တော်တော်များများက ပထမအဆင့်မှာတင် လည်နေတတ်တယ်။
—
ပထမအဆင့် — Diversive Curiosity
အသစ်အဆန်းတွေ မြင်ချင်တယ်။
ထူးဆန်းတာတွေ့ရင် click လုပ်မယ်။
Scroll ဆင်းမယ်။ Video ကြည့်မယ်။ Tab တွေ အများကြီး ဖွင့်ထားမယ်။
ဒါပေမဲ့ နက်နက်နဲနဲ မရှိဘူး။
တစ်ခုကို အဆုံးထိမသွားဘဲ နောက်တစ်ခုကို ချက်ချင်းကူးတယ်။
ဒါက curiosity လားဆိုရင် — ဟုတ်တော့ ဟုတ်တယ်။
ဒါပေမဲ့ surface level ပဲ ရှိသေးတယ်။
—
ဒုတိယအဆင့် — Epistemic Curiosity
မသိတာကို တကယ် သိချင်လာတာ။
Answer ကို ချက်ချင်းမရလည်း အလွယ်တကူ လက်မလျှော့ဘူး။
Question ကို သေချာ ကိုင်ထားနိုင်တယ်။
ဒီ level ရောက်မှ တကယ် learn လုပ်တာ စတယ်လို့ ပြောလို့ရတယ်။
ဒီ level ရောက်မှ တစ်ခုခုမှာ deep ဖြစ်လာတာ။
—
တတိယအဆင့် — Empathic Curiosity
လူတစ်ယောက်ကို ကြည့်တဲ့အခါ —
“သူ ဘာကြောင့် ဒါကို လုပ်တာလဲ” ဆိုတာကို တကယ် သိချင်တာ။
Judge လုပ်ဖို့ မဟုတ်ဘဲ သူ့ဘက်ကနေ နားလည်ဖို့ ကြိုးစားတာ။
ဒီ level ရောက်တဲ့သူက relationship ကောင်းတယ်။
လူတွေအကြောင်းကို တကယ် နားလည်လာတယ်။
—
ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ဖို့က ပိုရိုးရှင်းလာတယ်။
Content တစ်ခု ကြည့်ပြီးသွားရင်
“ဘာ သိသွားလဲ” လို့ ပြန်မေးကြည့်။
လူတစ်ယောက်နဲ့ စကားပြောပြီးရင်
“သူ့အကြောင်း ဘာ နက်နက်ရှိုင်းရှိုင်း ဘာသိသွားလဲ” လို့ ပြန်မေးကြည့်။
တကယ်လို့ ဖြေစရာမရှိရင် —
ပထမအဆင့်မှာပဲ ရှိနေနိုင်သေးတယ်။
—
Curious ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာထက် —
ဘယ် direction ကို curious ဖြစ်နေတာလဲဆိုတာက ပိုပြီး ကိစ္စရှိတယ်။
#SuPhoneMo #CURI