အများစုကတော့ မရှိသလောက်ပါပဲ။
အလိုအလျောက် ဖြစ်သွားတဲ့ Default တွေပဲ ရှိတယ်။
Kahneman ပြောသလို လူတွေရဲ့ ဆုံးဖြတ်ချက် အများစုဟာ
ရွေးချယ်တာ မဟုတ်ဘဲ Pattern အတိုင်း ဖြစ်သွားတာမျိုးပါ။
ဦးနှောက်က အရေးကြီးတာထက်
အလောတကြီး ဖြစ်နေတာကိုပဲ အာရုံစိုက်တတ်တယ်။
ဒါကြောင့် လိုအပ်တဲ့ အချက်ပြ Signal တွေကို မမြင်မိတော့ဘူး။
ဒါကို ပြန်ထိန်းဖို့ တစ်ပတ်တစ်ကြိမ် (၁၅) မိနစ် အချိန်ပေးပြီး
ဒီမေးခွန်းတွေ မေးကြည့်ပါ။
- ဒီအပတ်မှာ ကိုယ်တိုင် သတိရှိရှိ ဆုံးဖြတ်ခဲ့တာ ဘာရှိလဲ။
- (၃) လကြာရင် ဘဝကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်က ဘာလဲ။
- အမြဲတမ်း ဖြစ်နေကျ ပုံစံခွက်တစ်ခုကို ဒီအပတ်မှာ ဖောက်ထွက်နိုင်ခဲ့လား။
ဒီအပတ်အတွက် Signal တစ်ခုမှ မပြောနိုင်ရင်တော့ ကိုယ်က Noise တွေကိုပဲ စီမံခန့်ခွဲရင်း အချိန်ကုန်နေခဲ့တာလည်း ဖြစ်နေနိုင်တယ်။