမှ မဖြေရှင်းနိုင်ဘူးဆိုတာမျိုး သက်သေပြချင်နေတယ်။
ဒါမှလည်း ကိုယ့် Situation က တကယ်ဆိုးနေတယ်လို့
Justify လုပ်လို့ရမှာ ဖြစ်တယ်။
အဲတော့မှလည်း အခုပုံစံလေးအတိုင်းပဲ
ဘာမှမပြောင်းလဲဘဲ ဒီအတိုင်း နေတာ မှန်တယ်လို့
သူတို့ကို သူတို့ လိမ်နေလို့ရမှာဖြစ်တယ်။
ဆုတို့ကိုယ်တိုင် ဒီ Game ကစားနေလားဆိုတာ
သေချာပြန်စစ်ကြည့်ဖို့ လိုတယ်။
– တူညီတဲ့ Problem ကို လူ ၃ ယောက်ထက်ပိုပြီး ပြောပြဖူးသလား။
– Solution ကြားတိုင်း “ဒါပေမဲ့” နဲ့ စတာ ၂ ခါထက်ပိုနေပြီလား။
– ပြောပြီးရင် စိတ်ထဲ ပိုကောင်းမလာဘဲ ပိုဆိုးသွားတတ်သလား။
ပိုဆိုးသွားတယ်ဆိုရင်တော့ Solution ရှာတာမဟုတ်ဘဲ
Sympathy ရှာနေတာပဲ ဖြစ်မယ်။
ကိုယ်တိုင် ကစားနေမိရင်တော့
Solution လိုချင်တာလား၊
ဆင်ခြေရှာနေတာလားဆိုတာ ပြန်စဉ်းစားသင့်ပြီ။